"ရိပ် .... ဒီနေ့ မမ လုပ်ငန်းရှင်တစ်ဦးနဲ့ စာချုပ် ချုပ်စရာရှိလို့ တကယ်လို့ ရိပ်ဗိုက်ဆာရင် မမကို မစောင့်ပဲ အရင်စားနှင့်လိုက်နော် "
"ဟုတ်"
" ကဲ ဒါဆိုမမသွားပြီ"
"ဟုတ် မမ"
မမထက်ပုံစံက အရမ်းအလျင်လိုနေတာမို့ 'ဟုတ်'လို့သာ ပြောလိုက်ပေမယ့် ရိပ်ကသေချာပေါက် မမကို စောင့်နေမယ်ဆိုတာ မမလည်းသိတယ်မဟုတ်လား။
မမထက်ရဲ့စိတ်ဟာ ရိပ်အတွက်တော့ ဘာသာပြန်ဖို့လွယ်ကူပြီး နားလည်ဖို့ခက်ခဲတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ။
အထင်သေးတဲ့ မျက်လုံးတွေနဲ့ အမြဲကြည့်နေတတ်ပြီး ရိပ် နေမကောင်းဖြစ်ပြီး ဆေးထိုးယူရတဲ့အထိ ပင်ပန်းအောင် ခိုင်းခဲ့ နှိပ်စက်ခဲ့တာဟာ မမထက်မှ ဟုတ်ပါရဲ့လား။
ဒါမှမဟုတ် မထင်မှတ်တဲ့ ပျော်ရွှင်မှုတွေဖန်တီး ၊အသေးစိတ်လေးတွေက အစ ဂရုစိုက်ပေးနေတာဟာရော မမထက်မှ ဟုတ်ပါရဲ့လား။
'ရိပ် ........ ဒီနေ့ကစပြီး ရိပ်ကို အပြင်စာတွေ မကျွေးတော့ဘူး.... မောင်ဇော့်ကို နေ့တိုင်းလာပို့ခိုင်းထားတယ် ... ဒီချိုင့် အစိမ်းလေးက ရိပ်အတွက်... ဒီချိုင့်လေးကတော့ မမအတွက် .. ရိပ်စားချင်တာတွေရှိရင်လည်းပြောနော်'တဲ့။
အဲ့ဒီနေ့တုန်းကဆို ရိပ် ဘယ်လောက်တောင် အံ့ဩပြီး ပျော်ခဲ့ရလဲ....။ ခါတိုင်းဆိုင်မှာ ကျွေးတယ်ဆိုတာက မမထက်အဖော်မရှိလို့ အဖော်ခေါ်ရင်း ဝယ်ကျွေးတာလို့ ထင်ခဲ့မိပေမယ့် အခုလိုမျိုးဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမျှော်လင့်ရဲပါ့မလဲ။
မမထက် မေးခဲ့သမျှ မေးခွန်းတိုင်းဟာ ဒီလိုအစီအစဉ်တွေကြောင့်ပဲလား။ဖြေပေးတဲ့သူက မေ့ချင်နေသလို ဖြစ်နေပေမယ့် မမထက်ကတော့ ရိပ်အတွက် အစိမ်းနုရောင်ချိုင့်လေးကို တကူးတကဝယ်ခဲ့ပေးပုံရသည်။
ရိပ်မကြိုက်တဲ့ အစားအစာတွေကိုလည်း ကြိုပြောထားပုံရသည်။
တစ်ရက်က အင်ဉကြော် စားချင်တယ်လို့ပြောခါရှိသေး ချက်ချင်းဝယ် ၊ချက်ချင်းချက်ခိုင်းပြီး လာပို့ခိုင်းတော့ ရိပ်မှာ မမထက်ပြောပြောနေတဲ့ မမဖြူဆိုသူနှင့် မောင်ဇော်ဆိုသူကို အားနာလိုက်ရသေးသည်။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။