Part -10(Unicode/Zawgyi)

811 68 0
                                    

"နင်ဒီလောက်တောင်ပျော်ရသလား ဆောင်း"

"ဒါပေါ့ဟ .... တစ်ယောက်ယောက်ကို ကိုယ့်ကိုအမြင်မကြည်ဖူးဆိုတဲ့ ခံစားချက်က သိပ်ကိုဆိုးတာ၊အထူးသဖြင့်သူဖြစ်နေတာဟာပိုလို့ ဆိုးတာပေါ့ အွန်း.. အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ်"

"စွတ်လည်းပျော်မနေနဲ့ဦး ၊ သေချာတွေးကြည့်ရင် ဒီလောက်မြန်မြန်ပြောင်းလဲသွားတယ်ဆိုတာ မရိုးသားမှုပဲ"

"ပျော်စရာရှိတာ ပျော်ပါရစေ ခွန်းရာ၊ ငါအများကြီးမတွေးထားချင်ဘူး"

"အွန်းပါ... ငါက ဒါဟာနှိပ်စက်နည်းအသစ်ဖြစ်နေမှာကို စိုးရိမ်လို့ပါ"

"နင်လည်း ငါ့အတွက်တွေးပူရလွန်းလို့ ဆံပင်ဖြူတော့မယ်၊သနားစရာ အချစ်တုံးလေး ခွန်း"

"ပြီးတော့ ... ဟိုနေ့က ငါ့ကိုသူနဲ့မိတ်ဆက်ပေးတာက ဘာလို့နာမည်ပဲ မိတ်ဆက်ပေးပြီး တော်စပ်မှုကို မပြောရတာလဲ"

"ဘာကိုပြောတာလဲ ခွန်း...."

"ဪ.... ငါပြောတာက သူ့နာမည်က ခွန်းနွေတဲ့ ဆောင်းရဲ့သူငယ်ချင်းပါ.... ဘာညာပေါ့ဟာ၊ အဲ့လိုမျိုးပြည့်ပြည့်စုံစုံ ဘာလို့မပြောရတာလဲလို့"

"အဲ့ဒီအချက်က ငါ့အတွက် ကျည်ဆန်ဖြစ်ရင်ဖြစ်နေနိုင်တယ်လေဟာ၊ အဲ့တာကြောင့် တကယ်လို့ သူနင့်ကိုမေးလာခဲ့ရင်လည်း မပြောပြလိုက်နဲ့နော် ခွန်း"

"အွန်းပါ... နင်ကပေးထားတဲ့ကတိတွေကို ဘယ်တော့မှမတည်ခဲ့ပေမဲ့ ငါကတော့ နင့်ကိုချစ်လွန်းလို့ တည်ပေးပါ့မယ်"

"အိုး............ ခွန်းသာလျှင် အကောင်းဆုံး"

"လူတွေများအပြောင်းအလဲမြန်လိုက်တာနော်..... ပြောကို မပြောချင်ဘူး"

"မပြောချင်........ ဟဲ့ ခွန်း"

"ဘာလဲ စကားတဝက်တပျက်နဲ့ ဘာလို့ အလန့်တကြား ထခေါ်နေတာလဲ"

"ဟိုဘက် တစ်ဝိုင်းကျော်ကလူက ငါ့တို့ကို လှမ်းလှမ်းshowနေတယ်ဟ၊.... နင်ချက်ချင်းကြီးလှည့်မကြည့်လိုက်နဲ့နော် အရမ်းကြီးသိသာသွားမယ်"

".............."

"ခွန်း ..... နင်နဲ့များရန်ငြိုးရန်စရှိတာလား ၊ငါတော့အဲ့လူကို တစ်ခါမှမမြင်ဖူးဘူး"

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းDove le storie prendono vita. Scoprilo ora