Part- 6(Unicode/Zawgyi)

886 69 1
                                    

"ဆောင်းရိပ်ချို .......... ပြီးခဲ့တဲ့ တစ်ပတ်က ၁ပတ်အတွင်းရချင်တယ်လို့ ပြောခဲ့တဲ့ စာရင်းတွေ မနက်ဖြန်နောက်ဆုံးထားပြီး ပြီးအောင်လုပ်ထားပေးပါ"

ခေါင်းငြိမ့်ပြနေတဲ့တေမိလေး။ မဖြစ်ဘူး သူနဲ့ ဆက်ဆံရေးကတစ်ခုခု မှားယွင်းနေတယ်။ ငါ့ဘက်က ဒီ့ထက်ပို ပွင့်လင်းဖို့လိုလာပြီထင်တယ်။

"ဒီမှာ ညီမလေး ဆောင်းရိပ်ချို ..... မင်း အစ်မကို ဘယ်လိုမြင်နေသလဲ၊ဘာတွေမကျေမနပ်ဖြစ်နေလဲတော့ အစ်မမသိဘူး။ အမဘက်က မင်းအပေါ် ပြောမှား ဆိုမှားရှိရင် တောင်းပန်ပါတယ်။ပြီးတော့ အမကိုလည်း စကားနဲ့ပဲတုံ့ပြန်ဖို့တောင်းဆိုပါရစေ။ အဆင်မပြေတာတို့ အခက်အခဲတို့ရှိရင်လည်း အစ်မတစ်ယောက်လို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်နိုင်ပါတယ်။ အမှန်တိုင်းပြောရရင် အမ မင်းနဲ့ ဒီ့ထက်ပိုပြီး ရင်းနှီးချင်ပါတယ်"

"ဟုတ်"

အပြုံးလေးတစ်နဲ့ 'ဟုတ်'လေး တစ်လုံးတော့ထွက်လာသားပဲ မဆိုးပါဘူး ထက်ဝတီထွန်းတို့ ပွင့်လင်းရကျိုးနပ်သွားပြီ။

ဝိုး..... ဒါတင်ဘယ်ကမလဲ နှစ်ရက်လုံးပဲသူမတောင်းထားတဲ့ စာရင်းတွေပြီးဖို့ မနားမနေကြိုးစားနေရှာတာ ကြည့်ရင်းနဲ့တောင်သနားသလိုဖြစ်လာပြီ။ ဒါပေမဲ့ ထက်ဝတီထွန်းတို့ရင်ထဲမှာပဲသနားနိုင်မည်။ လူ့ဘဝဆိုတာ အများကြီး ရုန်းကန်ရဦးမည်။ဒီလောက်လေး ဇွဲရှိဖူးမှသာလျှင် ရှေ့ဆက်သူမ နေ့ရက်တွေဟာ သာယာနိုင်ပေလိမ့်မည်။

ရုတ်တရက်အကြည့်ချင်းဆုံတိုင်း ဖွဖွလေးသာ ပြုံးပြတဲ့ သူမရဲ့အပြုံးလေးတွေဟာလည်း အင်မတန်မှချစ်စရာကောင်းလှသည်။ ဒီလို တက်တက်ကြွကြွနဲ့ ချစ်စရာ ကလေးမလေးက လွန်ခဲ့တဲ့ လတွေကဘာကြောင့် စူပုတ်ထိုင်းမှိုင်းနေခဲ့သလဲဆိုတာကို အရမ်းရင်းနှီးသွားတဲ့တစ်နေ့မှ မေးကြည့်ရပေဦးမည်။

ပျော်သည် .. ပျော်သည်။ ထိုကလေးမလေးနှင့် ဆက်ဆံရေးအခြေအနေတိုးတက်လာတာကြောင့်လား ကိုယ့်ဘာသာ စိတ်အဆင်ပြေနေတာကြောင့်လားတော့ မသိပေမယ့် ထက်ဝတီထွန်းတစ်ယောက် ပျော်နေသည်မှာတော့ အမှန်ပင်။

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now