"မင်္ဂလာပါရှင် ဘာများအလိုရှိပါသလဲရှင့်"
"အပူခံ ထမင်းချိုင့် ရချင်လို့ပါ"
"ဟုတ်ကဲ့ ဒီဘက်ကို ကြွပါရှင်... "
"ဒီထဲက အစိမ်းနုရောင်တစ်လုံး ခရမ်းရောင်တစ်လုံးယူမယ်"
ထက်ဝတီထွန်းတစ်ယောက် အိမ်အပြန်လမ်းမှာ ထမင်းချိုင့်လေး နှစ်လုံးကို ကြည့်ကာကြည်နူးနေခဲ့သည်။အိမ်ကို ရောက်လျှင် ရောက်ချင်းပင် သူမဖေဖေ၏ ဝမ်းကွဲတူမတော်စပ်သူ စာဖိုမှူး မမြကို လိုက်ရှာနေခဲ့လေသည်။
"မဖြူရေ မဖြူ."
"မမဖြူ ဒီဘက်မှာပါ ထက်လေး.... ထက်လေးဘာခိုင်းစရာရှိလို့လဲ"
"ထက် မမဖြူကို ပြောစရာရှိလို့"
"ဘာများလဲ ထက်ရဲ့"
"ထက်ကို နောက်နေ့ကစပြီး နေ့လည်စာ ထမင်းလာပို့ခိုင်းပေးပါလား"
"ဪ... ဒါလေးများ ရပါ့တော် ရပါ့"
"ဒီချိုင့်ခရမ်းလေးထဲမှာက ထက်စားနေကြ၊ထက်အကြိုက်အတိုင်းထည့်ထားပေးပြီး ဒီချိုင့်အစိမ်းလေးထဲမှာတော့ ကြက်၊ဝက်၊ပုဇွန်နဲ့ အသီးအရွက်ပဲထည့်ပေး ပြီးတော့ချဉ်ချဉ်စပ်စပ်လေး ချက်ပေးနော်... အရမ်းတော့လည်း မစပ်စေနဲ့ ကလေးဗိုက်နာမှာလည်း စိုးရသေးတယ်"
"ကလေး......."
"ဪ .... ထက်တို့ကုမ္ပဏီက ဝန်ထမ်းပါပဲ ... ကလေးသာသာလေးမို့ ကလေးလို့ပဲ အလွယ်ခေါ်လိုက်တော့တာ၊ စိတ်ချမယ်နော် မမဖြူ"
"အမလေး ... စိတ်ချလိုက်စမ်းပါ ထက်ရယ်၊ ထက်ရဲ့ကလေးအတွက်မမမြသေချာလေးချက်ပြုတ်ပေးလိုက်မယ် ဟုတ်ပြီလား"
"ကျေးဇူး မမဖြူ ၊ထက်သွားနားလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါရှင်"
မမဖြူတို့ကတော့ ထက်ရဲ့ကလေးလေးတဲ့ ...... ပြောတဲ့သူက ဘာမှမသိပေမယ့် ကြားလိုက်ရတဲ့သူကတော့ ရင်ဘက်ထဲမှာပန်းတွေပွင့်ရုံတင်မက ဉယျာဉ်ကြီးပါတည်နေပြီဆိုတာ မမဖြူတို့ သိပါလေစ။
ဖြစ်တော့ ဖြစ်လာရမှာပေါ့ မမဖြူရယ်။ ဒါပေမယ့် ကလေးအပေါ်နှိပ်စက်တုန်းက နှိပ်စက် အထင်သေးတုန်းက အထင်သေးပြီး အခုကျမှ ဝုန်းဒိုင်းကြီး သွားချစ်ပြလိုက်ရင် အံ့အားသင့်လွန်းပြီးကလေးတစ်ယောက် Shock ရနေပါဦးမယ်...။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။