#Unicode
အိမ်ထဲဝင်လိုက်တာနဲ့တအိမ်လုံးတိတ်ဆိတ်နေသည်။ ခါတိုင်းပြန်လာရင် သီချင်းသံကျယ်ကျယ်လောင်လောင် မဟုတ်ရင် TV သံတခုခုကြားနေကြ။တခုခုများလုပ်စားနေမလားဆိုပြီး မီးဖိုချောင်ထဲဝင်ကြည့်တာလည်းမရှိတာကြောင့် အပေါ်ထပ်ကိုဘဲတက်လာခဲ့လိုက်တယ်။ အခန်းတံခါးဖွင့်ဝင်လိုက်တာနဲ့ ကုတင်ပေါ်မှာစောင်ခြုံကာ ဘေးတစောင်းလှဲအိပ်နေတဲ့ Kim Tae Hyung ကိုတွေ့လိုက်တယ်။ နာရီကိုကြည့်တော့ ၁၀ နာရီ ဒီအချိန်မအိပ်တတ်ပါဘူး နေမကောင်းလို့များလား။
" ဟေ့ Kim Tae Hyung "
သိမ့်ခနဲ အိကျသွားတဲ့မွေ့ယာကြောင့် မျက်စိကိုစုံပိတ်ထားလိုက်တယ်။ ခြံထဲဝင်လာတဲ့ကားမီးရောင်မြင်တည်းက TV ပိတ်ပြီး အိပ်ချင်ယောင်ဆောင်နေတာ။
" ဟေ့ အိပ်နေပြီလား "
စောင်ခြုံကွေးနေတာ တုတ်တုတ်မျှမလှုပ်။ နေမကောင်းလို့များလား ဆိုပြီးစိုးရိမ်စိတ်နဲ့ နှဖူးကိုအသာလေးစမ်းတော့လည်းအကောင်း။
" ထ ... ထ အိပ်ချင်ယောင်ဆောင်မနေနဲ့ မင်းအိပ်ရင် ဟောက်တာကမိုးချိန်းတာထက်ကျယ်တယ် "
ဘုရားရေ အဲ့လောက်တောင်လား။ အိပ်ပျော်သွားရင်ဘာဆိုဘာမှမသိ။တကယ်ဘဲသူ့ဟောက်သံအဲ့လိုကြီးလား။
စကားဆုံးတာနဲ့ စောင်ပုံထဲကနေပေစောင်းစောင်းကြည့်ပြီး ထလာတဲ့ရုပ်က ကိုယ်ကသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်။ ဒီရုပ်က အခေါက်ခံရမှဖြစ်နေကြရုပ်ပါ။
" ဘာဖြစ်နေတာလဲ မလုပ်စဖူးတွေလုပ်ပြီး "
အင်္ကျီ တွေချွတ်ရင်းမေးနေပုံက ဂရုစိုက်ပုံအလျင်းမရှိ။ တကယ်ဆို အခုလိုထူးထူးဆန်းဆန်း လုပ်နေတည်းကစိတ်ပူရမှာမဟုတ်ဖူးလား။
" ဘာမှမဖြစ်ဖူး "
" ပြော ဖြစ်နေတာကို "
အပေါ်ပိုင်း ဗလာကျင်း အောက်ပိုင်းဘောင်းဘီတိုနဲ့ Jeon ပုံကသန့်ပြန့်နေဆဲ။ ကုတင်ပေါ်ပြန်ထိုင်ကာ ထပ်မေးတော့ နဂိုဝမ်းနည်းနေတဲ့အခံက အခုမှပိုအားကောင်းလာသလို။
" ဘယ်အချိန်ရှိနေပြီလဲ ၈ နာရီပြန်လာမယ်ဆိုပြီး "
" ဟောမင်းကအဒါကိုကောက်နေတာလား အလုပ်လုပ်နေတာလို့ပြောတယ်လေ "