Part -23(Unicode/Zawgyi)

693 58 4
                                    

"ထက်ရယ်.."

"မခေါ်နဲ့...ငါဒီလောက် ကားမူးတတ်တာသိနေတာကို မပြန်ပါနဲ့လို့ နည်းနည်းလေးတောင်မတားဘူး"

"ဒါတော့ နင်ကအပိုစကားတွေကို မနှစ်သက်တတ်သူမို့ငါကမတားတော့တာလေ.... ၊ပြီးတော့ ရောဂါကလည်းတော်တော်ရင့်နေပြီဆိုတော့ အချိန်ဆွဲထားလို့လည်းမကောင်းဘူးထင်လို့လေ"

"ပေါင်းလာသမျှသက်တမ်းတစ်လျှောက်လုံးမှာ ဒီနေ့ဟာ နင် အသုံးမကျဆုံးနေ့ဘဲသိလား... "

"ဪ.... လူတွေ လူတွေ....တော်တော်လည်းတရားကျစရာပါလား"

"ကျစရာရှိတာနောက်မှကျ အခုဆိုင်ကိုသွားမယ်"

"ပြောတော့ ကားမူးတယ်ဆို... အိမ်မှာပဲနားပါ ၊အလုပ်တွေက မမနန်းနဲ့ လွှဲထားခဲ့တာဆိုတော့ စိတ်မချစရာ ဘာမှမရှိဘူး"

အသုံးမကျဘူးလို့ပြောတော့လည်း မကြိုက်ဘူး။ တကယ်လည်း အသုံးကို မကျဘူး။ ဒီလို ငဒူမလေးကို ၁၈နှစ်လုံးလုံး ငါလေးဘယ်လိုများအပေါင်းအသင်းလုပ်လာခဲ့တာပါလိမ့်။နောက်ဆုံးတော့ ဘယ်လိုပဲစဉ်းစားကြည့်ကြည့် ငါလေးဟာ အဘက်ဘက်က ကိုသနားစရာကောင်းနေတော့တာပါပဲ။

"အလုပ်လုပ်ချင်လို့မဟုတ်ဘူးဟေ့... ကလေးအတွက် Lady Shoe လေးတွေရယ် Fancy Walletလေးတွေရယ် ဝယ်ချင်လို့...

ကလေးက Cosmetic သိပ်မသုံးတော့ Foundation ကို Chanel Water Fresh Tint လေးကိုပဲဝယ်ပေးတော့မယ်..

ပြီးတော့ မြင့်မြင့်ခင်ကိုလည်း လိုက်ပို့ဦး ကလေးက ဂျယ်လီပူတင်းကြိုက်တယ်တဲ့ စတော်ဘယ်ရီဂျယ်လီပူတင်းလေးနဲ့ ကော်ဖီဂျယ်လီပူးတင်းလေးလည်း ဝယ်ချင်သေးတယ်... အုန်းစိမ်းကျောက်ကျောလေးဆိုလည်း ကလေးကကြိုက်လောက်တယ်"

အခုအချိန်မှာ ဆွံ့အသွားတာကတော့ ရွှန်းလဲ့ချိုပါပဲ ။ မန္တလေးကအပြန်မပြောနဲ့ စင်္ကာပူကနေ ပြန်လာရင်တောင် အန်တီနှင်းတို့ မမကြီးတို့အတွက် ဘာဆို ဘာမှဝယ်မသွားတတ်သူ... အပိုအလုပ်တွေပါဟာ လို့ပြောခဲ့သူကြီးက အခုတော့ ကိုယ့်ထက် ၆နှစ်ငယ်တဲ့ကောင်မလေးကို ကြိုက်မိပြီး အားကျမခံ ပိုးပန်းနေတာ တွေက မြင်လို့မှမကောင်း။

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းHikayelerin yaşadığı yer. Şimdi keşfedin