#Unicode
"အမလေး လုပ်ကြပါအုန်း အီးဟီးဟီး ""အမိုက်မ .... တောက် ..... ဟာကွာ "
ဝုန်း ..... ခလွမ်း .......
"တော် တော်ပါတော့ ဖေဖေ ရယ် "
တအိမ်လုံးပြောင်းဆန်နေသည်ကိုကြည့်ပြီးသူပါစိတ်ဓာတ်တွေကျလာခဲ့သည် ။ မေမေ ဆိုငိုနေသည်မှာတတ်မတတ်ချက်မတတ်။ မမသိပ်ရက်စက်သည်ဟုလည်း သူအပြစ်မတင်ရက်ပါ ။ သူ့ဘက်ကကြည့်ရင်လည်းတဘဝလုံးစာလက်တွဲရမည့်ကိစ္စပေကိုး ။ ဒါပေမယ့် အခုပြသနာကို မေမေ တို့မည်သို့မည်ပုံရှင်းကြတော့မည်နည်း ။
"မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တဲ့ကောင်မ ..... နင့်ကိုဒီနေ့ကစပြီးအမွေ ဖြတ်ပြီသာမှတ် "
"အမယ်လေးအဖေကြီးရယ် ကျမသမီးကိုအမွေတော့မဖြတ်ပါနဲ့ အီးဟီးဟီး "
"အေးမင်းအဲ့လိုတွေကာကွယ် အလိုလိုက်ခဲ့လို့ဒီကောင်မဒီအချိုးချိုးသွားတာ .... မင်္ဂလာပွဲ အတွက်အကုန်အသင့်ဖြစ်နေပြီ အခုမင်းရဲ့သမီးကလင်နောက်လိုက်သွားပြီကွ .... ငါ့မျက်နှာဘယ်နားသွားထားရမလဲ Jeon အိမ်တော်ကိုငါဘယ်လိုခွန်အားနဲ့ပြောရမှာလဲ "
"အီးဟီးဟီး .... "
"တောက် ..... မိဘကတော့ မြင့်စေချင်လို့မျှော်စင်ပေါ်တင်ပေးတယ် ဒင်းကဖင်လေသလပ်တယ်ဆိုပြီးခုန်ချသွားတယ် "
"အဖေကြီးရယ် .... ကျမတို့ဘယ်လိုလုပ်ကြမလဲလို့ မင်္ဂလာပွဲ က သန်ဘက်ခါ လေ.... အီးဟီးဟီး "
"မေမေ ရယ်မငိုပါနဲ့တော့ "
ငိုနေတဲ့ မေမေ့ ရဲ့ပုခုံးလေးကိုဖက်ပြီးသူနှစ်သိမ့်တော့ မေမေ့ခမျာသူ့ရင်ခွင်ထဲတိုးဝင်လို့ထပ်ငိုရှာတယ် ။ အခုအချိန် မေမေ နဲ့ ဖေဖေ ဘယ်လောက်ထိခေါင်းမီးတောက်နေမလဲဆိုတာမေးနေစရာပင်မလို ။
"Tae Hyung"
"ဗျာ .... ဖေဖေ "
ဖေဖေ ကသူ့ကိုခေါ်ပြီးဘာမှမပြောသေး ။ အတန်ကြာမျက်ရည်တွေနဲ့စိုက်ကြည့်လို့နေတယ် ။ ငယ်ငယ်တည်းကစည်းကမ်းကြီးလွန်းဆူလွန်းရိုက်လွန်းလို့ ဖေဖေ့ ကိုကြောက်စရာကြီးလို့မြင်ခဲ့ပေမယ့် အခုတော့ မျက်ရည်တွေနဲ့ ဖေဖေ့ ကိုမြင်ရတာသူ့ရင်ထဲ
မကောင်း ။ သနားလည်းသနားမိတာအမှန်ပါ ။