Part -29( Unicode/Zawgyi)

617 54 3
                                    

ခွန်း အဆောင်ကို ပြန်လိုက်ပို့ပြီး ကတည်းက စာပင်မကြည့်နိုင်ဘဲ အခန်းထောင့်လေးမှာ မှိုင်တွေစွာထိုင်နေခဲ့သည် ။

" I'm going under and I fear.... This time there is no to save me.... This all or nothing really got away... of driving me crazy... I need somebody to healSomebody to know... somebody to have ... Somebody to hold... "

တဖြေးဖြေးနှင့် ပိုကျယ်လာသော Ringtone သံလေးသည် ဆောင်း၏တိတ်ဆိတ်လှသော အခန်းလေးကို စိုပြေသွားစေသည်။

Someowne you loved ဆိုသော သီချင်းသည် ထက်အတွက် သီးသန့်ထားပေးထားသည်မို့ တစ်ဖက်မှ ဖုန်းခေါ်သောသူသည် ဘယ်သူလဲဟု ကြည့်နေစရာပင် မလိုတော့ချေ။

" Hello... ထက်.."

"............................................"

"တော်သေးတာပေါ့ အဲ့တာဆို... "

"................................"

"ဘာ... မမ ဘာပြောတယ်... "

အန်တီကြူနဲ့ အန်တီနှင်းတို့က ဆောင်းတို့ကို သဘောတူရက်နဲ့ စမ်းသပ်နေတာပါတဲ့လေ..... ဘယ်လောက်ပဲ စမ်းသပ်ပါစေ.....
ဆောင်းတို့က ပြောင်းလဲသွားမှာမှ မဟုတ်တာ .....
ပျော်မိသည်... အရမ်းကို ပျော်မိသည်။

စောစောကို ခွန်းကိုပြောပြနေရင်းနဲ့ငိုခဲ့မိတဲ့ မျက်ရည်တွေကိုတောင် ပြန်နှမြောသွားသည်။

"............................"
"တကယ် .................. အား....... ပျော်လိုက်တာ မ... မမရယ်....

ဒါဆို... ဆောင်းတို့ အချိန်ကာလလေးတစ်ခုပြီးတဲ့အခါ ပျော် .........
ပျော်ရွှင်လို့ ရပြီပေါ့နော်

ဆောင်း ဘဝမှာ ဒီလိုမျိုး မပျော်ရွှင်မိတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတော့လေ...
အွန်း သေချာတော့ မမှတ်မိတော့ဘူး... "

"......................"

"ဟုတ်... ဆောင်းအရမ်းကိုပျော်သွားလို့ပါ မမရဲ့......

ဆောင်းကြောင့် မမဘဝမှာ ခက်ခက်ခဲခဲတွေ ကျော်ဖြတ်ရတာမျိုး မဖြစ်စေချင်ခဲ့ဘူး.........

အန်တီကြူနဲ့ အချေအတင်ပြောနေကတည်းက မမအတွက် ဆောင်း စိတ်မကောင်းတွေ ဖြစ်နေခဲ့တာ...

ပျော်တယ် အရမ်းပျော်တယ်မမရယ်....

မမနဲ့ဆောင်းကို အားလုံးကနားလည်ပေးလို့၊သွေးသားမတော်စပ်ပေမဲ့ သွေးသားအရင်းလေးလို အန်တီကြူတို့ ဆောင်းကို ဂရုစိုက်ပေးလို့..

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now