#Unicode
အိပ်ခန်းထဲဝင်လိုက်သည်နှင့် သူ့ရင်တွေကတလှပ်လှပ် ။ ခမ်းနားသောအိပ်ခန်းကြီးထဲမှ နှစ်ယောက်အိပ်ကုတင်ကြီးကသူ့ကိုလှောင်ပြောင်နေသလို ။ ဒီအိမ်ကြီးကို မမနဲ့လက်ထပ်ပြီးရင်နေဖို့ဆိုပြီး CEO Jeon က နာမည်ကြီးဗိသုကာပညာရှင်နဲ့သေချာအပ်ကာအသေးစိတ်အနုစိတ်ကာ သေချာဆောက်လုပ်ခဲ့သည်ဟုကြားသည် ။သတို့သမီး အတွက်အစစအရာရာ လိုလေသေးမရှိအောင် စီစဉ်ပေးခဲ့သောသူ .... တကယ်လို့ သူသာအလိမ်အညာသာဆိုတာကို CEO Jeon သိသွားခဲ့လျင် ။ မွန်းကြပ်လာသောခံစားချက်နှင့်အတူ ပါးပြင်ထက်မျက်ရည်များစီးကျလာခဲ့တယ် ။ မွေ့ယာဖြူဖြူထက် ကိုအသာအယာထိုင်မိစဉ် ဒီညကိုဘယ်လိုဖြတ်သန်းရမလဲဆိုသောအတွေးကြီးက ရင်ဝကိုမီးစနဲ့ထိုးသလို မြေ့မြေ့ပူလောင်လို့ ။
Bachelor night မလို့ ခြံကြီးထဲမှာ သောက်ကြစားကြပျော်ကြပါးကြနဲ့ CEO Jeon ကအခုထိအိမ်ထဲတော့ဝင်မလာသေးပေ ။ သူ့ကိုခေါင်းကိုက်တယ်ဟုအကြောင်းပြပြီး အားလုံးကိုသေချာနှုတ်ဆက်ပြီးမှအိမ်ပေါ်သို့တက်လာခဲ့လိုက်သည် ။ အမှန်က ထိုနားမှာဆက်နေဖို့ခွန်အားတွေသူ့မှာမရှိတော့လို့ဖြစ်သည် ။
ငွေမှင်ရောင် ဂါဝန်ရှည်လေးက သူ့ခန္ဓာကိုယ်မှာလှချင်တိုင်းလှနေပြန်တယ် ။ ကိုယ်လုံးပေါ်မှန်ကြီးထဲမှာမြင်နေရတဲ့ ကိုယ့်ပုံစံကို ကိုယ်ကြည့်ကာ မုန်းချင်လာခဲ့တယ် ။ Kim Tae Hyung မင်းကတကိုယ်လုံးအလိမ်အညာတွေချည်းဘဲ ။ မင်းကသိပ်ရွံဖို့ကောင်းတဲ့ကောင်ဘဲကွာ ....."ဟင့် ...."
နာနာကျင်ကျင်နဲ့ငိုနေမိစဉ် ချောက်ခနဲတံခါးဖွင့်သံကြောင့်လူကဆတ်ခနဲ ။ ပါးပြင်ပေါ်ကမျက်ရည်တွေကိုပါတခါတည်း သုတ်ပြီးသား ဖြစ်နေခဲ့လျက်။ သူဝင်လာပြီဆိုသောအသိက လိပ်ပြာလွင့်သွားဖို့ပင်လုံလောက်သည် ။ ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေသောလက်တွေကိုတဖက်နဲ့တဖက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိပြန်တယ် ။
အခန်းထဲဝင်လာတဲ့ သူက အနက်ရောင် suit အပြည့်နဲ့ သန့်သန့်ရှင်းရှင်း ခန့်ခန့်ညားညား။ အရက်သောက်ထားသော သူ့ဆီမှတချက်တချက်ရတဲ့အရက်နံ့တို့က လူကိုပိုလို့ပင်ကြောက်လန့်စေသလို ။ တည်ငြိမ်သောအသွင်အပြင် နဲ့သူ့ကိုကြည့်နေတဲ့အကြည့်တွေကြောင့် ထိုနားမှာပင်အငွေ့ပျံကာပျောက်သွားချင်လာမိသည် ။
![](https://img.wattpad.com/cover/208182820-288-k772245.jpg)