Part -22(Unicode/Zawgyi)

668 61 0
                                    

"ခွန်း...........
ငါ နင့်ကို ပြောပြချင်နေတာတွေရှိတယ်သိလား.. ဒါပေမဲ့"

"မပြောရင်လည်းအစကတည်းကမပြောနဲ့ ၊ ပြောပြစရာရှိတယ်လို့ပြောပြီးမှ ပြောချင်တာလိုလို မပြောချင်တာလိုလိုနဲ့လာမလုပ်နဲ့"

"ပြောချင်တယ် ... ပြောပြချင်တာမှ တပိုင်းကိုသေနေတာ၊ ဒါမယ့် နင်ဆူမှာကိုကြောက်လို့"

ဒါဆိုရင်တော့ ခွန်းနွေသိလိုက်ပါပြီ။ ဒီကောင်မလေးကို အစစအရာရာ သူငယ်ချင်းလို တစ်မျိုး၊ညီမလိုတစ်ဖုံ ဂရုစိုက် အလိုလိုက်ပြီး ဖေးမလာခဲ့တာ ၊ဘယ်ကိစ္စကိုမဆို ချော့ကာမော့ကာနှင့် ဖျောင်းဖျရုံမှလွဲ၍... လုံးဝကို မဆူခဲ့၊မငေါက်ခဲ့။

ဆူးဖူး ငေါက်ဖူးတာဆိုလို့ ဒီနှစ်တွေအတွင်းမှသာမဟုတ်လား။ ခွန်းနွေ ဆူရ ငေါက်ရသည်ဆိုသည်မှာလည်း ထိုအမျိုးသမီးတစ်ယောက်ထဲကြောင့်သာလျှင် မဟုတ်လား။

"ပြောစမ်းပါဦး ဘာဖြစ်ရပြန်ပြီလဲ၊ ပြုံးဖြီးနေပုံထောက်ရင်တော့ဟိုက နှိပ်စက်လိုက်တာတော့ မဖြစ်နိုင်ပါဘူး"

"မနှိပ်စက်တဲ့အပြင်မမထက်က ငါ့ကို Propose လုပ်လာတယ်.. သူငါ့ကိုချစ်တယ် ၊မြတ်နိုး"

"ဘာ........"

ခွန်းနွေ ထိုအမျိုးသမီးဘက်မှ ထိုကဲ့သို့ ဝန်ခံလာမည်ဟု မထင်ထားသောကြောင့် အလွန်ပင် ထိတ်လန့်သွားမိသည်။

"နင်ကလည်း စကားကို ဆုံးအောင်နားမထောင်ပဲ အလန့်တကြားထအော်နေပြန်ပြီ"

"မအော်လို့ရမလား..... ခွန်းရယ် ငါ မြင်မြင်ချင်းသူ့ကိုချစ်မိသွားပြီလို့ ပြောကတည်းက ငါ့မှာမျက်ခုံးလှုပ်နေခဲ့ရတာ.. ဘယ်လိုလဲတော်တော်မှပျော်ရဲ့လား Love in the first sight ကြီး၊ First loveကြီးကို နင်ကဖွင့်မပြောရဘဲ သူ့ဖွင့်ပြောတာကို နားထောင်လာခဲ့ရတာ...
ငါတော့ ရူးသာရူးလိုက်ချင်တော့တယ်"

အခုချိန်မျက်စိရှေ့မှာသာ ပဒိုင်းပင်ရှိလျှင် ခွန်းနွေတကယ်ကို ပဒိုင်းသီးအား အရူးခံပြီးခူးစားမိမှာဖြစ်သည်။

တစ်နေကုန်လျှောက်လည်ခဲ့ပြီး တစ်ညလုံးဖုန်းတွေပြောခဲ့တဲ့နေ့....... အဲ့ဒီနေ့ အဲ့ဒီညက ခွန်း ငါပေါ့ပေါ့ပါးပါးပဲနေတော့မယ်၊ မနက်ဖြန် အလုပ်ထွက်စာ သွားတင်တော့မယ်လို့ပြောခဲ့ပြီး..... နောက်နေ့လည်းရောက်ရော ငါမထွက်ချင်တော့ဘူး အချစ်ကိုငါရှာဖွေတွေ့ရှိသွားပြီ၊ ငါ့နှလုံးသားလေးက အလုပ်ထဲမှာကျကျန်ခဲ့ပြီဆိုပြီး ပြောခဲ့တာကို ခွန်းနွေအခုထိ မမေ့သေး။

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now