#Unicode
" Kim Tae Hyung "
အိမ်ရောက်ရောက်ချင်း ရေချိုးဖို့လုပ်နေတုန်း ဆောင့်ခနဲအော်လိုက်သံကြီးကြောင့် ရင်ထဲထိတ်ခနဲ။ ပြန်လာတည်းက ကားပေါ်မှာလည်းစကားတခွန်းမှမပြော ခုလည်းဘာဖြစ်ပြန်ပြီလည်းမသိ။
" ဘာလဲဟင် Jeon "
" ဘာကိုဘာလဲဟင်လဲ မင်းခုနကစင်ပေါ်ဘာတက်လုပ်ခဲ့တာလဲ "
" သီချင်းဆိုခဲ့တာလေ "
" ဟေ့ကောင် မင်းငါ့ကိုလာပြောင်နေတာလား အဲ့အပေါ်တက်ဆိုဖို့မင်းကိုဘယ်သူခိုင်းတာလဲလို့ငါမေးနေတာ"
" ဘာဖြစ်လို့စိတ်တွေတိုနေတာလဲ Jeon ရယ်။ ကလေးလေးတစ်ယောက်တည်းထိုင်နေတာသနားလို့သွားကစားပေးတာ အဒါဆော့ရင်းရှုံးလို့ အဲ့ပေါ်သီချင်းတက်ဆိုပေးရတာလေ "
" မင်းကွာ "
" အဒါစိတ်တိုစရာမှမဟုတ်တာကို "
" ဘာ .... မင်းလုပ်ရပ်ဘယ်လောက်ရှက်ဖို့ကောင်းလဲသိလား။ ထားပါသီချင်းက မင်းကလိုက်တဲ့ပုံစံကြီး ။ မင်းကိုငါ့မိန်းမမှန်းအဲ့ပွဲလာတဲ့လူအကုန်သိတယ်ကွ"
ထိုစကားတခွန်းမှာ ရင်ထဲဆစ်ခနဲ ကျင်ခနဲ။ ဒီလောက်လေးကို Jeon ကရှက်သည်တဲ့။ အဖြစ်မှန်တွေပေါ်လာတဲ့တနေ့ကျရင်ကော။အဲ့နေ့တွေရောက်လာမှာကိုကျွန်တော်သိပ်ကြောက်တယ် Jeon။ ကျွန်တော့်အတွက်မဟုတ်ဖူး Jeon အရှက်ရမှာကျွန်တော်သိပ်ကြောက်တာ။
" အင်းပါ နောက်မဖြစ်စေရဘူးနော် ကျွန်တော်ကတိပေးတယ် ။ ကျွန်တော် ပင်ပန်းနေပြီရေချိုးတော့မယ်နော်"
" အေးမင်းစကားမင်းတည် "
" ဟုတ်စိတ်ချနော် "
မီးရောင်အောက်မှာဝေ့တက်လာတဲ့မျက်ရည်လေးတွေကလက်ခနဲ။ ဒေါသတွေထွက်နေသည်။ဒါပေမယ့်ဒီမျက်ရည်တွေကိုမြင်ရသည့်အခါတိုင်း သူ့ရင်တွေဘာလို့ပူလောင်လာခဲ့သည်လည်း။ အဖြေရှာမရသည့်အခါတိုင်းမွန်းကြပ်မှုတို့သာပိုလို့တိုးလာခဲ့ရသည်သာပင်။
≣ My Little Bridegroom ≣
ဒီနေ့ကပိတ်ရက် Jeon ကတနေကုန်အိမ်မှာရှိနေမှာမလို့ စောစောထကာ ဈေးဝယ်ရန်ထွက်လာခဲ့မိသည်။ ဖွင့်ရက်တွေဆို company မှာဘဲစားပေမယ့် ပိတ်ရက်ဆိုအပြင်ထွက်လေ့မရှိတဲ့ Jeon ကအိမ်မှာဘဲစားနေကြ။ မနေ့ညကအဆူလည်းခံထားရတာကြောင့် ဒီနေ့ဟင်းကောင်းကောင်းလေးချက်ပေးဖို့လိုသည်။မဟုတ်ရင် ပါးစိပါးစပ် ကိုးလို့ကန့်လန့်ကြီးက အော်ဟောက်ဦးမည်ပင်။