Unicode
ရေချိုး အဝတ်အစားလဲပြီးတဲ့အထိ Jeon ကကုတင်ပေါ်မှာဘေးတစောင်းလှဲနေတုန်းဘဲ။ နေ့ခင်းတည်းကစိတ်ဆိုးပြီး လှဲနေသည်မှာထိုအတိုင်း။ ရေလည်းထမချိုး စကားပြောလည်းပြန်မပြော။ အမှန်ဆို သူခေါက် ကိုယ်ခေါက်ဘဲလေ အဲ့လောက်ထိစိတ်ဆိုးစရာမှမလိုတာကို။ ဒါပေမယ့်လည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ချော့ပေဦးပေါ့ Kim Tae Hyung ရေ။
" Jeon "
ကုတင်ပေါ်တက်ကာ လှဲနေတဲ့ဘေးဝင်ထိုင်လိုက်ရင်းအခြေအနေကိုကြည့်မိသည်။ စကားပြန်မပြောမှာသိပေမယ့် စိတ်ရှည်လက်ရှည်ချော့ရမှာက ကိုယ့်တာဝန်။
" Jeon ညနေစာစားရအောင်လေ ကျွန်တော်ဟင်း ကောင်းကောင်းလေးချက်ထားတယ်"
" ....."
ကိုယ့်ကိုကိုယ်သိတယ် နဂိုစိတ်ရှည်တတ်တဲ့အစားထဲပါတာမဟုတ်။ ဒီလူကြီးနဲ့တွေ့ပြီးနောက်ပိုင်း ကိုယ့်အပြစ်တွေကဘဲ ကိုယ့်အချိုးကိုပြောင်းလဲပေးလိုက်တာလားတော့မသိ အပိုးက အော်တိုကိုကျိုးနေခဲ့တာ။
" Jeon ထတော့လို့ စိတ်မဆိုးပါနဲ့တော့နော် ကျွန်တော် တောင်းပန်ပါတယ် "
ကြွက်သားများနဲ့ကျစ်လစ်နေတဲ့လက်မောင်းကြီးကိုမရဲတရဲဆုပ်ကိုင်ကာ လှုပ်လျက်ပြောမိသည်။ ဒါလည်းတုန့်ပြန်မှုလေးတစိုးတစိမှမရ။
" ကျွန်တော် မှားပါတယ်။ ပြန်စဉ်းစားကြည့်ရင် Jeon လည်းမှားတာဘဲလေ။ အဲ .... ။ ကျွန်တော် ကပိုမှားပါတယ် ဘယ်လောက်ဘဲဂျွန်ကလုပ်လုပ် ကျွန်တော် ကပြန်မလုပ်သင့်ဘူးလေနော်။ အဒါမလို့အခုဒေါသပြေတော့နော်။နောက် Jeon ကိုစိတ်တိုအောင်မလုပ်တော့ပါဘူး "
" ငါ့အသားကိုမထိနဲ့ "
မာဆတ်ဆတ်လေသံကြီးထွက်ပေါ်လာပေမယ့် သူပျော်တယ်။ ဒါတနေကုန်မှ ပြန်ပြောတဲ့စကား။ အခုမှအားတွေပိုရှိလာသလိုခံစားရပြီး လူကမြောက်ကြွမြောက်ကြွဖြစ်လာခဲ့သည်။
" ဟာ စကားပြန်ပြောပြီ ဟီး ပျော်လိုက်တာ "
" အခန်းထဲကနေထွက်သွား "
" Jeon ပါမှထွက်မှာ "
" ငါစကား ၂ ခါမပြောဘူးနော် Kim Tae Hyung "