ကြည်ပြာရောင် Sunday နေ့လေးတစ်နေ့...
ခွန်းနွေတစ်ယောက် အချိန်ပိုင်းလုပ်နေသည့်အလုပ်မှာလည်း
အပ်သမျှအလုပ် အကုန်လုပ်ပြီးပြီဖြစ်သောကြောင့် မန်နေဂျာအမကို ပြောကာ စောစော အလုပ်သိမ်းခဲ့သည်။ဆောင်းနှင့်အပြင်မထွက်ဖြစ်၊စကားကောင်းကောင်းမပြောဖြစ်တာကြောင့်ဆိုလျှင်ပို၍မှန်မည်။
ဒီကောင်မလေးကို သူ သတိတွေရသည်။
ဒီနေ့တော့ ဆောင်းအတန်းချိန်စောစော ပြီးကောင်းပါရဲ့ဟုတွေးကာ လမ်းကြောင်းကို အန်တီကြူတို့အဆောင်သို့ ဦးတည်လိုက်သည်။"ဟာ အန်တီကြူ နေကောင်းတယ်နော်"
"ကောင်းပါတယ်တော်.. မင်းလည်း တနေ့တခြားပိုချော ၊ပိုနုလာတယ်နော် ခွန်းနွေ"
"ဟာ အန်တီကြူကလည်းဗျာ ..ချောတယ်ဆိုတဲ့အဆင့်မှာတင် ရပ်ထားလိုက်လို့မရဘူးလား... ဒါနဲ့ ဆောင်းရော ပြန်ရောက်ပြီလား"
"ရောက်ပြီ သားရဲ့ စောစောကတော့ရေချိုးနေတယ်...အခုလောက်ဆို သနပ်ခါး လိမ်းနေရောပေါ့.. ထိုင်ဦး အန်တီကြူသွားခေါ်ပေးမယ်"
မိဆောင်းတို့များ ချမ်းတတ်လို့သာ တော်ရာကျတော့တယ် .. ချိုးလိုက်ရတဲ့ရေ မနက်စောစောချိုး နေ့လည်လည်းချိုး အိပ်ယာ၀င်ခါနီးချိုးနဲ့ ...ရေချိုးတာကအစ အပြောကိုမလွတ်ဘူး..ဆူထားဦးမှရမယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့လေမဖြတ်နိုင်ဘူးလို့ဘယ်သူကပြောလဲ။
မကြောက် ကြောက်အောင်ကို လှန့်ပြောထားမှရမယ်။"ဟုတ်"
အန်တီကြူတို့အဆောင်မှာ မိန်းလမ်ဘေးကြီးမှာတင်ရှိသော အဆောင်ဖြစ်သောကြောင့် ဆောင်းကိုထိုင်စောင့်နေစဉ် ခဏလေးမှာပင် နားတွေအူထွက်နေတော့သည်။တချို့ ယဉ်များမှာလည်း တခြားယဉ်များထက်
အနည်းငယ် သာ၍ဆူညံလှသည်။အတွေးမဆုံးခင် လမ်း၏တစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်တော့ အဖြူရောင်ပြိုင်ကားလေး...။
ခွန်းနွေ ထိုကားနှင့်ကားပိုင်ရှင်ကို ကောင်းစွာသိသည်။
ကိုယ့်ကိုအချိန်ပြည့် နောက်ကနေလိုက်ချောင်းခံနေရတာ၊ Stalkခံနေရတာကို မသိရလောက်အောင်ထိတော့ ခွန်းနွေ မအူအသေးပါ။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။