unicode....
သူရိန်လင်း ကုမ္ပဏီသွားရင် နီသော်တစ်ယောက်တည်း အိမ်ထဲ၌သာ အမြဲလိုလို တစ်ယောက်တည်းသာ ကျန်နေပြန်၏။ ကိုယ်ဝန်လည်းရင့်မာလာသောကြောင့် ကိုယ်လက်သိပ်မလှုပ်ရှားနိုင်ဖြစ်ကာ နေ့လည်ခင်း တစ်ရေးတမော အိပ်ရန်ပြင်တုန်း ဖုန်းကောတစ်ခု ဝင်လာ၏။ နီသော် ဖုန်းမျက်နှာပြင်မှာပေါ်နေသော ဖုန်းနံပါတ်ကိုကြည့်ကာ ဖုန်းနံပါတ်စိမ်း၍ မကိုင်ရန်ဆုံးဖြတ်ကာ ဖုန်းသံပိတ်ထားလိုက်သည်။ ဖုန်းမျက်နှာပြင်ကလင်း လင်းလာသည်။ လေး၊ငါး၊ ဆယ်ခါမက ခေါ်နေတော့ မကိုင်မချင်း ခေါ်နေမည်ကို သိသောကြောင့် နောက်ဆုံး၌ နီသော် ဖြေလိုက်သည်။
"ဟယ်လို"
"...."
တစ်ဖက်မှပြန်မဖြေ။ နီသော် ဖုန်းချရန်လုပ်မှ တစ်ဖက်က အသံဆာဆာနှင့်ထွက်လာသည်။ မိုခမ်းပင်။
" ဟယ် စိတ်မရှည်လိုက်တာ၊ ငါက နင့်ကိုသိစေချင်လို့ တကယ့်အရေးကြီးကိစ္စ ပြောပြမလို့နော်...နီသော်"
မိုခမ်း နီသော့်ကို စိတ်အနှောက်ယှက်ဖြစ်အောင် ဖုန်းဆက်ပြောခြင်းပင်။
" မပြောလည်းရပါတယ် မမိုခမ်း နေမကောင်းလို့ ဒါပဲနော်"
နီသော် မိုခမ်း ဘာပြောမည်ကိုသိကာ နားမထောင်ချင်၍ အပြတ်ပြောလိုက်သည်။ သို့သော်...
" ကိုသူရိန့်အကြောင်းပြောမလို့ "
"ကိုလင်း!...ဘာကိစ္စမို့လဲ"
တစ်ဖက်မှ မိုခမ်း မဲ့ပြုံးဖြစ်သွားသည်။ ထို့နောက် ဝမ်းသာသည် လေသံဖြင့် နီသော့်ကို စိတ်ဆင်းရဲအောင် တမင်ပြောလေတော့သည်။
" အိမ်ကလူကြီးတွေလေ ထွေးလေးနဲ့ ကိုသူရိန့်ကို အမြန်ဆုံးလက်ထပ်ပေးဖို့ စီစဥ်နေကြတယ်၊ ထွေးလေး ဗိုက်ထွက်လာရင် လူမြင်မကောင်းဘူးဆိုလို့တဲ့၊ လူကြီးတွေက ကိုသူရိန့်မှာ အိမ်ထောင်ရှိတာမသိကြဘူးလေ၊ ကောင်လေးတစ်ယောက်နဲ့ ဟိုလို သည်လိုပဲကြားထားကြတာရယ်၊ အစ်မတို့ကလည်း မပြောရဲကြလို့ ......အဲ့ဒါ နီသော် ကိုသူရိန့်နားကထွက်သွားပေးပါလား၊ အဲ့လိုဆို ကိုသူရိန်လည်း သိက္ခာမကျတော့ဘူးလေ၊ မဟုတ်တောင် နီသော့်ကို အိမ်မှာပဲနေခိုင်းတာမလား၊ ကလေးမွေးဖို့ကိစ္စလည်း မပူပါနဲ့ မခမ်းအကုန်စီစဥ်ပေးမယ်...ဟမ် ဘယ်လိုလဲ နီသော်" အချိုသပ်ကာဆို၏။
STAI LEGGENDO
LOVE BIRD (Completed)
Storie d'amore25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...