" ဘေဘီလေး သဲတုန်လေးရေ..."
ထက် တအိအိနှင့် နှိုးနေသည်မှာ ဆယ်မိနစ်ခန့်ပင် ရှိပြီဖြစ်သော်လည်း ကလေးပေါက်လေးမှာ ဟိုဘက်လှည့်အိပ်လိုက် ဒီဘက်လှည့်အိပ်လိုက်နှင့် ထဖို့ဟန်ပင် လုံးဝမပြချေ။
" ပါပီလေး အိပ်ပုတ်လေးရေ ထတော့... Tutorial သွားဖြေရဦးမှာဆို ..နောက်ကျနေမယ် ကလေးရဲ့ ... "
"အွန်......."
အသံလေးပြုကာ မျက်လုံးများပြန်မှိတ်သွားသောကလေးလေးကြောင့် ထက် နှိုးနည်းအသစ်နှင့် နှိုးမှသာဖြစ်ပေတော့မည်။ ထို့ကြောင့် ကလေးနားရွက်ဖျားလေးများအား နှုတ်ခမ်းလေးများဖြင့် စုပ်ယူနမ်းလိုက်သောအခါ.....
"အ... ထက် လူကိုဘာလို့လိုက်နှောက်ယှက်နေတာလဲ အိပ်တာကိုကောင်းကောင်းမအိပ်ရဘူး"
"အာ ကလေးကလည်း နှောက်ယှက်တာမဟုတ်ဘူး.. ကျောင်းသွားဖို့နောက်ကျနေရင် ကလေးစိတ်မောနေရမှာစိုးလို့နှိုးနေတာပါ... ထတော့နော် မမ မနက်စာပြင်ထားလိုက်တော့မယ် မျက်နှာသစ်ပြီးရင် လာခဲ့တော့"
"ဟုတ်"
တစ်သက်လုံးက မဖြူတို့ ၊ရွှန်းလဲ့တို့ ပြင်ပေးသော မနက်စာကိုသာစားနေခဲ့ပြီး ယခုတွင်မူ ကလေးပေါက်လေးကိုလည်း အာဟာရပြည့်ဝစွာ စားစေချင်သည်မို့.......
ကိုယ်တိုင်ပင် မနက်စာပြင်လိုက်သည်။ပြီးလျှင်လည်း ကလေးအား ကျောင်းလိုက်ပို့ရပေဦးမည်။
ကလေးစာမေးပွဲဖြေချိန်က ကြာမည်ဆိုလျှင်တော့ မေမေ့ကို သွားတွေ့ရပေဦးမည်။ဒါပေမယ့် မေမေက ကိုကိုအပြီးထွက်သွားတုန်းကတောင် ထင်သလောက် မပူမပန်ပဲနေနေခဲ့တာ အခုလည်း ထက်ကို သိပ်ပူနေမှာ မဟုတ်ပါဘူးလေ။
ကိုကိုရေ....ထက်လည်း ကိုကိုနဲ့ဖေဖေမရှိတဲ့အိမ်လေးကို အနေတွေကျဲသွားခဲ့ပြီ..ကိုကိုနဲ့ ဖေဖေရဲ့ အငွေ့အသက်တွေနဲ့ဝေးရာမှာ ထက်နေနိုင်ခဲ့ပြီ... ။
"ထက် ...ဘာတွေတွေးနေတာလို့ ဆောင်းရောက်နေတာတောင် မသိတာလဲ"
"ဪ... ကလေးကို ကျောင်းလိုက်ပို့ပြီးမေမေတို့အိမ်သွားမလားလို့ ... အဲ့တာတွေးနေတာပါ"
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။