Part -7(Unicode/Zawgyi)

818 69 1
                                    

"ဟဲ့ ထက် ကားကိုဘာလို့ရပ်လိုက်တာလဲ"

ထက်ရဲ့မျက်ဝန်းအစုံကတော့ လမ်းရဲ့တစ်ဖက်ခြမ်းက မြင်ကွင်းဆီမှာ ရပ်တန့်နေခဲ့။ရွှန်းလည်းထက်ငေးနေတဲ့နေရာကိုသေချာလိုက်ကြည့်လိုက်တော့ ဆိုင်ကယ်လေးတစ်စီးပေါ်မှာဖြူချောချောကောင်လေးနဲ့ ဖျော့တော့တော့ကောင်မလေး၊ ကောင်မလေးက ကောင်လေးရဲ့ပခုံးကို မှီကာ မျက်လုံးများကိုမှိတ်ထားလျှက်။ ကောင်လေးကလည်း သူ့ခါးကိုဖတ်ထားတဲ့ကောင်မလေးရဲ့လက်ကလေးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားကာ ကျန်လက်တစ်ဖက်နဲ့သာ ဆိုင်ကယ်ကို ထိန်းမောင်းနေလေရဲ့ ။

"ထက် ....ထက်.... ငါခေါ်နေတာရောကြားရဲ့လား"

"ဟင် အင်း... ကြား .. ကြား ကြားပါတယ်"

"အဲ့တာနင့်အသိတွေလား။နင်နဲ့ ဘယ်လိုပတ်သတ်နေလို့ စိတ်လွတ် ကိုယ်လွတ်ဖြစ်အောင်လိုက်ကြည့်နေရတာလဲ"

"အော် နောက်က ကောင်မလေးက ထက်တို့ကုမ္ပဏီက စာရေးမလေးလေ၊ဒီနေ့အလုပ်ဖွင့်ရက်မှာ သူ့ကို အပြင်မှာတွေ့လိုက်ရလို့ ထက်လိုက်ကြည့်မိတာပါ"

"ဒါဆို ရှေ့ကကောင်လေးကို ထက် မသိဘူးပေါ့"

"အွန်း"

"ဒီမှာ ထက် ၊ ထက်နဲ့ ရွှန်း ပေါင်းလာတဲ့နှစ်တွေလည်းမနည်းတော့ဘူး။အလုပ်လည်း အတူတူတွဲလုပ်ခဲ့ပြီးပြီ... ပြောချင်တာက ထက်က သာမန်စာရေးမလေးကို သူ့ဟာသူ အလုပ်မလာရုံမကလို့ အလုပ်ပါထွက်ထွက် ထက် အဲ့လောက်ထိ အာရုံမစိုက်ဘူးဆိုတာကိုပဲ"

"နားထောင်ပေးမလား ရွှန်း ... ထက်လည်း သူ့အကြောင်းကို ရွှန်းကိုပြောပြချင်တယ်"

"အွန်း နားထောင်တာပေါ့ နီးရာ ဆိုင်တစ်ဆိုင်ကို သွားကြမယ်လေ"

ကော်ဖီဆိုင်လေးထဲကိုရောက်တော့ ထက်နဲ့ရွှန်း ကော်ဖီနဲ့ ကိတ်မှာလိုက်ကြသည်။

"ကဲ ပြောပါဦး ထက်ဝတီထွန်းကို ဖမ်းစားသွားတဲ့ကောင်မလေးအကြောင်း"

"နင်ကလည်း အဲ့လိုကြီးမပြောစမ်းပါနဲ့ ရွှန်းရယ်၊ နင်အဲ့လိုကြီးပြောတော့ ငါပြောပြရမှာတောင်ရှက်တယ်"
"စတာပါ နောက်တာပါ ပြော ပြော..."

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းOù les histoires vivent. Découvrez maintenant