EP-10

8.5K 551 9
                                    

unicode....


"ကလေးရဲ့မှတ်ဉာဏ်တချို့ပျောက်သွားတယ်ဆိုတာ .. သေချာလားဆရာ"



"ဟုတ်ပါတယ်...ဒီကလေးလေးက မကြာသေးခင်ကလည်း ကားအက်စစ်ဒင့် တစ်ခုကြောင့်ဆေးရုံတက်ထားတာမကြာသေးဘူးလို့ ဆေးမှတ်တမ်းရှိထားတယ် ထိတ်လန့်စရာတွေနဲ့ကြုံထားရတော့လေ မှတ်ဉာဏ်ပြန်ကောင်းဖို့ စောင့်ရလိမ့်မယ် "



ဒေါ်ဆွေသိန်း တုန်ယင်စွာနားထောင်နေသည်။ ဦးထော်မိုးသည် ဒေါ်ဆွေသိန်းအား လက်မောင်းရင်းမှကိုင်ကာ ထိန်းပေးထားလေသည်။ နှစ်ယောက်သား မျက်လုံးခြင်းဆုံမိကြရာ အဓိပ္ပါယ်ပါသည့်အကြည့်များဖြင့် အချင်းချင်းကြည့်နေကြလေသည်။ ဆရာဝန်လည်း လူနာအား စစ်ဆေးပြီးနောက်ထွက်သွားလေသည်။ ဆရာဝန်ထွက်သွားပြီးနောက် ဦးထော်မိုးနှင့် ဒေါ်ဆွေသိန်းတို့ ဝမ်းသာအားရ မအောင့်နိုင်ကာ အားပါးတရ ဟားတိုက်ရယ်နေကြသည်။ ထို့နောက်နီသော်အားကြည့်ကာ အံ့ကြိတ်ပြီးပြောနေကြလေသည်။



"ကောင်လေး နင်လည်းမြန်မြန်သေလိုက်တော့ ဟား...ဟား..."



"ကိုထော်မိုး... ရှင် အောင်သော်တို့ရဲ့ကုမ္ပဏီကိစ္စမြန်မြန်လုပ်တော့ ဒီကလေးကိုလည်းလက်စဖျောက်ပစ်ရမယ် "



ဒေါ်ဆွေသိန်းမျက်ခမ်းသားမာလာပြီး အထက်သို့ကွေးကာ ကောင်ကျစ်ယုတ်မာမှုများပေါ်နေသော မျက်လုံးတစ်စုံက ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသောနီသော်ကိုကြည့်ကာ သူ့ယောက်ျားအားပြောနေသည်။



အခန်းပေါက်ဝနားတွင် လက်ပတ်တီး စည်းထားသော ၈နှစ်အရွယ်ကောင်လေးတစ်ယောက်သည် ကျန်လက်တစ်ဖက်တွင် ဆေးပိုက်တန်းလန်းနှင့်ဆေးပုလင်းချိတ်တံကို ကိုင်ထားကာ ထိုအခန်းရှေ့မှဖြတ်လျှောက်ဟန် ပြင်နေသည်။ အခန်းအတွင်းမှ လူနှစ်ဦး ပြောသံများကို မတော်တဆ ကြားမိသွားပြီး အခန်းထဲသို့ မသိမသာလှမ်းကြည့်လိုက်သည်။ ကုတင်ပေါ်တွင် သနားစဖွယ်ကလေးလေးတစ်ယောက်သည် ဆေးအရှိန်ကြောင့်ထင် အိပ်ပျော်နေသည်။ အနောက်ပြန်ဆုတ်ကာ လူကြီးများကိုပြန်ပြောရန် သူ့အခန်းသို့ပြန်သွားလေသည်။ ခဏအကြာတွင် ဦးထော်မိုးလည်း သူ့လူယုံနှင့်ဖုန်းပြောကာ အပြင်ထွက်သွားလေသည်။ ဦးမိုးထော်ထွက်သွားပြီးနောက် အခန်းထဲသို့ နီသော့်အဖေ၏ရှေ့နေဦးဇော်သည် လက်ထဲတွင် အိတ်အနက်တစ်လုံးနှင့် ဝင်လာလေသည်။

LOVE BIRD (Completed) Donde viven las historias. Descúbrelo ahora