"ဟယ်လို ရွှန်း၊စောစောစီးစီး ဘာပြောစရာရှိလို့လဲ ၊ ဘာလဲ မနှိုးရတာကြာလို့ လှမ်းနှိုးပေးတာလား"
"အိပ်ချင်မူးတူးအသံနဲ့ ၊အခုထိ မထသေးဘူးလား"
" အွန်း......မနေ့ည ငါအိပ်မပျော်လို့ .... အခု ဘယ်အချိန်ရှိပြီလဲ"
"ကိုးနာရီ၊ နင်လိုလူမှာလည်း အိပ်မပျော်ဖြစ်တတ်သေးသားနော်......."
"ဟမ်.. ကိုးနာရီတောင် ထိုးနေပြီလား "
"အွန်း ထိုးပြီ ...... ဒါပဲ ငါဖုန်းချလိုက်တော့မယ်"
"နေဦး....... နင်ဘာပြောမလို့ ဆက်တာလဲ"
" အေး စောစောကတော့ စိတ်ကူးတွေနဲ့ တသီကြီးပြောပြမလို့ဆက်တာပဲ၊အခုတော့ နင့်ရဲ့အိပ်ချင်မူးတူးအသံကြီးကြောင့်ပြောချင်စိတ်မရှိတော့ဘူး ဒါပဲ"
တော်တော်ဒုက္ခပေးတဲ့ ရွှန်းလဲ့ချိုပါပဲ။ မနက်သုံးနာရီထိုးမှ ထက်ကအိပ်ပျော်တာလေဟာ။ လူတစ်ယောက်မှာ ပုံမှန်အိပ်စက်ချိန်က ၈နာရီရှိရမယ်ဆိုတာ မသိဘူးလား။ဟွန်း......... ဝါသနာပါရင် ၁၁နာရီထိုးလောက်ထိတောင် ဆက်အိပ်လို့ရသေး။မေမေနဲ့မမကြီးတောင် လာမနှိုးတဲ့ဟာကို..... ရွှန်းစုတ် ရွှန်းပျက် ဒီတစ်ခါတွေ့မှ နာနာနှိပ်စက်ပြဦးမယ် ဟွန်း။
ဒါနဲ့ ညက ဘာလို့အတော်နဲ့ အိပ်မပျော်တာလဲ။
တိုနာကလည်း မနက်ဖြန်ရောက်မယ်လို့ ပြောလိုက်တာကို ညနေကျရင်သွားယူလို့ရတာပဲ။
ဆောင်းရိပ်ချိုမိဘတွေဆုံးတာကလည်း လူသားချင်းစာနာပေးရုံဆိုရပြီလေ အိပ်မပျော် ဖြစ်စရာအထိလိုလို့လား။
အဲ့ကောင်မလေးကို သူ့ကောင်လေးနဲ့တွေ့လိုက်တယ်ဆိုတော့လည်း ဘာဖြစ်လဲ။သူ့အားလပ်ချိန်သူ ဘယ်သူနဲ့လည်လည် ဘယ်ကိုပဲသွားသွား သွားခွင့်ရှိတာပဲလေ။
ဒါဆို ဘယ်အရာက ငါ့စိတ်ကို အိပ်မပျော်စေလောက်တဲ့အထိ အစဉ်မပြေဖြစ်စေတာလဲ။
ဟူး........... ထွက်မလာမယ့်အဖြေကို ရှာနေမယ့်အစား ရေမိုးချိုး စားစရာရှိတာစား၊သွားစရာရှိတာသွားတာပဲကောင်းတယ်။
...............................................
"မင်္ဂလာပါ အန်တီကြူ.... အပြင်တွေ ဘာတွေထွက်ထိုင်လို့ပါလား"
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။