Part - 30

15.6K 1.6K 122
                                    

Unicode

စိမ့်ခနဲ အထိတွေ့နဲ့အတူ Tae Hyung  မျက်လုံးတွေ ပွင့်လာခဲ့သည်။ တစ်ယောက်စာ အခန်းငယ်ထဲမှာ စောင်တခြား လူတစ်ခြားနဲ့ Tae Hyung မှာ ဖြစ်ချင်တိုင်းကိုဖြစ်နေသည်။ လန်တက်နေသော အင်္ကျီ စရဲ့အောက်မှာ ဗိုက်လေးကပါအဆစ်ပေါ်နေလိုက်သေးသည်။

အိပ်ချင်မူးတူး မျက်လုံးတွေနဲ့ ဘေးဘီကိုဝေ့ကြည့်မိတော့ ညကမပိတ်လိုက်ရတဲ့ ပြတင်းပေါက်တစ်ဖက်ကို စိတ်ပေါက်ပေါက်နဲ့တွေ့လိုက်ရသည်။

ဒီကိုရောက်နေခဲ့တာ ၃ ရက်ရှိပြီ ။ မစည်ကားသော်လည်း မခေါင်ခိုက်တဲ့ ရွာလေးမှာ နေရတာတော့အဆင်ပြေသည်။

အိမ်ကထွက်လာတော့ အိမ်ကနေ ထည့်ပေးလိုက်တဲ့ အစားသောက်တွေ အလုံလောက်ထည့်ပေးလိုက်သော ပိုက်ဆံတွေကြောင့် ရောက်တည်းကနေ အခုထိ ဘာမှ ထွက်ဝယ်ဖို့တော့မလိုသေး။ မသိရင် သူ့အဖြစ်က ပျော်ပွဲစားထွက်လာတဲ့ လူလိုဘဲ။

သွားတိုက်တံနဲ့ ရေခွက်ယူပြီး အခန်းထဲက ထွက်လာတဲ့သူ့ကို အိမ်ရှေ့ ကွပ်ပျစ် မှာ ထိုင်နေတဲ့အဖွားက ငရုပ်သီး ခြွေရင်း နှုတ်ဆက်လာသည်။

" နိုးပြီလားကလေး "

" ဟုတ်အဖွား "

" နောက်တောင်ကျနေပြီ အဖွားမုန့်လုပ်ထားတယ် မျက်နှာသစ်ပြီး ရင်စားလိုက် "

" ဟုတ်ကဲ့ ကျေးဇူးပါအဖွား "

အဖွား ကို ကျေးဇူးတင်စကားဆိုပြီး မျက်နှာသစ်ရန် ရေစည်နားကိုသွားလိုက်သည်။ ကျောက်ရေစည်ထဲက ကြည်လင်နေသော ရေတွေနဲ့ မျက်နှာသစ်လိုက်တော့ တစ်ကိုယ်လုံး လန်းဆန်းသွားသလို စိတ်ခံစားမှုကိုရလိုက်သည်။

ရွာလေးမှာ သာယာတဲ့နေရာတွေ တော်တော်များများ ရှိသလို အတော်လှတဲ့ ကမ်းခြေတစ်ခုလည်း ရှိသည်ဟု အဖွားက ပြောသည်။ ဒီရွာကို ရောက်လာတဲ့ လူအများစုကလည်း ကမ်းခြေ ကိုလာလည် ကြတာများသည်။

အဖွားတို့က ဒီရွာမှာ နေတာကြာပြီ။ အသက်မွေး
ဝမ်းကျောင်းအဖြစ် စိုက်ခင်းတွေရှိသလို အခုလို အခန်းအချို့ကို လည်းစီးပွားအဖြစ် တစ်နိုင်တစ်ပိုင် ငှားပေးသည်ဟု ရောက်ရောက်ချင်းနေ့က ပြောပြချက်တွေအရသိရသည်။

MY LITTLE BRIDEGROOM [ Completed ]Where stories live. Discover now