နိဗ္ဗာန်ဘုံ.....
လူသားတို့နေထိုင်ရာဝန်းကျင်၌လည်း နိဗ္ဗာန်ဘုံတစ်ခု ရှိခဲ့သည်ဆိုပါမူ ထိုအရာသည်.......
တစ်နေ့တာ၏အစ စတင်နိုးထသည့် အချိန်လေးတွင် ချစ်သောသူအားတွေ့မြင်ရ၍ဖြစ်ပေါ်လာသော ကြည်နူးခြင်းလေးကို ရည်ညွှန်းခြင်းဖြစ်ပေမည်။
ထက်ဝတီထွန်း၏ဘဝတွင် မည်မျှပင် ပျော်ရွှင်စရာများ၊ပြည့်စုံခြင်းများနှင့် ပြည့်နှက်နေခဲ့ပါမူ...
ဤမနက်ခင်းလေးသည်သာလျှင် ပျော်ရွှင်စရာအကောင်းဆုံးနှင့် အပြည့်စုံဆုံးပင်ဖြစ်သည်။ချစ်ရသူလေးသည် မိမိခါးလေးအားတင်းတင်းဖက်ထားရုံတင်မက မိမိရင်ခွင်ထဲသို့ ခေါင်းလေးတိုးကာ ဝင်ရောက်လာသည်မှာ နိုးထရမည်ကို ကြောက်ရွံ့နေသည့် ခွေးပေါက်လေးနှင့်ပင်တူလွန်းလှသည်။
စိတ်အလိုတို့ကို လိုက်၍ ထိုအမျိုးသမီးလေး၏ ဆံနွယ်လေးများကိုသာ အခါခါနမ်းရှိုက်နေမိတော့သည်။
မိမိချစ်မိသော ကလေးလေး၏အသားအရေမှာ အလွန်ပင်ပါးလွှာလှသည်။ နားထင်နေရာလေးများတွင် သွေးကြောစိမ်းလေးများကို မြင်နေရရုံသာမက ပါးပြင်လေးများပေါ်၌လည်း သွေးကြောလေးများကို မြင်နိုင်သေးသည်။ မိန်းကလေးတစ်ယောက်ပင်ဖြစ်လင့်ကစား နှုတ်ခမ်းလေးများပေါ်၌ ခပ်စိမ်းစိမ်းဖြစ်နေသည်မှာ နှုတ်ခမ်းမွှေးရေးရေးလေးများ၏ လက်ချက်ပင်ဖြစ်သည်။
ချစ်မိပြီဆိုလျှင်ဖြင့် အသက်ရှုရှိုက်နေပုံလေးကအစ ချစ်စရာကောင်းနေသည်ဟုပြောလျှင် ပိုရာကျပေလိမ့်မည်။
သို့သော် ယခုတွင်မူ ထိုအမျိုးသမီးငယ်လေး၏ ဝင်သက် ထွက်သက်လေးများက သူမကိုဆွဲဆောင်နေပြီ မဟုတ်ပါလော။
ထိန်းချုပ်ထားသည့် စိတ်အချို့ကို လွတ်ချခါ အနမ်းမိုးလေးများရွာချလေတော့ ချစ်ရသည့် အိပ်ပုတ်ကလေးသည် တအိအိနှင့်နိုးထလာပေတော့သည်။
" Morning... Baby.."
"Morning"
အိပ်ချင်မူးတူးအသံလေးနှင့် မျက်ခုံးလေးကျုံ့ကြည့်ကာ ပြန်ဖြေနေသည့်ကလေးလေးသည် ကြည့်နေရင်းနှင့်ပင် ပို၍ပို၍ ချစ်စရာကောင်းလာလေတော့သည်။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။