#Unicode
" မင်းဘယ်သူလဲ "မယုံနိုင်တဲ့အကြည့်တွေ ဒေါသရိပ်တွေနဲ့ Jeon ရဲ့အကြည့်တွေကို ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ချလိုက်မိသည် ။
"တောင်း ... တောင်းပန်ပါတယ် ။ အဟင့် "
ရှိုက်သံတွေစွက်နေသော ငိုသံလေးကိုသနားမည့်သူမရှိ ။ ပုခုံးလေးကိုအကြမ်းပတမ်းဆောင့်ဆွဲခံလိုက်ရသော Tae Hyung တကိုယ်လုံးက Jeon လက်ထဲမှာ အရုပ်တရုပ်လို ။
"ဟေ့ကောင် မင်းဘယ်သူလဲလို့ငါမေးနေတယ် ။ ဘာလို့ Kim Tae Tae နဲ့တထပ်တည်းတူနေရတာလည်း ။ မဟုတ်ဖူး .... ဟာကွာ ။ မင်း .... မင်းဘယ်ကကောင်လဲ "
တကိုယ်လုံးကို စုံချည်ဆန်ချည်ကြည့်နေသောမျက်ဝန်းတို့က မယုံနိုင်မှုတွေနဲ့ ။ ရုတ်တရက် ရင်ဆိုင်ရသောအခြေအနေကို ထိတ်လန့်နေဟန်လည်းရှိသည် ။
"တောင်း .... တောင်းပန်ပါတယ် ။အီးဟီးဟီး ။ တကယ် မတတ်သာလို့အခုလိုလုပ်ရတာပါ ။ ကျွန်တော် တကယ်တောင်းပန်ပါတယ် "
"မင်းကိုတောင်းပန်ခိုင်းနေတာမဟုတ်ဘူး ။ ငါမေးနေတာကိုဖြေ "
ဒေါသကြောင့် ရဲတွတ်နေသောမျက်ဝန်းတွေ ။ ကြောက်မက်ဖွယ်ကောင်းသော ဒေါသသံတွေကို Tae Hyung ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းမရှိ။ ကြောက်လန့်နေသောစိတ်မှာ တောင်းပန်ဖို့အသိလေးတခုသာရှိနေခဲ့တယ် ။
"တကယ်တောင်းပန်ပါတယ် .... အီးဟီးဟီး "
.......... ဖြောင်း !!!!!
လက်ပြန်ရိုက်ချက်မှာ Tae Hyung မျက်နှာတခုလုံးချာခနဲ ။ အရိုက်ခံရသည့်အရှိန်နဲ့အတူ ဖြူဖြူသွယ်သွယ် ခန္ဓာကိုယ် လေးကမွေ့ယာထက် ပုံခနဲ ။
"ကျွန်တော်တောင်းပန်ပါတယ် ။ ကျွန်တော့်ကို လုပ်ချင်တာလုပ်ပါ ။ ခွင့်မလွှတ်ပါနဲ့ ။ ကျွန်တော့်မိသားစုကိုတော့ခွင့်လွှတ်ပေးပါ ။ အီးဟီးဟီး "
ကုတင်ထက်ကနေပြန်ဆင်းလာကာ Jeon ခြေသလုံးကိုဖက်ကာ Tae Hyung ကတောင်းပန်တယ် ။ အရိုက်ခံရသည့်အရှိန်ကြောင့် နှုတ်ခမ်းထောင့်ကစီးကျနေသည့် သွေးတို့ဖြင့်ဒဏ်ရာကို မမှုအား ။ ဒီအချိန် အရေးကြီးတာ သူ့ဒဏ်ရာတွေထက် သူ့မိသားစုအရေးပင်ဖြစ်သည် ။