Part -27(Unicode/Zawgyi)

688 57 3
                                    

ကလေးကို မချစ်မိခင်အချိန်ထိ ကျွန်မ၏ ပျော်ရွှင်ခြင်းဇယားတွင် အိပ်စက်ခြင်းသည် နံပါတ်တစ် နေရာ၌ရှိနေခဲ့၏။

ယခုတွင်မူ အိပ်စက်ခြင်းအား လွှမ်းမိုးကျော်ဖြတ်သွားနိုင်သော အရာလေးမှာ ကလေး၏ လှုပ်ရှားမှုများနှင့် ကလေး၏ညိမ်သက်နေမှုလေးများကို မြတ်နိုးစွာ ငေးရခြင်းဖြစ်သည်။

လှသည်....။

တီတီတာတာလေးများပြောနေချိန် နှင့် ရယ်မောနေချိန်လေးများတွင် ကလေးသည် သံစဉ်လေးများထက် ပို၍လှသည်။

မျက်နှာလေးညှိုးနွမ်းနေခါ တစ်စုံတစ်ခုကိုတွေးနေချိန်ဆိုလျှင်လည်း အဆွေးကဗျာလေးများထက်ပင် ပို၍လှသည်။

လက်ချောင်းလေးများကို ဖြန့်ကာ နေရောင်ခြည်၏ နွေးထွေးမှုကို ခံယူနေချိန်တွင်လည်း နေကြာပန်းလေးများထက် ပို၍လှသည်။

မျက်လုံးလေးများ ပေကလပ် ပေကလပ်လုပ်ကာ တစ်ခုခုကို ပူဆာချိန်ဆိုလျှင်လည်း ကြယ်လေးများထက်ပင် ပို၍လှနေသေးသည်။

အပြစ်ကင်းစွာ အိပ်မောကျနေချိန်တွင်လည်း ဒဏ္ဍာရီထဲမှာ နတ်ဘုရားများထက်ပင် ပို၍လှနေသေးသည်။

စက္ကန့်မလပ် လှပနေသောကောင်မလေးကို ငေးကြည့်နေရခြင်းမှာ ကျွန်မအတွက် နိဗ္ဗာန်ဘုံထက်ပင် ပို၍ သာယာဖွယ် ကောင်းနေသေး၏။

ထိုအမျိုးသမီးလေး အိပ်စက်နေသည်ကို ငေးမောနေမိသည်မှာ ၁နာရီ...၂နာရီ....၃နာရီမှသည် မနက်မိုးလင်းခါနီးအထိပင်။

သူမ၏ မျက်ခုံးနက်နက်လေး၊ ပင်ကိုယ်မျက်တောင်ရှည်ရှည်လေး၊ရဲထွေးနေပြီး နမ်းဖို့တောင်မရဲသော နှုတ်ခမ်းပါးလေး ၊ဆွဲဖြစ်ညှစ်ချင်စရာ နှာတံစင်းချွန်ချွန်လေး၊မွေးကြူချင်မိသော နှဖူးပြင်လေးများနှင့် ပါးမို့မို့လေးများ ၊မွှေးညင်းပေါက်ကလေးများ၊ သွေးကြောစိမ်းလေးများ၊ဖြူလွှလွှလက်ချောင်းလေးများ ကို တစ်သက်တာတွင်သာမက သံသရာလည်နေသရွေ့ ကျွန်မ မေ့ပစ်နိုင်တော့မည်မထင်... ။

မေ့သွားမည်လည်းမဟုတ်။

မှတ်ဉာဏ်တစ်ခုလုံး သူမနှင့်ပတ်သတ်သော အကြောင်းအရာများနှင့်သာ ပြည့်နှက်နေမည်ဆိုလျှင်တောင် ကျေနပ်နေမိမည် မဟုတ်ပါလား။

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now