" ဟယ်လို........ ရွှန်း"
"ဘာလဲ.... ဘာတွေအရေးပေါ်ပြန်ပြီလဲ ရုံးခင်ခင်... လိုမှသုံးတဲ့လိုသုံးတွေ အလိုမရှိ... လိုမှသတိရတဲ့ လိုရတွေ အလိုမရှိပါနော်...."
ဟုတ်သည်။ ရွှန်းလဲ့ အပြစ်ပြောမည်ဆိုလည်း အပြောခံရုံသာ ရှိသည်။
ရွှန်းလဲ့နှင့်ပေါင်းလာခဲ့သည့် သက်တမ်းတစ်လျှောက်လုံး ယခုလို ကြာကြာမခွဲဖူးသလို၊ ယခုကဲ့သို့လည်း ကြာကြာမဆက်သွယ်ဘဲ မနေဖူးပေ။
ယခုတော့ ဆက်သွယ်လိုက်လျှင်လည်း သူ့အရေးမဟုတ်ဘဲ ကိုယ့်အရေး၊ကိုယ့်အပူတွေချည်းသာဖြစ်နေသည်။
ရွှန်းလဲ့ကိုဆို ဆိုင်မှာအဆင်ပြေလား ၊ဘယ်လိုနေလဲဆိုတာတွေတောင်ကောင်းကောင်းမမေးမိပေ။
"ငါကအမြဲသတိရပါတယ်ရွှန်းရယ်.... မဆက်သွယ်ဘူးဆိုတာကလည်း နင်ရော ငါရော နှစ်ယောက်လုံးကအားတာမဟုတ်ဘူးလေဟာ...
နင်ဆိုရင်လည်း နှစ်ယောက်စာဦးစီးရမယ့်အလုပ်တွေကို တစ်ယောက်ထဲဦးစီးနေရတာ...
ငါဆိုတာကလည်း ဖြုန်းခနဲ ဒိုင်းခနဲ ကုမ္ပဏီတစ်ခုကို ဦးစီးနေရတာလေဟာ..."
"အံမယ်.... ကလေးပေါက်စလေးကို လိုက်ပြီး ပိုးပန်းနေတာတွေတော့ထည့်မပြောဘူးနော်.."
"အဲ့တာကို ပိုးတယ် ပန်းတယ်လို့မခေါ်ဘူး ရွှန်းရဲ့... အတည်ကြံတယ်လို့ခေါ်တယ်"
"ဟား......ဟား .......... ထက်ရယ် နင်တော့ တကယ်ကို ဆေးမနိုင်ဖြစ်သွားပြီပဲ... ကျွတ် .. ကျွတ် .. ငါ့သူငယ်ချင်းလေး.."
"အော်.. ငါ့ကိုသာပြောနေ နင်ရော နင့်မောင်မောင်လေးနဲ့ အခြေအနေက ဘယ်လိုရှိလဲ.."
ရွှန်းလဲ့ဆိုသည်မှာ ချစ်သာချစ်တတ်ပြီး ရည်းစားထားရမှာကို ကြောက်နေသော အပျိုကြီးပင်ဖြစ်သည်။
စင်္ကာပူမှာ ကျောင်းတတ်နေစဉ်ကတည်းက သူမ ကြိတ် Crush နေသော သူမထက် ၂နှစ်ငယ်သည့် ဇေသီယျထွန်းဆိုသည့် ကောင်လေးတစ်ယောက်ရှိခဲ့သည်။
ကျောင်းပြီး၍ မန္တလေးတွင် ဆိုင်စဖွင့်ချိန်ကတည်းက ထိုကောင်လေးမှာ ရွှန်းလဲ့ကို ချစ်ခွင့်ပန်ခဲ့ခြင်းဖြစ်သည်။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။