#Unicode
အိပ်ခါနီး မျက်နှာသစ် ခြေလက်ဆေးကာ အခန်းထဲဝင်လာတော့ Jeon က laptop တစ်လုံးနဲ့အလုပ်တွေရှုပ်နေလေသည် ။ ညတိုင်း မနက် ၂ နာရီ ၃ နာရီနီးပါးထိ အလုပ်တွေလုပ်လေ့ရှိသည့်သူ့အတွက် ကျန်းမာရေး ကိုတော့စိတ်ပူတာအမှန်ပင် ။ ကုတင်ပေါ်တက်လိုက်တော့ မျက်လုံးတစ်ချက်သာဆွေကြည့်ပြီး သူ့အလုပ်သူဆက်လုပ်နေလေ၏ ။
" မအိပ်သေးဘူးလား "
" ......... "
ဘာမှပြန်မဖြေသောကြောင့် Tae Hyung မှာဘာမှဆက်မပြောတော့ဘဲ Jung Kook ဘေးနားတွင်ခွေခွေလေးလှဲနေလိုက်သည် ။
" ငါကော်ဖီသောက်မယ် "
ကြားလိုက်ရသောအသံကြောင့် Tae Hyung ခေါင်းလေးမတ်ခနဲပြန်ထောင်လာခဲ့သည် ။ဘာအတွက်ဘဲစကားပြောပြော အရေးတယူစကားပြောဖော်ရတဲ့ Jung Kook ကြောင့် Tae Hyung ရင်ထဲမှာကြည်နူးခြင်းပန်းခင်းလေးတွေပွင့်လန်းသွားခဲ့သည် ။
" ရမယ် ရမယ် ခဏလေးနော် "
ပြောပြောဆိုဆိုနဲ့အသဲအသန်ကုန်းထကာ အောက်ထပ်ဆင်းပြေးသွားသော Kim Tae Hyung ကိုကြည့်ကာ Jung Kook ရင်ထဲနည်းနည်းမှမသနားမိ ။ မယုံကြည်နိုင်စရာကောင်းသောအခြေအနေကြီးကိုလည်း ယနေ့ထိတိုင်လက်ခံဖို့ခဲယဉ်းနေခဲ့သည် ။
ခဏအကြာ Tae Hyung မှာ ကော်ဖီဗန်းလေးကိုင်ကာ ပြန်ဝင်လာခဲ့သည် ။ ကော်ဖီဗန်းလေးကို Jung Kook ဘေးနားကစားပွဲပေါ်တင်ပေးပြီး ကုတင်ပေါ်ပြန်မလှဲဘဲ မတ်တပ်လေးရပ်နေလိုက်သည် ။ Jung Kook မှာလည်း ဘာလဲဆိုသောပုံဖြင့်မော့ကြည့်လေသည် ။
" သောက်ကြည့်ပါ ဦး Jeon အရသာကောင်းမကောင်း ဒါကျွန်တော်ပထမဆုံးဖျော်ဖူးတာမလို့ "
" ဘာ .... "
ကြားလိုက်ရသောစကားကြောင့် ဒေါသကထောင်းခနဲ ။ ဒီကောင်သူ့ကို အစမ်းသပ်ခံများထင်နေလားမသိ ။ တစ်ခုခုဆို ပထမဆုံးဆိုတာနဲ့ စမ်းလုပ်ထားတယ်ဆိုတာနဲ့ ။
" ဒီမှာ မင်းအသုံးကျတာ ဘာရှိသေးလဲ ... ဟမ် ။ မင်းကိုသိပ်ကြည့်ရနေတယ်ထင်မနေနဲ့ ငါမအားသေးလို့ အားရင်မင်းအဖေနဲ့စာရင်းရှင်းရဦးမယ် "
ဆူလိုက်တော့ မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီးခေါင်းငုံ့သွားပြန်သည် ။ နည်းနည်းလေးမပြောလိုက်နဲ့ ပြောလိုက်လျင် သူ့ကိုအမြဲဒီရုပ်လုပ်လုပ်ပြသည် ။ စိတ်ရှိလက်ရှိသာလုပ်လိုက်ရရင်တော့လေ ။