Part-17(Unicode/Zawgyi)

694 72 1
                                    

"လာ ကလေးက ညာဘက်မှာထိုင်"

"ဟုတ် မမ"

ဤသည်မှာ Mega Ace ရုပ်ရှင်ရုံ၏နောက်ဆုံးအတန်းတွင် နေရာယူနေကြသော အမျိုးသမီးလေးနှစ်ယောက်ပင်ဖြစ်သည်။

ဘေးနှစ်ဖက်ရှိစုံတွဲခုံများတွင် တစ်ဖက်က အမျိုးသားတစ်ယောက်နှင့် နီးနေသည့်ဖက်တွင် ထက်၀င်ထိုင်လိုက်ပြီး ကျန်တစ်ဖက်က အမျိုးသမီးနှင့်နီးနေသောဖက်တွင်သာ ရိပ်ကိုထိုင်စေခြင်းဖြစ်သည်။

ကိုယ့်ခုံနှင့်ကိုယ်ဆိုပေမယ့်လို့ ထက်တစ်ယောက် သည်လောက်ကိုပင် အထိအခိုက်မခံနိုင်ဖြစ်နေသည်မဟုတ်ပါလား။

ရိပ်သည်လည်း ထက်၏အသေးစိတ်ဂရုစိုက်မှုများအောက်တွင် ပီတိဝေ‌ဖြာနေသည်မဟုတ်ပါလား။

ထက်မှာ ခေတ်ရှေ့ပြေးကာ ရဲရင့်ထက်မြတ်သော အသွင်ရှိပြီး ဖေးမကာကွယ်လိုသည့်အရိပ်အယောင်များနှင့် ပြည့်နှက်နေပြီး...

ဆောင်းမှာမူ အေးဆေးညင်သာပျော့ပျောင်းပြီး ရိုးရှင်းဂုဏ်များနှင့်တောက်ပြောင်နေသည်။

ထိုအမျိုးသမီးလေးနှစ်ဦးမှာမူ မူပိုင်အလှများနှင့် တင့်တယ်နေကြသူများမို့ အများတကာ ငေးမောနေရသည် မဟုတ်ပါလား။

"မမထက်ကဘာလို့ စုံတွဲခုံကိုမှ ၀ယ်လိုက်တာလဲဟင်..."

အလိုက်မသိလိုက်လေကလေးရယ်..။

စုံတွဲဖြစ်ချင်လို့ ၀ယ်လိုက်တာလို့ပြောလိုက်လျှင်လည်း မင်းလေးက လန့်ဖြန့်သွားပေဦးမယ်။

" မမရဲ့ ရိပ်ကလေးက အမြဲလိုလို အိပ်ငိုက်နေတတ်တာကြောင့် အကယ်၍အိပ်ချင်ခဲ့ရင်မမအပေါ်မှာ မှီပြီးအိပ်လို့ရအောင်လို့ပါ... ဘာလို့လဲ ကလေးမကြိုက်ရင် Singleခုံပြောင်း၀ယ်လိုက်မယ်လေ.."

‌"နေ.. နေပါစေမမရဲ့ ရိပ်က ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ် ဒီအတိုင်း မေးကြည့်တာပါ"

ပြုံးစိစိလေးနှင့် အဆင်ပြေပါတယ်ဟုပြန်ဖြေကာ ပေါက်ပေါက်ဗူးလေးအား တကျွတ်ကျွတ် နှိုက်စားနေသည့် ဆောင်းရိပ်ချိုရယ်ပင်။

"ကလေးနေကြာစေ့ စားမလား ၊မမခွာပေးမယ်"

"ဟီး မမကလည်း အကြီးကအငယ်ကိုပြန်ခွာပေးနေရတယ်လို့ အားနာစရာကြီး.."

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now