Part - 16

23.4K 2.1K 511
                                    

Unicode

ဖိတ်ကြားထားတဲ့ဧည့်သည်တွေ အနုပညာချစ်သူတွေနဲ့ ပြခန်းက စည်ကားနေသည်။ နံရံမှာချိတ်ထားတဲ့ ပန်းချီကားတွေလိုက်ကြည့်ရင်း Tae Hyung မျက်လုံးလေးတွေကတလဲ့လဲ့။

အခန်းအပြင်အဆင် ထားရှိထားသောစာအုပ်တွေ ပန်းချီကားချပ်တွေကိုကြည့်ပြီး Jeon တယောက်ဘယ်လောက်ထိပင်ပန်းထားရမလဲနားလည်လာသည်။ကိုယ့်အတွေးနဲ့ကိုယ်ငေးနေတုန်း camera သံကြောင့် လန့်သွားမိသည်။

လှည့်ကြည့်လိုက်တော့ ပြုံးပြုံးကြီးနဲ့ကျေနပ်နေတဲ့ Jung Kook ကို Tae Hyung တွေ့လိုက်ရတယ်။ ဓာတ်ပုံခိုးရိုက်ခံလိုက်ရတာမလို့ ရှက်သွားတဲ့ Tae Hyung ပုံလေးကတနေရာရာမှာဘဲပြေးပုန်းရတော့မလို။

" တော်တော်ငေးနေတာဘဲ "

" ပန်းချီကားတွေကလှလို့ "

ကြက်သွေးရောင်ဂါဝန်တိုလေးနဲ့ ကောင်လေးက သူ့မျက်လုံးထဲမှာ အလှကြီးလှနေသည်။ ဒူးထိဖုံးထားတဲ့ဂါဝန်အနားစအောက်က ခြေထောက်ဖွေးဖွေးလေးတွေက သွယ်လျလျ။ ဒေါက်ဖိနပ်စီးထားတဲ့ ခြေထောက်လေးကြောင့် နာ‌နေမှန်းသိလို့ရင်ထဲမကောင်း ။

" မင်းကအဲ့ထက်လှတယ် "

" ဟီး Jeon မျက်လုံးတွေကကောင်းသားဘဲ"

" မင်းကလေ ပြောလေကဲလေ မန်းလေပြဲလေ "

တိုးတိုးလေးကျိတ်တော့ အပိုးမကျိုးတဲ့ရုပ်လေးနဲ့ရယ်တယ်။ ရယ်လိုက်တိုင်း မို့တက်သွားတဲ့ပါးလေးတွေမြင်တိုင်း ဒီဟာလေးကိုနမ်းပြစ်ချင်စိတ်တွေကတဖွားဖွား။

" ညနေကျရင် dinner ရှိတယ် ဒါပြီးရင် company ကလူတွေကိုတဝိုင်းဝိုင်းပေးမယ်ပြောထားတယ် "

" ဟုတ်လား "

လက်ဝါးနှစ်ဖက်ပူးကပ်ပြီး ပျော်သွားတာကချက်ချင်း။ ဒီအပြုမူလေးတွေက ကလေးလေးတွေဆီမှာသာအများဆုံးတွေ့ရတဲ့အပြုမူပုံမျိုးလေး။ အင်း ဒါလေးက ကလေးမဟုတ်တဲ့ကလေးလေးဘဲ။

" အင်း ကြိုပြောထားမယ် အလွန်အကျွံမသောက်ဖို့ကို "

" စိတ်ချပါ ဒီကလည်းအများကြီးမသောက်နိုင်ဘူး "

" ပြီးရောလေ ထိန်းမရသိမ်းမရသောက်ရင် ထားခဲ့မှာ"

မချိုမချဉ်မျက်နှာပေးနဲ့ပြန်ကြည့်နေပုံက တခုခုလုပ်ပြစ်ချင်စရာ ။ နေနိုင်လို့လားဆိုတဲ့ရုပ်နဲ့။ ချစ်မှန်းသိတော့ ဒီဟာလေးဆိုးချင်လာတယ်။ သူကိုယ်တိုင်ကလည်း ဒါလေးဆီမှာဘဲ ပျော်ဝင်သွားမိတော့ခက်သား။

MY LITTLE BRIDEGROOM [ Completed ]Opowieści tętniące życiem. Odkryj je teraz