" ဆောင်းရိပ်ချို ပြီးခဲ့တဲ့ရက်က အလုပ်ပျက်ထားလို့ထင်တယ် အစောကြီးရောက်နေပါလား"
"ဒါ ဆောင်း ပုံမှန်လာတဲ့အချိန်ပါပဲ မမထက်၊ ဆောင်းအထင်ပြောရရင် မမထက်ကသာ ဒီနေ့စောလာတာထင်တယ်"
"အို... ဧည့်သည်ပါလာတာလား"
"မဟုတ်ဘူး မမထက် သူကဆောင်းကို လိုက်ပို့တာ၊သူ့နာမည်က ခွန်းနွေတဲ့.... ခွန်းနွေ ဒါ မမထက်တဲ့"
တောက်တဲ့ကောင်ကို အမြင်ကပ်ပါတယ်ဆိုနေမှပဲ မိတ်တောင်ဆက်ပေးလိုက်သေး၊ဘယ်လိုတွေတောင် အရိပ်အကဲသိရတာလည်း ကလေးရယ်။
"တွေ့ရတာ ဝမ်းသာပါတယ်အမ"
"အမလည်း ဝမ်းသာပါတယ်"
"ဒါဆို ငါပြန်ပြီနော် ဆောင်း... ညနေမှလာကြိုတော့မယ်"
"မလာတော့နဲ့"
"ဗျာ..."
" ညနေကျရင် အမလည်း ဆောင်းတို့အိမ်ဘက်ကို သွားစရာရှိလို့ တစ်ခါတည်းလိုက်ပို့ပေးခဲ့လို့ ရတာမို့ မလာလည်းရတယ်လို့ပြောတာပဲ"
"ဟုတ်ကဲ့... အဲ့ဒါဆိုလည်း ခွင့်ပြုပါဦးဗျ"
"ဟုတ်ပြီ၊ကောင်းကောင်းပြန်ပါ"
မြန်မြန်ပြန်တာပဲအေးတယ်။ ဒီလိုလူကို မြင်တွေ့နေရတာ ထက်ဝတီထွန်းက ဘယ်လိုများဝမ်းသာနိုင်ရမှာလဲ။တကယ့်ကိုပေါက်ပေါက်ရှာရှာတွေပါ။
"ဆောင်းရိပ်ချို... ဘာလို့ရုံးခန်းထဲ မသွားသေးဘဲ အပင်အောက်အလကားထိုင်နေရတာလဲ"
"ဆောင်းက အလကားထိုင်နေတာ မဟုတ်ပါဘူး မမရဲ့ ... သဘာဝကပေးတဲ့လက်ဆောင်ကိုခံယူနေတာ"
နေရောင်ခြည်လေးကိုမော်ဖူးပြီး ပြုံးနေတဲ့မျက်နှာလေး။ သေချာတာပေါ့ ငါဒါလေးကို ကြိုက်နေတာမဟုတ်ဘူး ချစ်နေတယ်ဆိုတာ။
"မမထက် ဘာကြည့်နေတာလဲ ။လာလေ ဆောင်းနဲ့အတူတူ နေရောင်ခံရအောင်"
"အွန်း.... ဆောင်းရိပ်ချိုကို မမတစ်ခုလောက်ပြောလို့ရမလား"
"ဟုတ်၊ပြောကြည့်လေ"
"စောစောက ကောင်လေးနဲ့ တပူးပူးတတွဲတွဲ သိပ်မလုပ်ပါနဲ့လား"
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။