Extra-3(part-2)Mature Words

9.7K 444 11
                                    

Update date~9/1/2021_8:31Pm.

Unicode....

သူရိန် နီသော်ရှိရာအခန်းကိုသွားဖို့ပြင်တော့   သုတတို့နဲ့တွေ့၏။  ထိုစဥ်သုတဘေးက သက်ဝေက သူရိန့်ကိုစကားလှမ်းပြော​လာ၏။

   "ကိုသု သွားနှင့်  ကိုသူရိန်နဲ့စကားနည်းနည်းလောက်ပြောမလို့ "
   
    "အေးအေး"

     သုတလည်းသွားတော့ သက်ဝေ သူ့သူငယ်ချင်း ဒီကိုလာတည်းက မျက်နှာမကောင်းတာရိပ်မိသောကြောင့်   အခြေအနေအကဲခပ်မိသလောက်  စကားတချို့ကို ဖန်တီးကာပြောလိုက်သည်။ 
   
    "နီသော်ကငယ်ငယ်လေးတည်းက မွေးစားမိဘတွေအလုပ်ခိုင်းတော့ ကလေးတန်မယ့် အလုပ်ကြမ်းတွေအကုန်လုပ်ခဲ့ရတယ်။  အိမ်မှာလည်းအိမ်မှာမို့ ကျောင်းမှာလည်းကျောင်းမှာမို့နဲ့   သူ့ကိုနွေးနွေးထွေးထွေးပြောဆိုဆက်ဆံပေးမယ့်သူမရှိခဲ့ဘူး...ဟိုနေ့တွေကလည်း သူတစ်ယောက်တည်းတဲ့  ကိုသူရိန်ကလည်းသူ့ကိုပစ်ထားတယ် ဆိုပြီး  အသံမကောင်းဘူး ဖုန်းဆက်လာတယ် ... ကလေးတွေကိုပြန်ခေါ်ချင်လို့တဲ့...ကျွန်တော်ကပြန်ပို့ပေးလို့ရပေမယ့်  ကိုသူရိန်နဲ့နီသော်က ဘာပြဿနာဖြစ်ထားလဲမသိတာနဲ့ ကြားထဲက ကလေးတွေစိတ်ညစ်နေမှာစိုးတာနဲ့  ပြန်မပို့လိုက်တာ ... သူ့ခမျာလည်း  ကိုသူရိန်နဲ့ ကလေးတွေစိတ်ချမ်းသာအောင်သာ  လုပ်ပေးပေမယ့်... သူ့အတွက်ကျတော့ တခြားသူအလုပ်ရှုပ်စိတ်ညစ်မှာလည်းစိုးရိမ်တတ်တာ...ကလေးတွေပြန်ခေါ်မယ်လို့ ထုတ်ပြောတည်းက  သူတော်တော်လေး  အထီးကျန်နေလို့သာ...အဲ့ဒါနဲ့ကလေးတွေကို​ပြောခိုင်းပြီး  ကိုသူရိန်နဲ့နီသော်ကို ဒီရောက်အောက်ခေါ်လိုက်တာ၊ ကိုသူရိန်လည်း နားချိန်ရအောင်လို့။ ကိုသူရိန်လည်း နီသော့်ကို တစ်ယောက်တည်းပစ်မထားပါနဲ့ ...နို့မို့ဆို တခြားသူလက်ထဲ ပါသွားလိမ့်မယ်ဗျ"
   
    သက်ဝေ ပိုပိုသာပြောလိုက်သည်။
 
   
    "ငါ နီ့ကိုပစ်မထားပါဘူး" သူရိန် မျက်ခုံးတွန့်ချိုးကာပြော၏။   နီသော့်ငယ်ငယ်ကအကြောင်းကြားမိတော့လည်း  သူစိတ်မကောင်းမိ။
   
    'ဟာ ဒီကလေးအဖေတော့  တစ်ယောက်တည်းဘာတွေတွေးပြီး ဝမ်းနည်းနေတာလဲ ကွာ'ဟုလည်း  စိတ်မကောင်းဖြစ်ကာ တွေးနေ၏။
   
    " ကိုသူရိန်ကြောင့် နီသော့် စိတ်ဆင်းရဲရရင်  ကလေးသုံးယောက်ရော  နီသော်ကိုပါ  ကျွန်တော်ခေါ်ထားမှဗျ...အတည်ပြောတာ "  သက်ဝေ စောစောက ထမင်းစားဝိုင်းမှာ နီသော် မျက်နှာမကောင်းသည့်ကိစ္စကို  မြင်ရာ စိတ်ပူကာ  ပြောလိုက်သည်။
   
    "အဲ့လိုမျိုးဆို  ဘယ်တော့မှမဖြစ်စေရဘူး  စိတ်ချ... "သူရိန်အရင်ထကာသွားလိုက်သည်။ 

LOVE BIRD (Completed) Where stories live. Discover now