Unicode
မနက်ခင်းရဲ့ အလင်းရောင်နုနု အခန်းထဲကို ဖြာကျလာတဲ့အခါ Tae Hyung နိုးလာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ချစ်ရသူရဲ့ မျက်နှာကိုကြည့်ပြီး Tae Hyung နှုတ်ခမ်းမှာ အပြုံးလေးဖြစ်ပေါ်သွားခဲ့သည်။
ဆံပင်တွေမှစလို့ မျက်နှာပေါ်က အစိတ်ပိုင်းတစ်ခုချင်းစီကို ထိတွေ့ကိုင်တွယ်ရင်း ဘယ်ဘက်ရင်အုံဆီက နာကျင်မှုက ပြင်းပြင်းပြပြ။ နှုတ်ခမ်းအောက်က မှဲ့နက်လေးကို တို့ထိရင်း ဒီလူသားကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိက အရာအားလုံးကို ဆုံးရှုံးလိုက်ရသလိုပါဘဲ။
မလှပခဲ့တဲ့ ကံတရားကြောင့် ဒီလိုအခြေအနေတွေနဲ့ ဇာတ်သိမ်းရမယ်ဆိုရင်တောင် ကျွန်တော် တို့မှာ လှပတဲ့ အတိတ်လေးတွေ တော့ ရှိခဲ့တာဘဲ Jeon။ ခင်ဗျားသိလား ကျွန်တော် လေ အဲ့ဒိအမှတ်တရတွေနဲ့ဘဲ ဆက်ရှင်သန်ရမှာ။ ခင်ဗျားကို မေ့လိုက်ဖို့ဆိုတာက အပြောနဲ့ တင် ရူးကြောင်ကြောင်နိုင်လွန်းတယ်။
ဒီနေ့ ဒီမနက်ခင်းက နောက်ဆုံး ဆိုသော အသိသည် Tae Hyung ရဲ့ရင်ထဲက ဝေဒနာကို ပိုလို့တိုးစေသည်။ Tae Hyung ရဲ့ တစ်ဖက်သတ် အစီစဉ်တွေကို မသိသော Jung Kook မှာ အိပ်မောကျနေဆဲ။
နာရီလက်တံ သည် မနက် 7 နာရီတိတိကို ညွှန်ပြသောအခါ Jung Kook ရဲ့ လက်မောင်းကို အသာယာဆွဲလှုပ်ကာ နှိုးလိုက်သော လက်လေးတစ်ဖက်။ အိပ်ယာနိုးစ Jung Kook မှာ ချက်ချင်းမထသေးဘဲ Tae Hyung ကို တင်းတင်းဖက်ကာ ပြန်မှေးသည်။
" Jeon ထတော့လေ အလုပ်သွားရဦးမှာကို "
" ခဏလေးကွာ "
အိပ်ချင်မူးတူးပြန်ဖြေရင်း ပိုလို့တိုးဖက်လာသောJung Kook ကြောင့် Tae Hyung မငိုမိအောင် စိတ်ကိုမနည်းတင်းထားရသည်။ မျက်ရည်တွေမြင်လို့မေးပါက မိမိမှာ ဖြေရှင်းစရာစကားက ရှိမည်မဟုတ်။
" Jeon "
" ဟင် "
ပြန်ဖြေသံက ခပ်လေးလေး ။ ဖက်ထားလိုက်တာများ Jeon က သူ့ရင်ခွင်ထဲထိဝင်ပြီး ကလေးလေးတစ်ယောက်လိုဘဲ။ ကျောပြင်ကျယ်ကြီးကို ပြန်လည်ဖက်တွယ်ရင်း Tae Hyung သည် အရာအားလုံးကို အလွတ်မှတ်သားနေခဲ့သည်။