Part-15(Unicode/Zawgyi)

809 63 2
                                    

သူမစောင့်မျှော်နေသော ရုံးဖွင့်ရက်ကျမှ အိပ်ယာထနောက်ကျသောကြောင့် ကားကိုအတင်းမောင်းလာသော ကောင်မလေးတစ်ယောက်...

မနက်စောစော ကုမ္ပဏီရှေ့က ဗန်ဒါပင်အောက်မှာ ရာသီမရွေးနေရောင်ခံနေတတ်တဲ့ ကောင်မလေး ဆောင်း...

ပါးပြင်ပေါ်သို့ဆင်းသက်လျှက်ရှိသော နေခြည်နုနုလေးများ...

မနက်စောစော စိတ်ကူးကိုယ်စီ၊အတွေးကိုယ်စီနှင့်ပြုံးနေကြသော နှုတ်ခမ်း‌ေလးများနှင့်နေ့စွဲလေးသည် ယနေ့ပင်ဖြစ်သည်။

ဆောင်းတစ်ယောက် မနေ့ညက ရှစ်နာရီထိုးတော့အိပ်ပျော်သွားပြီး မနက်စောစော နိုးနေသောကြောင့် စောစောလာကာ ဗန်ဒါပင်အောက်တွင် နေဆာလှုံနေခဲ့ခြင်းဖြစ်သည်။

စောစောအိပ်ပျော်ရသည့်အကြောင်းမှာ အရင်နေ့ညက ခွန်းနွေ၏ Surpriseကြီးဖြစ်သော / ငါ့နောက်လိုက်မှတော့ ငါ့ကိုကြိုက်လို့နေမှာပေါ့ဆောင်းရဲ့/ ဆိုသည့် စကားကို ထပ်ခါထပ်ခါပြန်ကြားနေသောကြောင့်ဖြစ်သည်။

ဆောင်းအတွက်တော့ အံ့ဩတာထက်ကို ပိုနေခဲ့သည်။

ခွန်းနွေမှာ အသားဖြူဖြူ၊ပိန်ပိန်ပါးပါးနှင့် ချောရုံသာမက တခြားယောက်ျားလေးများထက် နုရည်ဖက်ရည်ရှိသည်ကို သတိထားမိသော်လည်း ယခုကဲ့သို့ ဖြစ်လာမည်ကို ဆောင်းတစ်ခါမှပင်တွေးမကြည့်ဘူး။

ခွန်းနွေတစ်ခါက ပြောဖူးသည့် ငါ့ကိုဘယ်သူတွေကကြိုက်နေလဲ၊ငါကဘယ်သူ့ကိုကြိုက်နေလဲဆိုတာတွေသာ နင်အကုန်သိရင် လန့်သေသွားမလားပဲလို့ ပြောခဲ့ဖူးတာကိုပင် အမှတ်ရမိသည်။

ယခုပင်လျှင်လည်း ဆောင်းအတင်းအကြပ်မေး၍ မလွဲသာ မရှောင်သာ၍သာ ပြောပြခဲ့ခြင်းဖြစ်သည်။

ထိုနေ့က အိမ်အပြန်လမ်းတွင် ခွန်းနွေပြောပြခဲ့သည်ကား...
ထိုသူမှာ ခွန်းနွေထက်၆နှစ်ခန့်မျှကြီးပြီး ဆရာ၀န်တစ်ယောက်ဖြစ်သည်ဟုသိရသည်။

ထိုလူ၏အနေအထားနှင့်ရဲသွေးထက်၏ ဦးလေးဆိုသောအချက်နှင့်ပင် ထိုသူသည် အရမ်းချမ်းသာသော မြို့မျက်နှာဖုံးတစ်ယောက်ဖြစ်နေမှာ အသေအချာပင်။

နွေမှာပျော်တဲ့ဆောင်း / နွေမှာပျော်တဲ့ဆောင်းWhere stories live. Discover now