ပေးထားတဲ့အလုပ်မပြီးမချင်းတော့ ပြန်လွှတ်ဖို့စိတ်ကူးမရှိ။ကိုယ့်အိမ်မှာကိုယ်သာသာယာယာမနေပဲ သူများကုမ္ပဏီလာရှုပ်မှတော့ ဒီလောက်တော့ရှိပေမပေါ့။ထက်ကတော့ စောစောပြန်ရပေလိမ့်မည်။
ဒီညတော့သားမိသုံးယောက်စုံစုံလင်လင် ညစာစားဖို့အတွက် ထက်ပျော်နေမိသည်။ လူသားထဲက လူသားတစ်ယောက်မို့ နွေးထွေးစေတဲ့ အပြုအမူနဲ့အလေ့အထအားလုံးကို ရနိုင်သည်ထက်ပိုရချင်မိသည်။
ထမင်းစားပြီးရင်လည်း မေးခွန်းတချို့မေးဖို့ မေ့လို့မဖြစ်၊ဒီကလေးမလေးကို ပြုပြင်သင်ကြားဖို့ အနည်းဆုံးသူ့အနေအထားလေးတော့ သိထားဖို့လိုအပ်သည်။ရေးမိုးချိုးပြီးမေမေနဲ့စကားပြောဖို့ထွက်လာခါရှိသေးကြားရပါပြီ မေမေ့အသံ။
"မဖြူရေ ကော်ဖီလေးဖျော်ခဲ့ပါဦးကွယ်"
ဧည့်သည်လာဟန်တူသည်။ဒါဆိုရင်တော့သေချာနေပြီ မေမေက အတော်နဲ့ ထမင်းစားဖြစ်ဦးမှာမဟုတ်လို့ ဘုရားရှိခိုးချိန်နဲ့ ပုတီးစိပ်ချိန်နဲ့ဆို ထက်မေးချင်တာတွေမေးလို့ရနိုင်တော့မည်မဟုတ်။
ထွက်ကြည့်လိုက်တော့ မေမေ့သူငယ်ချင်း အန်တီကြူ တစ်ယောက်ထဲရယ်။ ကော်ဖီဖျော်ပေးပြီး အန်တီကြူ့ကိုနှုတ်ဆက်ကာ အခန်းထဲ၀င်လာလိုက်တော့သည်။ မေမေနေမကောင်းဖြစ်တာတောင် ဆောင်းရိပ်ချိုရဲ့မေမေ အန်တီဝေတို့ သတင်းလာမေးတာမတွေ့မိ။
ဆောင်းရိပ်ချိုတို့ကို ထက် မသိပေမယ့် အန်တီကြူနဲ့အန်တီဝေကိုတော့ ထက်ကောင်းကောင်းသိသည်။ ထက်ကျောင်းသွားတက်ကတည်းက အန်တီကြူတို့နဲ့ မဆုံဖြစ်တော့ စိမ်းသွားသလိုလည်းခံစားရ၏။မမကတော့ လူကြီးတွေပြောပြသမျှကို ဘေးကနေ နားထောင်နေလေရဲ့။ထက်ကတော့အခန်းထဲပြန်ဝင်ပြီး ရွှန်းလဲ့ဆီဖုန်းခေါ်လိုက်သည်။
"ဟဲလို၊ထက်"
"အွန်း ရွှန်း တစ်ယောက်ထဲဆိုတော့အရမ်းမောနေပြီလား"
"မမောပါဘူးထက်ရယ်၊မနန်းက ထက်မရှိတော့ ရွှန်းကို အများကြီးကူလုပ်ပေးရှာတာ ဒီလကုန်ရင် မနန်းကိုBonus ပေးရဦးမယ်"
KAMU SEDANG MEMBACA
Fiksi Umumရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။