"ဆောင်း........."
"ခွန်း ............လာ ဒီမှာလာထိုင်"
နေခြည်နုနုလာရာအရပ်ကို မျက်နှာမူကာ သူမရဲ့လက်ချောင်းလေးတွေကြားထဲမှတဆင့်ရောင်ခြည်ဦးကို ချောင်းကြည့်နေရှာပြီး ကျွန်တော့်ကိုပါသူ့ဘေးမှာလာထိုင်ဖို့ခေါ်နေတဲ့ ကျွန်တော့်ရဲ့ အချစ်တုံးမလေး ဆောင်းရိပ်ချိုရယ်ပင်။
"ဘယ်လိုလဲ နေခြည်လေးတွေက လှနေတုန်းပဲလားနင့်အတွက်"
"ဒါပေါ့ ခွန်းရယ် .... အထူးသဖြင့် အခုလို ရောင်ခြည်ဦးတွေပေါ့၊ သူတို့က ငါ့ကိုအမြဲပျော်ရွှင်အောင်လုပ်နိုင်တုန်းပဲ"
"ဆောင်း ......နင်က အဲ့လိုလေး ပြုံးပျော်နေရင်အရမ်းချစ်ဖို့ကောင်းတာသိလား၊ ငါ့ရှေ့ကနေ ဘယ်တော့မှပျောက်ကွယ်မသွားလိုတဲ့ ပုံရိပ်လေးဟာ နင့်ရဲ့အခုလို အနေအထားလေးပဲ"
"နင်က ငါ့အပေါ်ချစ်တဲ့စိတ်နဲ့ ကြည့်လို့ပဲဖြစ်မှာပါ ခွန်းရယ်၊ အဲ့ဒီနေရောင်တွေကို ငေးမိတိုင်း အလုပ်မှာငါ အဆူခံနေရတာ တစ်ခါလည်းမကတော့ဘူးလေ"
"နင် တကယ်ရော အဆင်ပြေရဲ့လား.......၊ ငါ့ကိုစိတ်ပူအောင်မလုပ်စမ်းပါနဲ့ဟာ"
"ပြေပါတယ် ၊ပြေတယ်...."
" နင် အဲ့ဒီတုန်းကတည်းက အလုပ်ကိုထွက်လိုက်သင့်တာ ဆောင်းရာ........"
" အွန်း.......... ငါကိုယ်တိုင် ရွေးချယ်မိတာမို့ ငါပျော်အောင်နေမှာပါ ခွန်းရယ်"
"နင်က ကတိစကားတွေထားရှိတဲ့အပိုင်းမှာဆို အရမ်းအားနည်းတယ် ဆောင်း၊ ဒါကြောင့် နောက်ထပ် ဘယ်သူ့ကိုမှ ဘာကတိမှထပ်ပေးဖို့ မကြိုးစားနဲ့ ဆောင်း"
"နောက်ထပ်တစ်ခု....."
"ဘာ..........."
"နင့်အပေါ်မှာ နောက်ထပ်ကတိ တစ်ခုလောက်တော့ ငါထပ်ပြီး ပျက်ကွက်မိဦးမယ်ထင်တယ်"
"အင်းပါ............ နင်သာတကယ် ပျော်ရွှင်ရတယ်ဆိုရင်ပေါ့ ဆောင်းရယ်....."
"အွန်း ..... ငါလည်းကိုယ်တိုင်ပျော်ရွှင်ရလိမ့်မယ်လို့တော့ မျှော်လင့်တာပဲ ခွန်းရယ်"
"ကဲ ဒါဆို အခု ပျော်ရွှင်မှုကို စတင်ပြီး ရှာဖွေကြမယ်"
"Ok....ခွန်း ၊ဒီနေ့ ရုပ်ရှင်ကြည့်မယ်၊ဈေးဝယ်မယ်..... နင်စားချင်တာ အကုန်လုံးကိုလည်း ငါဝယ်ကျွေးမယ် ပြီးရင် မေမေတို့ဆီလည်းသွားမယ်"
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။