Part-25(Unicode/Zawgyi)

742 61 7
                                    

တိတ်ဆိတ်လွန်းနေတဲ့ပတ်ဝန်းကျင်...
စတုဂံပုံ ရောင်စုံ အုတ်ခုံလေးများနှင့် မို့မောက်မောက်မြေစိုင်ခဲတို့စုဝေးရာနေရာလေးတစ်ခု...

တရားမှုတို့ စုဝေးရာနေရာလေးဆိုပိုမှန်မယ်...။မပျော်ရွှင်တဲ့သူ၊မချမ်းသာတဲ့သူ ၊မအောင်မြင်တဲ့သူ၊မချစ်တတ်တဲ့သူရယ်လို့သာရှိချင်ရှိမယ်.... မသေဆုံးသွားတဲ့လူရယ်လို့မရှိဘူး။

ဒီနေရာလေးဟာ တချို့လူတွေအတွက် အရိုးစုများစုဝေးရာထက်မပိုတဲ့နေရာတစ်ခုဆိုပေမယ့် တချို့လူတွေအတွက်ကျတော့ အေးချမ်းစွာ အနားယူခွင့်ရသွားတဲ့နိဗ္ဗာန်ဘုံလေး...။တချို့လူတွေအတွက်ကျတော့ အားလုံးနဲ့ကွေကွင်းကာ တိတ်တဆိတ် လာပုန်းရှောင်ပေးလိုက်ရတဲ့ ငရဲတွင်း...။

ကျွန်မရှေ့က လာဗင်ဒါရောင်ဂါဝန်လေးနဲ့ အမျိုးသမီးလေးကတော့ အဖြူရောင်နှင်းဆီပန်းစည်းလေးကိုကိုင်ကာ အဖြူရောင်အုတ်ဂူလေးဆီကို တန်းတန်းမတ်မတ်လျှောက်လှမ်းနေလေရဲ့။ဒီနှစ်တွေအတွင်းမှာ ဒီအမျိုးသမီးလေးဟာ ဘယ်လိုများ ရှင်သန်ခဲ့ရလဲ။
ငိုရှိုက်ရလွန်းလို့ ဘယ်လောက်ထိတောင် ပင်ပန်းနေခဲ့မလဲ...။

ရုတ်တရက်ပျောက်ကွယ်သွားတဲ့ မေတ္တာတရားတွေကို ကျွန်မအချစ်တွေနဲ့ အစားထိုးပေးရုံနဲ့ လုံလောက်နိုင်ပါ့မလား။

သူမမိဘတွေက သူမ ပြိုလဲရစ်မှာမှန်းသိရက်နဲ့ သေဆုံးသွားရဲကြတယ်ဆိုရင်....

ကျွန်မက သူမအတွက်ဆို သေဆုံးပြရဲတဲ့အထိ အသက်နဲ့လောင်းကြေးထပ်ပြီးချစ်မယ်...။

"ဖေနဲ့မေ..... အေးအေးချမ်းချမ်းရှိရဲ့လား..ဖေနဲ့မေ အခုဆိုရင် သမီးကို ပိုလို့စိတ်ချနိုင်ပါပြီ။
သူက ခွန်းအပြင် နောက်ထပ် သမီးနဲ့ အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာကျော်ဖြတ်ပေးနိုင်မယ့်သူ

သမီးရဲ့ရှင်သန်ရာနေ့ရက်တွေကို အဖော်ပြုပေးမယ့်သူပေါ့

တစ်နည်းပြောရရင် သူက သမီးချစ်သူ..

ဖေနဲ့မေ သဘောတူမယ်မဟုတ်လား၊စိတ်ချမယ်မဟုတ်လားဟင်"

ကလေးက ပုံမှန်လေးပြောနေပေမယ့် ပုံမမှန်နိုင်တာကတော့ ကျွန်မပါပဲ။ကလေးပြောလိုက်သောစကားတို့ရဲ့အဆုံးမှာ... မျက်ရည်များစွာနဲ့ ကျောက်ရုပ်လူသားဖြစ်နေသူကတော့ ကျွန်မပါပဲပေါ့။ကလေးရဲ့ အထီးကျန်မှုတွေနဲ့အရွယ်နဲ့
မလိုက်တဲ့လစ်ဟာမှုတွေဟာ စကားလုံးတွေနဲ့မဖာ်ပြလည်းပဲ အမူအရာလေးနဲ့ ကလေးရဲ့ မျက်နှာရိပ်လေးတွေပေါ်မှာအထင်းသားမို့ တကယ်ကိုမျက်ရည်လည်ခဲ့ရသလို....

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းHikayelerin yaşadığı yer. Şimdi keşfedin