"ဟာ မမ...မြန်သားပဲ ရိပ်ကကြာဦးမယ်ထင်တာ"မြန်မြန်ပြန်လာလို့ပျော်နေတဲ့ မျက်နှာပေးလေးနဲ့... တော်တော်ကိုချစ်စရာ ကောင်းသူလေးရယ်ပါ။
ကိုယ့်မှာလည်း စက္ကန့်မခြား သူ့မျက်နှာလေးမြင်နေရဖို့အရေး၊ ငေးကြည့်နေရဖို့အရေး တခြားလုပ်ငန်းရှင်တွေကို အားနာနာနဲ့ မအားကြောင်းပြောကာ ရုံးကိုတန်းပြေးလာရသည်မှာလည်း ရွှန်းလဲ့ပြောသလို ရုံးခင်ခင်ကြီး ကိုဖြစ်လို့။
"အွန်း... ပြီးတာနဲ့တန်းပြန်လာခဲ့တာမို့လေ ...ကဲ ဗိုက်ဆာတယ် နေ့စာစားတော့မယ်"
"စားမယ်လေ မမ"
"ဟွန်...ရိပ်က ကြာဦးမယ်ထင်တာလို့ပြောတော့ မမက စားပြီးပြီထင်နေတာ၊ မစားရသေးဘူးပေါ့"
"ဟုတ်၊မမကို စောင့်နေတာ"
ဒါလေးက လူကိုမရင်းနှီးတုန်းကသာ ပေစောင်းစောင်းလုပ်နေတာ အခုကျတော့လည်း လုပ်သမျှ ပြောသမျှ ...အရာရာဟာသဘောကျချင်စရာလေးပါ။
ဒါပေမဲ့ ခွင့်ပြုထားလို့တော့မဖြစ် ဗိုက်အောင့်တာတို့၊အစာအိမ်ရောဂါတို့ဖြစ်နေဦးမှ ထက် ရင်ကျိုးနေရပါဦးမည်။
"မမက တခါတည်းစားခဲ့ရင် ဘယ်လိုလုပ်မလဲ၊စောင့်ရပြီးမှ တစ်ယောက်ထဲစားနေရပြန်ဦးမယ်... နောက်တစ်ခါဆို အဲ့လိုမလုပ်နဲ့နော်"
"ဟုတ်"
ထက် အရင်က မှုန်တေတေမျက်နှာပေးနှင့်
ခေါင်းငြိမ့်် ၊ခေါင်းခါသာလုပ်ပြသော ခပ်ချေချေ နှင့်ကောင်မလေးကို မြင်ရသည်မှာ အဆင်မပြေလှဟုထင်ခဲ့သည်။သို့သော် စင်စစ်မှာမူ ချစ်စရာ့အပြုံးလေးများနှင့် တီတီတာတာ စကားသံလေးများပြောသော ကောင်မလေးနှင့်နေရသည်မှာ ပို၍ အဆင်မပြေဖြစ်ရသည်။
၂၅နှစ်ပြည့်သည့်တိုင် ထက်၀တီထွန်းဟာ မချစ်တတ်ဘူး။ အချစ်ကို မကိုးကွယ်ဘူး။ အချစ်ကြောင့်ခံစားရမှာ မဟုတ်ဘူးလို့ ကိုယ်တိုင်ယုံမှတ်ထားပေမယ့် ယခုမှာမူ ဒီပရုပ်လုံးလေးကို ချစ်ရသည်မှာ ရှိရှိသမျှမာန အကုန်လွင့်စင်ကုန်သည်။
မျက်စိရှေ့မှာရှိလျှင်လည်း အပြောအဆိုထိန်းချုပ်ရ ၊အနေအထိုင် ထိန်းချုပ်ရ နှင့် ရင်ခုန်တာပင် Smartကျကျ ရင်မခုန်ရ။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။