#Unicode
မိုးနံ့သင်းသင်း ကို ရလိုက်သည့်အခါ Tae Hyung ကောင်းကင်ပေါ်သို့ မော့ကြည့်မိသည်။ မဲတက်လာသော တိမ်စိုင်သည် မကြာခင် ရွာချလာတော့မည့် မိုးရဲ့ ရှေ့ပြေးနိမိတ်။ တချို့ အရာတွေက ကြိုမြင်ရပေမယ့် တချို့သော အန္တရာယ် တို့သည် မိမိအနားမှာ ရှိတာကိုပင် မသိနိုင်သော အခြေနေများဖြစ်နေတတ်သည်။ရက်ဆက် ဝင်နေသောစာတွေကို ဖတ်ရင်း တနေ့ထက်တနေ့ တိုးလာတဲ့ စိုးရိမ်စိတ်တွေ ကမငြိမ်းနိုင်။ Jeon ရဲ့ company ကိုရောက်တိုင်း Seo Yoon ဆိုတဲ့ သူမကိုတွေ့နေကြ။ တွေ့တိုင်းလည်း မထီမဲ့မြင် ပုံစံသည် အသဲယားစရာကောင်းလွန်းသည်။ ထိပ်တိုက်မေးချလိုက်ချင်ပေမယ့် မဟုတ်မှာလည်းစိုးသေးတယ်။ မတော် မဟုတ်ဖူးဆိုရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်ဦးမည်။
~ ဟူးးးး ~
သက်ပြင်းရှည်ကြီးက ရင်ထဲကမွန်းကြပ်မှုကိုပါ သယ်သွားဟန်မတူ။ ရင်ဝမှာ တစ်ဆို့ဆို့ကြီးဖြစ်နေသည်။ အေးစက်စက် မိုးပေါက်တွေ သူ့ခန္ဓာကိုယ်ကို လာထိတွေ့ချိန်ထိအိမ်ထဲကိုမဝင်ဖြစ်သေး။
မိုးစက်တွေက အပူတွေ ကိုမငြိမ်းနိုင်ပေမယ့် အနည်းငယ်တော့သက်သာရာ ရသွားသလို ခံစားရတာမလို့ ထိုအတိုင်းပင်ဆက်ထိုင်နေဖြစ်သည်။
ခြံဝင်းထဲဝင်လာတဲ့ Jung Kook ရဲ့ကားကို တွေ့မှ Tae Hyung မှာ ထိုင်ရာမှ အသဲသန်ကုန်းထသည်။ ဒီအချိန်ပြေး ဝင်လို့လည်းမမှီတော့ ရေတွေကစိုနေပြီလေ။
" ဘာလို့မိုးစိုခံနေတာလဲ ဖျားတော့မှာဘဲ အိမ်ထဲဝင်နေလေ "
အဖိုးကြီးလိုမျိုး Jung Kook ကပွစိပွစိဆူတော့ Tae Hyung ကသွားလေးတွေချဲကာရယ်ပြရင်း
" Jeon ကိုစောင့်နေတာ "
" စောင့်တာအိမ်ထဲကနေစောင့်နေလေကွာ "
အမှန်တော့ ကျွန်တော် မွန်းကြပ်လို့ပါ Jeon။ ကျွန်တော် ခင်ဗျားနဲ့ ဝေးရမှာကိုကြောက်တယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားနားမှာ နေရင် ခင်ဗျားအတွက်ကောင်းစရာတွေမရှိဘူးမဟုတ်လား။
" မိုးရွာနေတာကို သဘောကျလို့ "
" ကလေးလည်းမဟုတ်ဘဲနဲ့ "