Part-3(Unicode/Zawgyi)

953 84 0
                                    

"သမီးငယ်ရေ ထက် ၊ဒီနေ့ မေမေရော လိုက်ခဲ့မယ်နော်၊မေမေ့ကို ခဏစောင့်ဦး"

"ထက်က အခုပဲသွားတော့လို့မေမေရဲ့ ၊မေမေပြီးမှမမကြီးကို လိုက်ပို့ခိုင်းလိုက်ပါလား"

"သမီးကြီးက ဒီနေ့သူ့ဆိုင်မှာ ပွဲလေးရှိလို့တဲ့၊အားမှာမဟုတ်ဘူး....ခဏပါပဲ မီးငယ်ရယ် မေမေအဝတ်စားလဲရုံလေးပါ"

"ဟုတ်"

မေမေက စောင့်ဆိုတော့လည်းစောင့်တာပေါ့။ဆောင်းရိပ်ချိုနောက်ကျတုန်းကဆူထားတာမို့ ကိုယ်တိုင်လည်းနောက်မကျချင်ပါ။ ဒါပေမဲ့ ဒါကိုယ့်ကြောင့်နောက်ကျတာမှ မဟုတ်တာ မေမေ့ကြောင့်နောက်ကျတာ။ဟိုကောင်မလေးအထင်သေးလည်း မတတ်နိုင်ဘူး။

ဘာလိုလိုနဲ့ မနက်ဖြန်ဆို ပိတ်ရက်ရောက်တော့မှာပါလား ၊ဟိုကောင်မလေးရောပေးထားတဲ့အလုပ်တွေအားလုံးပြီးပြီလား မသိပါဘူး။မပြီးရင်တော့ ...........။

"ကဲ၊သွားလို့ရပါပြီ မမထက်ရှင့်"

"ဟာ မေမေနော် "

မေမေနဲ့မမဟာထက်နာမည်ကို သမီးငယ်၊ငယ်လေး၊ချစ်လေး၊ထက်၊မမထက်၊အဒေါ်ထက်၊ဒေါ်ထက်ဝတီထွန်းစသည်များစွာ နည်းမျိုးစုံခေါ်တတ်တဲ့လူသားနှစ်ဦးပါ။

မေမေကတော့ စက်ရုံရောက်ပြီဆိုတာနဲ့ အနှံ့လှည့်ပတ်ကြည့်ရှုတော့တာပဲ။ပြီးရင်ထက်ကိုဘာတွေပြောလာဦးမလဲမသိ။

"လာပါမေမေရယ်ရုံးခန်းထဲ သွားနားပါဦး၊ နောက်နေ့တွေမှလည်းကြည့်ရတဲ့ဟာကို မမောနိုင် မပမ်းနိုင်နဲ့"

"ဟုတ်ကဲ့ပါ Boss"

"မေမေနော် ...နည်းနည်းတော့များနေပြီ၊ဒီနေ့ထက်ကို စလို့နောက်လို့ရော ပြီးဦးမှာလား"

မေမေက ထက်ရဲ့အမေးကို သဘောတကျနဲ့ ရယ်မောကာ ရုံးခန်းဆီသို့ ဦးတည်လျှောက်လှမ်းနေပါတော့တယ်။

"ဟယ် သမီးလေး ၊ဆောင်း"

"အန်တီနှင်း.... သမီးက တီနှင်းနဲ့မမကြီးကိုလွမ်းနေတာ၊ ပြီးတော့ စိတ်လည်းပူနေတာ၊အိမ်လည်းလာမမေးရဲလို့"

"အော် ဆောင်းရယ်၊ ရုံးဆင်းချိန် မမထက်နဲ့ တခါတည်းလိုက်ခဲ့ရောပေါ့"

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းHikayelerin yaşadığı yer. Şimdi keşfedin