Part -30 (Unicode/Zawgyi)

719 62 4
                                    

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ သာယာလှပသော ခြံလေးတစ်ခြံ။

ခြံထဲတွင် စိမ်းနုရောင် နှစ်ထပ်တိုက်လေးက သစ်လွင်နေပြီး အိမ်ဘေးတွင်လည်း သနပ်ခါးပန်းပင်လေးများနှင့် အခြားပန်းပင်လေးများကို စုံစုံလင်လင်စိုက်ပျိုးထားသေးသည်။

ထိုအရောင်... စိမ်းနုရောင်သည် သူမကြိုက်နှစ်သက်ပါသည်ဆိုသော အရောင်ဖြစ်ပြီး ထိုပန်းသည်လည်း သူမကိုယ်သင်းရနံ့လေးများကဲ့သို့ မွှေးသော ပန်းပင်များဖြစ်သည်။

ခြံထဲတွင် ထားရှိသော ဒါန်းလေးသည်လည်း ခရမ်းစိုရောင်လေးသွေး၍ လှနေသည်။

ဤသည်များကို အသံတိတ်ငေးကြည့်နေသူကတော့ ဆောင်းရိပ်ချိုပင် ဖြစ်သည်။

"ဘယ်လိုလဲ ကလေး အိမ်လေးကို သဘောကျရဲ့လား.. ကလေးအကြိုက်ဆုံးအရောင်လေးလေ"

"ဒါ ထက်ရဲ့အိမ်လား ....."

" အွန်း... ဘယ်လိုပြောရမလဲ ဟုတ်လည်း ဟုတ်တယ်... ဟုတ်လည်းမဟုတ်ဘူး"

တကယ်တော့ ဒီအိမ်လေးကို ဝယ်ခဲ့တာဟာ ကိုယ့်အကြိုက်ကိုတောင် မစဉ်းစားပါပဲ ကလေးအတွက်သာ စဉ်းစားပြီးမှ ဝယ်ခဲ့ခြင်းဖြစ်သည်။

ကလေးကို အိမ်ခေါ်သွားပြန်လျှင်လည်း မေမေနှင့် မမကြီး မျက်နှာပူမှာကိုရော ၊ကလေးအနေကျပ်နေမည်ရောကို မလိုလားပေ။

မိမိBank Account ထဲမှ ဂဏန်းအနည်းငယ် လျော့သွားရုံသာရှိသောကြောင့် မေမေနှင့် မမကြီးကိုတော့ အသိပေးမနေတော့ပေ။

ထို့အပြင် ဒီအိမ်ကလေးသည် မိသားစုဟောင်းများဖြစ်သည့် မေမေ၊မမကြီးတို့နှင့် အတူတူနေရန်မဟုတ်။

မိသားစုအသစ်ကလေးဖြစ်သောချစ်ရသူလေးနှင့် အတူနေရန်သာဖြစ်သည်။

"ဟင်........... ဘယ်လိုကြီးလဲ"

" ဘယ်လိုကြီးလဲဆိုတော့ မမတစ်ယောက်ထဲပိုင်တာမဘူးကလေးရဲ့...... "

"ဟင် အဲ့တော့ စပ်တူဝယ်ထားတာလား... ဘယ်သူနဲ့လဲ"

"ကလေးနဲ့"

" ဟာ မမကလည်း ကလေးမှာ အဲ့လောက်ထိ မရှိဘူးနော်..... "

"ဘာမရှိတာလဲ"

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now