"ထက်..........."
"ဘာလဲ မမကြီး"
"ငြိမ်လှချည်လား....အခုတလော အစားလည်းသိပ်မစားသလိုပဲ ၊ဘာလဲ ရွှန်းနောက်ကိုပြန်လိုက်သွားချင်နေတာလား"
"မဟုတ်ပါဘူး မမကြီးကလည်း၊စိတ်ချပါ ကုမ္ပဏီအတွက်ပူမနေပါနဲ့"
" ကုမ္ပဏီအတွက်ပူလို့ပြောနေတာ မဟုတ်ဘူး ၊ဟောဒီက ငါ့ညီမလေးအတွက်ပူလို့ပြောနေတာ၊ ရွှန်းပြန်သွားတဲ့နေ့ကတည်းက မျက်နှာလေးကိုညှိုးနေသလိုပဲ... နော် မေမေ"
"ဟုတ်တယ်နော်သမီးငယ် မေမေတို့နဲ့တောင်စကားထွက်မပြောဘူး အခန်းထဲအောင်းနေတာ ငါးရက်လောက်ရှိနေပြီ... ပြောပါဦးမေမေ့ သမီးလေးမှာ ဘာတွေအဆင်မပြေတာများရှိနေလို့လဲ"
"မရှိပါဘူး မေမေရယ် အားလုံးအဆင်ပြေပါတယ်"
"အော် အဆင်ပြေတယ်ဆိုမှ ... ဟိုနေ့က ဆောင်းလေးဖုန်းဆက်တယ် နေမကောင်းလို့ ခွင့် သုံးရက်လောက် ယူမယ်ဆိုတဲ့အကြောင်း..... မေမေက ပြောဖို့မေ့နေတာ"
" သမီးဦးစီးနေတဲ့အချိန်မှာ သမီးဆီကပဲခွင့်ပြုချက်ယူသင့်တာမဟုတ်လား"
"ဆောင်းလေးက သမီးဖုန်းနံပါတ် မသိလို့နေမှာပေါ့ သမီးရဲ့ ... မနက်ဖြန်တော့ သူရုံးတက်နိုင်လောက်ပါပြီ အဲ့တော့မှ ညီမလေးကို သမီးဖုန်းနံပါတ်ပေးထားလိုက် ဟုတ်ပြီလား"
"မေမေလည်းဘုရားရှိခိုးတော့မယ် မဟုတ်လား။ထက်လည်းသွားအိပ်တော့မယ်"
မသာမယာနဲ့ထထွက်သွားတဲ့ထက်ကြောင့် မမကြီးနဲ့မေမေမှာ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေမိတော့သည်။
"အခုမှ၅နာရီပဲရှိသေးတဲ့ဟာကို မေမေ့သမီးတော့ တစ်ခုခုပဲ ၊ဒီကောင်မလေး ဘာတွေများဖြစ်နေသလဲသာ"
"အွန်း သမီးရယ် သမီးငယ်လေးက ဆောင်းကိုအမြင်သိပ်မကြည်ရှာဘူး... ဟိုတစ်ခေါက်ကလည်း ဆောင်းကိစ္စနဲ့ပတ်သတ်ပြီး မေမေ့ကိုစိတ်ဆိုးပြီးပြီ"
"မဆိုင်တာမေမေကလည်း.. အခုဟာက သူ့ဟာသူ နဂိုထဲကမကြည်နေတာပါ"
" သမီးလည်း ညီမလေးကို ဂရုစိုက်ဦးနော်"
"ဒီညီမလေး တစ်ယောက်ပဲရှိတဲ့ဟာကို မစိုက်ပဲနေပါ့မလား မေမေကလည်း"
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။