Part -21(Unicode/Zawgyi)

688 60 8
                                    

ချစ်ရသူနဲ့အတူနိုးထရသော နံနက်ခင်းလေး...
ကြည်နူးမှုများ ဝဲပျံနေသောအချိန်အပိုင်းအခြားလေး..

ထိုအချိန်အပိုင်းအခြားလေးသည် ကျွန်ုပ်အတွက် အဘယ်ကြောင့်တိုတောင်းလွန်းရပါသနည်း။

မိမိအား မွေးထုတ်ပေးထားသောမေမေ..မိမိအား အစစအရာရာဂရုစိုက်တတ်ပါသော မမကြီး..ထိုပုဂ္ဂိုလ်နှစ်ဦးသည်လည်း အဘယ်ကြောင့် မိမိအား ဝေဒနာတောထဲ တွန်းလွှတ်ရက်ပါသနည်း။

အိမ်တွင်းသူခိုးများကဲ့သို့ပင် အိမ်တွင်းရန်သူများသည်လည်း လွန်စွာမှ ကြောက်စရာကောင်းနေသည် မဟုတ်ပါလား။

မိမိအပေါ်တွင် မည်မျှပင် ဂရုစိုက်သူ၊ချစ်ကြသူများဖြစ်ပါ‌စေ မိမိအား အသဲကွဲစေဖို့ လမ်းစရှာသူများသည် မိမိ၏ရန်သူပင်ဖြစ်သည်။

ချစ်ရသူသည်ကား စာမေးပွဲတွင်းတွင် သူမအား ကြိုပို့ပေးဖို့မလိုကြောင်းနှင့် ခွန်းနွေဆိုသောကောင်လေးရှိကြောင်း ပြောစဉ်ကတည်းက မိမိအသဲမှာ ခပ်အက်အက်ဖြစ်နေပါသည်ဆိုကာမှ...

ယခု ၂ပတ်လောက် ဝေးရမည့်အရေးကနေ မွေးမေမေကြောင့် တစ်လလောက်ပင် ဝေးရပေတော့မည်။

စိတ်ထားလေးလည်းနူးညံ့၊ ရုပ်ကလေးကလည်းအေးချမ်း၊ ဥစ္စာရော ပညာပါ ပြည့်စုံပါရက်နှင့် ဘာကြောင့်များ မမကြီးအခုချိန်ထိ အိမ်ထောင်မကျနိုင်ရတာပါလဲဟု အနှစ်နှစ်အလလ အဖြေရှာနေခဲ့သမျှ ယခု မနက်မှပင် အဖြေထွက်နိုင်တော့သည်။ 

ကိုယ့်ညီမဖြစ်သူရဲ့ခံစားချက်ကိုလည်း သိနေပါလျှက်နှင့် ဘယ်လို အလိုက်မသိမှုမျိုးကြီးပါလဲ။ဒီလောက်စိတ်ပုတ်နေမှတော့
ပျိုကြီးဖြစ်နေတာ မထူးဆန်းတော့ပါဘူး မမကြီးရယ်။

Breakfast လေးစားပြီးလျှင် ချစ်ရသူလေးအား ချော့ကာမော့ကာ အဖြေမြန်မြန်ပေးဖို့ တောင်းဆိုပြီးမှ ကြင်ကြင်နာနာလေး ပြန်လိုက်ပို့မယ်ဆိုပြီးစဉ်းစားထားသမျှ သဲထဲရေသွန်ပင်ဖြစ်ခဲ့ရလေပြီ။

အဆောင်ကို လွမ်းတိုင်းသွားလည်ဖို့ဆိုသည်မှာလည်း အန်တီကြူဆိုသော တံတိုင်းကို ထက်ဝတီထွန်း ဘယ်လိုများကျော်ဖြတ်ရပါ့မလဲ။

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now