#Unicode
ညနေပိုင်း CEO Choi တို့နဲ့တွေ့ပြီးမှ ပြန်ရတာမလို့ အိမ်ပြန်ချိန်မှာ ၇ နာရီတောင်ထိုးတော့မယ်။ ကားကို ဂိုထောင်ထဲသွင်းပြီး အိမ်ထဲ ဝင်လာချိန် တအိမ်လုံးကတိတ်ဆိတ်နေသည်။အပေါ်ထပ်တက်လာပြီး အခန်းထဲ ဝင်တော့ အဆိုးအပေတေလေးက ကာတွန်းကား ထိုင်ကြည့်နေသည်။ အဖက်မလုပ်ဖူးဆိုတဲ့သဘော။
Jung Kook က necktie ကို ဆွဲဖြည်ကာ အိပ်ယာပေါ်တက်လာခဲ့သည်။ Tae Hyung က Tv အကြည့်မပျက်။
" ထားသွားရက်တယ်နော် "
" ...... "
" ကိုယ့်ယောက်ျားပြန်လာတာကိုအဖက်မလုပ်ဖူးဘဲ "
အနီးကပ်ကြည့်မှ မျက်ခွံလေးတွေကမို့နေသည်။ အိမ်ပြန်ရောက်ပြီး တယောက်တည်းလျောက်တွေးပြီး တော်တော်ငိုထားပုံရသည်။
" ရေသွားချိုးပါ ထမင်းပြင်ထားတယ်အောက်မှာ "
" မင်းရောစားပြီးပြီလား "
" မစားချင်လို့ ဒီညမစားတော့ဘူး "
ဒါက အစာငတ်ခံ စိတ်ကောက်ပြတဲ့သဘောလား။ အူယားပြီး ဖြစ်ညစ်ချင်ပေမယ့် စိတ်ဆိုးနေတာမလို့မလုပ်ရက်။
" ကိုယ်ကအတူတူမှစားချင်တာ နှစ်ယောက်လေးရှိတာ တည့်တည့်မတ်မတ် နေမှပေါ့ကွာ။ စိတ်မကောက်နဲ့ကွာ ပြောဖူးသားဘဲ ကိုယ်ကသိပ်မချော့တတ်ဖူးလို့ "
" ချော့စရာမလိုပါဘူး ကျွန်တော် ဘာမှလည်းမဖြစ်ဖူး "
အံကြိတ် ကာ ကာတွန်း ကားကြည့်နေပုံက ချော့မရချောက်မရတဲ့ ကလေးဆိုးကြီးလို။ ဒါနဲ့များစိတ်မဆိုးဘူးဆိုဘဲ။ Jung Kook မှာ Tae Hyung ကို ကြည့်ပြီး ရယ်ချင်နေသောစိတ် ကိုမနည်းမျိုချနေရသည်။
Jung Kook က အိပ်ယာပေါ်က ဆင်းကာ ပလက်ကြိုးကိုဆွဲဖြုတ်လိုက်သည်။ ထိုအခါ စူးစူးရဲရဲ မျက်ဝန်းလေးတွေ ကအလိုမကျစွာ သူ့ထံရောက်ရှိလာသည်။
" ဘာလုပ်တာလည်းသူများကြည့်နေတာကို ကြိုးပြန်တပ်ပေး "
" No ပါ ... ပြောရင်ထဲကအစိုင်အခဲတွေကိုချေလိုက်ရအောင် မင်းစိတ်ဆိုးနေရင် ကိုယ်လည်းရင်ထဲမကောင်းဘူး "