Part -1(Unicode/Zawgyi)

3.8K 137 0
                                    


လူသားတွေ ပုံမှန်လှုပ်ရှားဖို့ ဘယ်လောက်ပဲမေ့နေပါစေ အချိန်ရာသီတွေကတော့ ပုံမှန်လည်ပတ်ဖို့မေ့မနေခဲ့။
လေတိုက်ရင်အသင့်ကြွေပေးဖို့အတွက် ရွက်စိမ်းတွေက ရွက်ဝါဘ၀ကိုကူးပြောင်းနေကြပြီ။

လူတချို့က မိုးစက်‌တွေကိုချစ်သတဲ့၊တချို့လူတွေကျတော့ မြူနှင်းတွေကိုပိုသဘောကျသတဲ့။
သူမကတော့ နွေရာသီမှာပဲပျော်တာလို့ ကျွန်မလက်‌ဖျားလေးတွေကို ဆုပ်ကာအသေအချာကိုပြောပြခဲ့ဖူးတာ။ဒါဆို သူမက ရော်ရွက်ကြွေတွေကိုနှစ်သက်ခဲ့မှာအသေအချာ။

ကြွေရွက်ဝါတွေကိုဖန်ပုလင်းထဲထည့်ပြီး သူမဆီလက်ဆောင်ပို့ပေးရဦးမယ်လို့တွေးလိုက်ရုံနဲ့ပဲ အပြုံးနုနုလေးတွေက နှုတ်ခမ်းထက်မှာပျော်ပါးစွာ။

_______________________________

2017 .December . 26

"ထက်ရေ ဒီမှာ ဖုန်းလာနေတယ်၊မမကြီးတဲ့"
"ကိုင်ထားပေးဦး ရွှန်းလဲ့ ၊ငါဒီမှာမျက်နှာသစ်နေတုန်းမို့"

ညက 12ကျော်မှ အိပ်တာမို့ ထက် အိပ်ရေးမ၀သေးပါ။ခါတိုင်းဆို မမကြီးက ညနေခင်းတွေ၊ညဘက်တွေမှသာခေါ်လေ့ရှိပြီး ဒီလိုအိပ်ပုတ်မိတဲ့နေ့မှ စောစောစီးစီးခေါ်တာနဲ့တိုက်ဆိုင်နေတော့တယ်။ရွှန်းလဲ့တစ်ယောက်တော့ မမကြီးနဲ့ဘာတွေပြောနေလည်းမသိ။

ရွှန်းကအလယ်တန်းကျောင်းသူဘ၀မှာစတင်ခင်မင်ခဲ့ပြီးတက္ကသိုလ်တက်စဉ်တစ်လျှောက်လုံး အတူသွား၊အတူစားခဲ့သောသူငယ်ချင်းဖြစ်သည်။ကျောင်းပြီးသွားတဲ့အခါမှာလည်း ထက်နဲ့ရွှန်းလဲ့ မန္တလေးမှာ နှစ်ယောက်စပ်တူဆိုင်ဖွင့်ဖြစ်တာကြောင့် မေမေနဲ့မမကြီးက မုံရွာမြို့လေးမှ အမှာတော်များလှမ်းလှမ်း‌ခြွေနေရခြင်းပင်ဖြစ်သည်။မျက်နှာသစ်ပြီး ထွက်လာတော့လူကို ထက်ကိုအေးဆေးစွာမျှော်ငေးကြည့်နေတဲ့ရွှန်း။

"ဟင် ရွှန်းလဲ့ ၊မမကြီးကဖုန်းချသွားပြီလား"

"အွန်း၊ အန်တီနှင်းနေမကောင်းလို့ မုံရွာပြန်လာပြီး ကုမ္ပဏီကိုလာဦးစီးလှည့်ပါတဲ့...မမကြီးကြည့်ရတာလည်းစိတ်မောနေတဲ့ပုံပဲ...ဆိုင်ကိုတော့စိတ်ချပါ ရွှန်းလဲ့တစ်ယောက်ထဲလည်းစီမံနိုင်ပါတယ်"

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now