Ep-25(Final)

17.2K 666 35
                                    


unicode.....

လေယာဥ်ထိုင်ခုံ၌ မူယာမြင့်မှာ သူ့အမေသတင်းကြားပြီးနောက် သူ့အားနောက်ယောင်ခံလိုက်လာမည့်သူ ရှိမရှိ စိတ်ခြောက်လန့်နေကာ ဘေးဝဲယာကိုကြည့်နေသည်။ ရင်ဘတ်၌ အိတ်အမည်းကို ပိုက်ထားပြီး တစ်စုံတစ်ယောက်မှ ထိုအိတ်အား လုယူသွားမည်ကို စိုးရိမ်နေဟန်နှင့်။

"လေယာဥ် စတင်ထွက်ခွာတော့မည် ဖြစ်ပါသဖြင့် ခါးပတ် ပတ်ထားပေးပါရန်မေတ္တာရပ်ခံချင်ပါတယ်ရှင့်" ဟု လေယာဥ်မယ်၏ အပြုံးချိုချိုဖြင့် ပြောသံကြားမှ မူယာမြင့် သက်ပြင်းချနိုင်၏။

    အမှန်မှာ သူ့အဖေအရင်း ဦးအေးစိုးဖြစ်သည်ကိုလည်း သူငယ်ငယ်ကပင် သိထားသောကြောင့် ဦးစိုင်းမြင့်သူရှေ့ရောက်လျှင် စိတ်ထဲမလုံသလို ခံစားရ၏။ ဦးစိုင်းမြင့်သူ သူတို့မိသားစုအကြောင်း သိသွားသည့်နေ့က ဒေါ်သောင်းတို့အိမ်၌နေရသည်က စိတ်မသက်သာတော့ချေ။ ထို့ကြောင့်ပင် သူ့အမေထောင်ကျပြီးနောက် ဒေါ်မော်အေးဖွက်ထားခဲ့သောလက်ဝတ်ရတနာများနှင့် ထွန်းဝင်းမသိအောင် ယူလာသောဒေါ်လာများနှင့် သူရိန့်အားကြောက်၍ နိုင်ငံခြားသို့ ထွက်ပြေးခြင်းသာ။

    ထွက်ခွာသွားသည့် လေယာဥ်ကိုကြည့်နေသော လူနှစ်ယောက်မှာ ....

"ဆရာ လူလွတ်လိုက်ရမလား"

    ထွန်းဝင်းခေါင်းသာရမ်းလိုက်ပြီး ခပ်ဆွေးဆွေးမျက်နှာမှာ ခက်ထန်သောအသွင်ကိုရုတ်ခြည်းပြောင်းသွားပြီး အံကြိတ်သံဖြင့်ဆိုလာ၏။

"နေပါလေ့စေ သူတန်ရာတန်ကြေး ယူပြီးထွက်သွားတာပဲ....ဒါပေမယ့် မြန်မာနိုင်ငံကို လုံးဝပြန်မလာစေနဲ့"

ဆိုလိုရင်းကို ထွန်းဝင်းတစ်ယောက်သာ သိပေလိမ့်မည်။

" ကိုစိုး ထွေးတို့ နိုင်ငံခြားမှာပြောင်းနေရအောင်လား..."

"အင်း ထွေးသဘော...ဒါနဲ့ မိုခမ်းတို့ကို နှုတ်ဆက်ဦးမလား"

"တော်ပါပြီ သိရင်တားနေမှာ မမခမ်းအကြောင်းသိတယ်"

    ဒေါ်သူဇာ သာသနာ့ဘောင်သို့ဝင်ပြီး နောက်ရက်၌ နန်းအေးထွေးနှင့်ပိုင်စိုးတို့လည်း နိုင်ငံခြားသို့အပြီးတိုင် ပြောင်းသွားကြ၏။ အေးထွေးလည်း သူ့အစ်မအကြောင်းသိကာ မပြောတော့ပေ။

    ........

    မီးရောင်စုံဖြင့် လှနေသောလမ်းမထက်ဝယ် ဖြူသွယ်လှသည့် ခန္ဓာကိုယ်ပေါ်၌ ခြုံရုံထားသည့် လျှပ်ပေါ်လျှော်လီအဝတ်စားဖြင့် ယမကာမွှန်ထူနေပြီး ယိမ်းယိုင်နေသည့်ကိုယ်က အသိယောကျ်ားတစ်ဦး၏ ခေါ်ရာသို့ တွေဝေခြင်းမရှိ လိုက်ပါနေ၏။

"ဟာ ဒီညတော့ ပိုပေးရမယ်နော်...အရင်နေ့တွေက မဖြစ်စလောက်နဲ့ shopping ထွက်နေရတာ စိတ်ညစ်ဖို့ကောင်းတယ်"

"သဲကို ကိုယ်ပြောတယ်လေ သဲရဲ့ယောကျ်ားနဲ့ ကွာရှင်းလိုက်ပါလို့....အဲ့ဒါဆိုသဲအလိုကျပဲ "

"ဟိုကောင်က ဒီလောက်ပြောနေတာကို ကွာရှင်းမပေးဘူး၊ တတောင်းစားမိုးထက်ဦး! "

    အသိယောကျ်ားတစ်ဦး၏ ရင်ခွင်၌ အရက်မူးနေသော်လည်း သူပြောချင်ရာပြောပြီး အသိရှိနေသည့် မိုခမ်းမှာ မိုးထက်ဦး၏ ချင့်ချိန်ကာပေးသည့် အသုံးစရိတ်ထက် အတိုင်းထက်လွန်ပိုသုံးနေကာ ငွေကုန်သွားရင် မိုးထက်မှာ အသုံးကြမ်းသည့်မိုခမ်းအကြောင်းသိ၍ သတ်မှတ်ချိန်ရောက်မှ ပေးသောကြောင့် ယခင်ကမိုခမ်းအားပိုးပမ်းခဲ့သည့် ချမ်းသာသည့်လုပ်ငန်းရှင်၏ သားတစ်ဦးထံ ထိုအချိန်များတွင် ငွေရရန် အတူတူနေ၏။ နောက်ပိုင်း မိုးထက်ရှေ့၌ပါမရှောင် ထိုလူခေါ်ရာသို့လိုက်သွားတတ်၏။ ယခုလည်း သူ့အသုံးစရိတ်ပြတ်၍  လိုက်သွားလေသည်။

    ဤသို့ဖြစ်သည်က ဒေါသထွက်သောမျက်နှာဖြင့်မိုခမ်းကို သူရိန်အိမ်ရှေ့၌ သွားခေါ်ခဲ့သည်ကစလေသည်။တစ်ပတ်အတွင်းပြောင်းလဲသွားသော မိုခမ်းကြောင့် စိတ်ညစ်နေရ၏။ စီးပွားရေးအဆင်မပြေတာလည်းပါသည်။ ကွာရှင်းရန်လည်း မျက်နှာချင်းဆိုင်သည်နှင့် ပြောလေ၏။ မိုးထက်မှာ မိုခမ်းကို သူစိမ်းယောကျ်ားလာခေါ်ခေါ်သည်ကို တားသော်လည်း မရပေ။ မိုခမ်းကိုလည်း သူချစ်ရသည်မို့ မသိချင်ယောင်ဆောင်နေရသည်။

    အမြစ်တွယ်လှပါသည်ဆိုတဲ့ သစ်ပင်တောင် နဲ့ပါများရင် ကျွတ်ထွက်လာသေးရာ မိုးထက်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသည့် လူထဲကလူမို့ မိုခမ်းလိုချင်သည့် ကွာရှင်းစာချုပ်၌ လက်မှတ်ထိုးပေးထားပြီး ယခုနေသည့်အိမ်ကို နစ်နာကြေးအဖြစ်ပေးခဲ့ကာ စင်္ကာပူသို့ ထွက်သွားတော့သည်။

    မိုးထက်မှာလည်း သူရိန်ကို နှုတ်ဆက်ချင်သေးသော်လည်း မခေါ်ရဲပေ။ နီသော်နှင့် မိုခမ်းပြဿနာဖြစ်သည့်နေ့ကစ၍ သူရိန်မျက်နှာ၌ သူ့အား သတိထားနေဟူသော အကြည့်က ကြည့်သွားသောကြောင့် ယခုချိန်ထိ လန့်နေရသေး၏။

    နောက်နေ့မနက်၌ ဘဏ်ကဒ်တစ်ကဒ်ကိုကိုင်ကာ 'နင်မပေးလည်း ငါရလာပြီ' ဟူသော မျက်နှာဘေးနှင့် ကြွားရန်အသင့်ဖြစ်နေသည့် မိုခမ်းရောက်လာပြီး ဧည့်ခန်းစားပွဲပေါ်က ကွာရှင်းစာချုပ်ကို တွေ့ကာ ဝမ်းသာပျော်မြူးနေသည်။ မိုးထက်ကိုပင်လိုက်မရှာတော့ပေ။ စောစောက သူပြန်လာခဲ့သည့် သူဌေးသားဆီသို့ဝမ်းသာစွာ ပြန်သွားပြန်၏။

"ဟာ....ကိုနေ သဲလေ လွတ်လပ်ပြီ သိလား"
"အော်အေးအေး"

'နင့်ကိုသနားလို့ အတူနေပေးပြီး ပိုက်ဆံပေးပေးနေတာကို မသိဘူး အဟုတ်မှတ်နေတာ... နိုင်ငံခြားမှာကျောင်းတက်တုန်းက ငါလိုက်တုန်းက မတူမတန်သလို အရေးမလုပ်တဲ့ နင့်ကို ပြန်လက်စားချေတာ... အားကိုးစရာအဖေလည်းမရှိ၊ အခုတော့ဘာတတ်နိုင်သေးလဲ နန်းမိုခမ်း'

    သူဌေးသားရဲ့အတွေးကို မသိသေးသော မိုခမ်းမှာ မနေ့က ထိုသူပြောခဲ့သည့်စကားကို အဟုတ်ကြီးထင်နေကာ ပျော်နေသည်။ ဒါကြောင့် မိုးထက်အား ကွာရှင်းပေးရန် ဖိအားပေးခြင်းပင်။ သို့သော် မိုခမ်းရဲ့အပျော်က သူဌေးသားနေရဲ့ နောက်ကျောသို့ သိုင်းဖက်လာသည့်လက်တစ်စုံကြောင့် မကြာလိုက်ချေ။

"ကိုနေ ဒါကဘာသဘောလဲ"

    မျက်နှာပေါ်၌ အံ့သြမှုနဲ့အတူ ဖြူဝင်းသည့်လက်တစ်စုံက တုန်ယင်နေ၏။  မိုခမ်းအမေးကို သူဌေးသားနေမှာ မျက်ခုံးတစ်ဖက်သာပင့်ပြလိုက်သည်။

" ပြောတော့ မိုးထက်ကိုကွာရှင်းရင် ခမ်းအလိုကျဆို"

" အေးလေ ငါအရင်ကပြောတာပဲ...မင်းကိုတန်ရာတန်ကြေးပေးတယ်လေ ငါကအလကားရ အလကားစားတဲ့ကောင်မဟုတ်ဘူး...စောစောကတောင် မင်းကိုကဒ်ပေးလိုက်တာပဲ ပြီးပြီပေါ့...ဘာလဲ မိုးထက်နဲ့ကွာရှင်းထားတဲ့ မင်းကိုလက်ထပ်မယ်လို့မျှော်လင့်နေတာလား....ဟက် အိပ်မက်မက်နေလိုက် ငါက သူများသုံးပြီးသားပစ္စည်း ပြန်မသုံးတတ်ဘူး"

    သူဌေးသားနေက ခပ်ထေ့ထေ့ မျက်နှာနှင့် မိုခမ်းအား ခြေဆုံးခေါင်းဆုံး ရွံစရာပစ္စည်းတစ်ဖွယ်ကြည့်ပြီး ပြောလိုက်သည်။ ထိုသူဌေးသားအားသိုင်းဖက်ထားသည့် လက်ပိုင်ရှင်က အသံညူညူဖြင့် စိတ်မရှည်သလို ကြားဖြတ်စကားဆိုလာ၏။

" ကိုနေ ပြီးတော့မှာလား ဒီကအရှိန်တက်နေပြီကို...အယ်ဟိုကအစ်မလည်း ကိစ္စပြီးရင်ပြန်ပါတော့ လုပ်နေကြပဲဟာကို ဘာတွေပြဿနာ လာရှာနေတာလဲ"

    မိုခမ်းမှာ ဘာမှမပြောနိုင်တော့ကာ အံ့သြခြင်းကထပ်ဆင့်နေပြီး သူ့ရှေ့က ပလူးနေသည့် သူနှစ်ယောက်အား မကြည့်ချင်တော့ကာ ထွက်လာခဲ့တော့၏။ မိုခမ်း သူကိုယ်တိုင်ရှို့ခဲ့သည့်မီးက သူ့ကိုပြန်လောင်မြိုက်နေလေသည်။

.....

    နီသော် အသက်ဘေးမှပြန်လွတ်လာပြီး ဆေးရုံ၌ ၁ပတ်နေရလေသည်။ ကုတင်ဘေးပုခက်မှ သူရိန့်ပေါက်စ ၃ယောက်ကို ကြည့်ကာ ဝမ်းသာကြည်နူးနေ၏။ အလတ်လေးက နီသော်နှင့် ဆံပင်ကောက်တာလေးပါတူပြီး အကြီးလေးနှင့် အငယ်လေးမှာ သူရိန်ရုပ်နှင့်တစ်ပုံစံတည်းသာ။ အာထရာဆောင်း ရိုက်တုန်းက ယောကျ်ားနှစ်ယောက်သာတွေ့ရ၏။ သားဖွားဆရာမပင် အာထရာဆောင်မှတ်တမ်းကို ကြည့်ပြီး သုံးမွှာပူးမွေးလာသောကြောင့် အံသြနေ၏။

    တစ်ပြိုက်နက်တည်း အူဝဲဆိုသည့်အသံက ကလေး၃ယောက်လုံး နို့ဆာနေကြောင်းအချက်ပြလာ၏။ သက်ဝေရှာပေးထားသော သားသည်မိခင်၂ယောက်မှာ အပြေးအလွှားဝင်လာကြ၏။ နီသော်မှာ ဗိုက်ခွဲထားသည့်အရှိန်ကြောင့် လှုပ်လှုပ်ရှားရှားနေလို့မရသေး။ သားအိမ်ပါလာသော်လည်း နို့ရည်တို့ကမထွက်ပေ။ ကလေးများနို့ဆာလာရင် သူ့ရင်အုံကတင်းလာသည်ကို ခံစားမိသည်။ သို့သော် နို့ရည်ကမထွက်သောကြောင့် ကလေးငယ်သုံးယောက်အား နို့ချိုတိုက်ကျွေးမည့် သားသည်မိခင်ကိုသာ ငှားထားရ၏။
နီသော် နို့မသောက်ရသေးသော ကလေးငယ်ကို ရင်ခွင်ထဲ အသာပွေ့ထားပြီး....

'သားသားတို့ ဖေဖေလည်း သားတို့ကိုတွေ့ရင် ဘယ်လိုနေမလဲမသိဘူး...ကိုလင်း ဘဝသစ်ပဲ ထူထောင်နေပြီလား'

    နီသော် တစ်ချက်ရှုံ့လိုက်ပြီး သမီးငယ်အားနို့တိုက်ပြီး ရင်ခွင်ထဲမှ သားငယ်ကို နို့တိုက်ရန် ပေးလိုက်သည်။ ကလေးတို့မှာ နို့တိုက်သည့်မိခင်က နို့ကောင်းသည်လား မသိ။ သုံးမွှားပူးလုံး ဝကစ်ကစ်လေးကို ဖြစ်နေ၏။ နီသော်မှာ သူ့သားသမီးတို့ကိုကြည့်ကာ ပီတိဖြစ်နေပြီး သူ့ဘဝပြည့်စုံနေပြီဟုခံစားရ၏။ သို့သော် ဘယ်ဘက်ရင်အုံက လိုအပ်သည့် ထပ်တူကျ နှလုံးသားတစ်ခုတော့မပါသေးချေ။

" ခွဲထားတဲ့နေရာက အဆင်ပြေလား"

    သုတဦးမှာ ကလေးအတွက် လိုအပ်သည့်အသုံးအဆောင်များကို ထွက်ဝယ်နေပြီးနောက် ဆေးရုံးအခန်းသို့ ဝင်ဝင်ချင်း မျက်နှာမကောင်းနေသည့် နီသော်ကြောင့် မေးလိုက်သည်။ သက်ဝေမှာ နို့တိုက်မိခင်တစ်ဦး လှမ်းပေးသည် အကြီးကောင်လေးကို ပွေ့လိုက်ပြီး နီသော့်ကုတင်ပေါ်ထိုင်လေသည်။

"ကျေးဇူးပါ ကိုသုတ သက်ဝေ... ချုပ်ရိုးအနာကအဆင်ပြေပါတယ် ကိုလင်းကိုသတိရလာလို့ပါ စိတ်မပူပါနဲ့ "

    နီသော် အငယ်ဆုံးလေး၏ လက်သေးသေးဖောင်းဖောင်းလေးကို အသာဖွကိုင်ပြီး အပြုံးလေးဖြင့် ပြော၏။ ထို့နောက် အခန်းထဲသို့တစ်ချက်ဝေ့ကြည့်ပြီး သုတဦးလက်မှ ကလေးအသုံးအဆောင်နှင့် ကစားစရာပစ္စည်းများကိုကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ချင်သွား၏။ သက်ဝေအားစကားဆိုလိုက်သည်။

"သက်ဝေ မင်းရောပါသွားတယ်မလား...ဘာလို့မတားတာလဲ ဆေးရုံအခန်းတစ်ခုလုံးလည်း ကလေးကစားကွင်းဖြစ်တော့မယ် ကလေးတွေက အခုမှ ၈ရက်ရှိသေးတာ ဒါတွေမကစားတတ်သေးဘူးလေ "

နီသော်စကားဆိုတော့ သက်ဝေမှာ သုတဦးဘက်ကလိုက်ကာ...

" နီသော် ကလေးတွေကိုချစ်လို့ဝယ်ပေးတာလေ အခုမဆော့လည်း နောင်ကြီးလာရင် ဆော့လို့ရတာပဲ... ကိုသုတက သူ့တူတွေကို အဖြစ်သည်းပုံပြလိုက်ချင်သေးတာ ဒါတောင်မနိုင်တော့လို့ မဝယ်ပဲထားခဲ့ရတာတွေ ကျန်သေးတယ်"

သက်ဝေအပြောကြောင့် နီသော်မှာ မျက်လုံးပြူးနေ၏။ သုတဦးအကြီးဆုံးလေးကို ချော့မြူနေ၏။

" အမယ် ဖအေတူသားလေး "

'သားတို့ဒယ်ဒီကလည်း သားတို့ကိုတွေ့ချင်နေမှာရယ်' အတွေး၌သာ။

    သုတစကားကြောင့် နီသော်ဦး ပြုံးနေမိ၏။ နီသော် ခွဲခန်းကထွက်လာသည့်နောက် သတိမရသေးချေ။ နိုးလာသည့်အချိန်တွင် သုတဦးမှာ သူရိန်ကိုဖုန်းဆက်သွယ်ရန် ပြင်နေသည်။ နီသော်လည်း သူရိန့်ဘဝကို မနှောင့်ယှက်ချင်ကာ သူမပြောပြချင်သည့် ဒေါ်သောင်းအိမ်ကကိစ္စတချို့ကို ပြောပြလိုက်တော့၏။ သုတဦး ဒေါ်သောင်းဆုံးသွားသည်ကိုသိတုန်းကလည်း အံ့သြနေ၏။ သက်ဝေလည်းနားချပြီး နီသော်ဦးလည်း တောင်းဆိုမှုကြောင့် သူရိန်ကိုမဆက်သွယ်တော့ချေ။

"သူရိန့်ကလေးလည်း ငါတို့ကလေးပေါ့"

    သုတဦးကလေးပုခက်နားသွားကာ မွေးကင်းစကလေးလေးတို့မျက်နှာကို မြင်ပြီးနောက် သူပါစောင့်ရှောက်မည်ဟု ပြုံးပြုံးနှင့် ပြောလာလေ၏။ ကလေးများမှာ တစ်ရက်သားပင်ရှိသေး၏။ ကစားစရာအရုပ်များ ဝယ်လာလေ၏။ ဘေးမှ သက်ဝေနှင့်အတွဲညီချက်ကလည်း သြချရလောက်သည်။ နီသော်ကိုလိုလေသေး မရှိလုပ်ပေးလေသည်။ ခွဲခန်းထဲ သူ့ကိုသွေးလှူသည့် အလှူရှင်မှာ သုတဦးဆိုတာ သိရပြန်တော့လည်အားနာရပြန်သည်။

    ဆေးရုံဆင်းပြီး နီသော်ယခင်နေ့က ငှားထားသော တစ်ထပ်အိမ်လေး၌သာနေ၏။ သက်ဝေ သူ့တို့နှင့်အတူတူနေရန် ခေါ်သော်လည်း နီသာ်အားနာကာ မနေပေ။ အားနာသည်ဆိုတာထက် သူရိန်နှင့်တွေ့ရမည်ကို စိုးရိမ်နေ၏။

'သူ့အားတွေ့ချင်နေပါ့မလား၊ သူ့များမုန်းသွားပြီလား၊ တွေ့ရင်ရော ကလေးတွေကို သူနဲ့ခွဲထားမလား' ဟူသောအတွေးများဖြင့် စိတ်ပူနေလေ၏။

    အိမ်အတွင်း၌ ကလေးတို့ ထိခိုက်ပွန်းပဲ့မှုမရှိအောင် သက်ဝေခင်းကျင်းပေးသွားသည့် ရောင်စုံ အမွေးပွကော်ဇော်ကို ကြမ်းခင်းတစ်လျှောက်ခင်းထားပြီး သုံးမွှာတို့ကစားရန် ကစားစရာမျိုးစုံကို ဆင်ထားသေး၏။ ပန်းနုရောင်သစ်သားပုခက်လေး ၃ခုကလည်း စီတန်းနေသည်။ ထိုပုခက်လေးထဲ၌ ငြိမ်သက်စွာ အိပ်မောကျနေသော ကလေးလေးတို့သုံးယောက်မှာလည်း ချစ်စဖွယ်ပင်။ နီသော်မှာ ထိုကလေးသုံးယောက် ဝေယျာဝေစ္စ ဖြင့်တစ်နေ့တစ်နေ့ အချိန်ကုန်လို့ ကုန်မှန်းမသိတော့ချေ။ သက်ဝေ သူအားသည့်အချိန်တွင်တော့ ကလေးကူထိန်း၏။ ကလေးတွေ ၇လပြည့်တော့ နို့တိုက်မိခင်မခေါ်တော့ချေ။ သုတဦး အင်္ဂလန်မှမှာပေးသည့် နို့မှုန့်၊အားဖြည့်အစားအစာတို့ကိုသာကျွေးတော့သည်။ ကလေးသုံးယောက်မှာ ဝကစ်ကစ်လေးဖြစ်နေကြ၏။ အရင်က ၃ယောက်ပြိုင်ပွေ့ချီနိုင်သည့် နီသော်မှာ မချီနိုင်တော့ချေ။

"သက်ဝေ ဒီနေ့တစ်ယောက်တည်းလား လက်ထဲကလည်း အထုပ်နဲ့ ရန်ဖြစ်လာတာလား"

သက်ဝေမှာ သက်ပြင်းချလိုက်ပြီး လေးပင်ကာ ခေါင်းငြိမ့်လိုက်ပြီး ဆိုလာ၏။

"အေး စင်္ကာပူ ဟိုတယ်ကအတွင်းပိုင်း အလှဆင်မယ့်ပစ္စည်းတွေပါတဲ့သင်္ဘောကမရောက်သေးလို့ အခြေအနေသွားကြည့်တယ် အသစ်ထောင်ထားတာမကြာသေးတဲ့ ရှယ်ယာရှင်အစည်းအဝေးပွဲလည်းတက်ရင်းပေါ့"

    သုတဦးမှာ သူရိန့်အား သူတို့ဒီရောက်သည့်အချိန်မှစ၍ ပထမဆုံးအကြိမ် သွားတွေ့လေ၏။ သုတဦး သူရိန့်အား မည်သိုမည်ပုံမြင်ခဲ့ရသည်မသိ စိတ်မကောင်းနေ၏။ ဒီသုံးမွှာပူးလေးတို့နှင့် တွေ့ပေးရန် ပြောလာသည်။

" သူရိန် လွမ်းနာကျနေတာနေမှာ မျက်နှာက လုံးဝမကောင်းဘူး" ဟုခဏခဏလာပြော၏။ ထိုအကြောင်းအား အမှန်အတိုင်း နီသော်ဝမ်းနည်းမည်စိုးကာ မပြောပြတော့ပေ။

    နီသော် ကလေးတွေအတွက် နို့မှုန့်၃ဘူးဖျော်ပြီး အအေးခံထားကာ အမွှေပွအခင်းကြီးပေါ် ၃ယောက်သား တစ်ခစ်ခစ်နှင့်ရယ်ပြီး ဆော့နေကြသော ကလေးတွေနားထိုင်လေသည်။

" ဘာတွေရယ်နေကြတာတုန်း ဖေဖေကိုလည်းပြောပါဦး"

    ထိုစဥ် အလတ်သားလေးက ရယ်နေရင်းက ရုတ်တရက်ထငိုလေသည်။ နီသော် ရင်ခွင်ထဲ ထည့်ချီကာ ကလေးလေးကို အငိုတိတ်အောင်ချော့လိုက်သည်။ မတိတ်ပေ၊ ပို၍ပင်ငိုလာ၏။ နို့ဆာလို့ငိုသည်ထင်၍ အအေးခံထားသော နို့ဘူးကို ယူတိုက်လိုက်သည်။ အငိုကမတိတ် နို့ဘူးလည်းမစို့သောကြောင့် နီသော် စိုးရိမ်လာ၏။ အလတ်လေးငိုသောကြောင့် ကျန်နှစ်ယောက်မှာ ချစ်စဖွယ်မျက်နှာလေးနှင့် အလိုက်သသိ တိတ်တိတ်နေနေကြ၏။ နီသော် ကလေးကိုကြည့်ရင်းမှ ဒိုက်ဗာကိုကြည့်လိုက်သည်။ ၂ယောက်သာလဲပေးရသေးပြီး အလတ်လေးကာဒီတိုင်းသာ မလဲရသေးချေ။ ထို့ကြောင့် အီးပါသည့်အထင်နှင့် အလတ်လေးရဲ့ ဒိုက်ဗာကို လဲပေးရန်ချွတ်လိုက်သည်။ သို့သော်ဒိုက်ဗာမှာ မပေသေးပေ။ ထိုမှ နီသော် အလတ်လေး ဝမ်းချုပ်၍ ငိုနေသည်ဟု တွေးလိုက်သည်။ ထည့်စရာရှိတာများထည့်ပြီး ကလေးကို ရင်ခွင်မှပိုးကာ ကလေးအထူးကုပြရန် ပြင်မှ သက်ဝေအပြင်သွားတာက ပြန်မလာသေးပေ။ ကလေး၂ယောက်တည်းထားခဲ့ဖို့က မဖြစ်နိုင်။ကလေးမှာငိုရ၍ ဖြူဖွေးသောမျက်နှာရဲနေပြီ။ နီသော်လည်း ကလေးငိုသံကြောင့် ဘာမှမတွေးနိုင်တော့ကာ ကလေး၂ယောက်ကို ရှေ့၌သာပိုးလိုက်ပြီး တစ်ယောက်ကို ခါးဘေးမှပွေ့ထားလိုက်သည်။ လသားလေးတွေမို့ ပိုးချီရသည်က လွယ်တော့ မလွယ်ချေ။ အိမ်ရှေ့ ခေါ်ထားသည့် တက္ကဆီ ကလည်းမလာသေး၍ မျှော်နေရသေး၏။ ထိုတက္ကစီကားအစား တန်ဖိုးမြင့်ကားတစ်စီးသာ အိမ်ရှေ့ရောက်လာလေသည်။

.....

"ဘော့စ် ဒီနေ့အထိ စစ်ဆေးကြည့်သလောက် ဘော့စ်အမျိုးသားက မန္တလေးမြို့မှာပဲရှိဦးမှာပါ၊ တည်နေရာကို ဆက်လက်စုံစမ်းနေပါတယ်...ပြည်ပအထွက်စာရင်းမှာတော့ မူယာမြင့်နဲ့ ပိုင်စိုးတို့လင်မယားပဲတွေ့ပါတယ်...သွားတဲ့နေ့တော့မတူကြပါဘူးဗျ"

" ထွန်းဝင်းအုပ်စုရဲ့ ရပိုင်ခွင့်ကို အပြည့်အဝပေးလိုက်ပါ"

    ခမ်းနာထည်ဝါလှသည့် ရွှေမြေကုမ္ပဏီရဲ့ ရုံးခန်း၏ ဆိုဖာပေါ်တွင် ထိုင်နေသော သူရိန်မှာ လက်တော့ပ်တစ်လုံးဖြင့် အလုပ်ရှုပ်နေပြီး ဘေးမှ အတွင်းရေးမှူးဝင်းသူ တင်ပြသမျှကိုလည်း နားထောင်နေသည်။ သူရိန် ကီးဘုတ်ပေါ်တင်ထားသည့် လက်ကရပ်သွားပြီး စူးစမ်းနေသည့်အရာက ရသွားသောကြောင့် 'YES' ဟုတစ်ချက်အော်လိုက်ပြီး ဝင်းသူထံ မေးဖြင့် လိပ်စာတစ်ချို့ ပို့ပေးလိုက်သည်။

"အလုပ်ပြီးရင် ပို့ထားတဲ့မေးကလိပ်စာတွေမှာသွားကြည့်ပေးပါဦး"

    သူရိန်မှာ အလုပ်ရှင်ဖြစ်သော်လည်း ဝင်သူအား ခုတလောပိုင်း ကုမ္ပဏီအလုပ်ရော ကိုယ်ရေးကိုယ်တာပါ အကူအညီရ၍ အားနာသမှုဖြင့် ပြောလိုက်သည်။ သူလည်း ရလာသည့် လိပ်စာနေရာသို့သွားရှာလေသည်။' သတ္တိခဲလေးက ဗိုက်ကြီးတကားကားနဲ့ ဘယ်ကိုများသွာနေနေတာလဲ။ ' ပြဿနာတချို့နှင့်ရှုပ်နေသောကြောင့် သူရိန်မှာ နီသော်ကလေးမွေးရမည့်ရက်လည်းမသိလိုက်ပေ။ ဦးမိုးဆေးရုံမှ နီသော်ပြနေကြသားဖွားမီးယပ်နှင့်တွေ့လေသည်။ ဆရာဝန်မ ပြောသည့်အတိုင်းဆို နီသော် ဒီရက်ပိုင်း ကလေးစောမွေးရင်မွေး။ မမွေးရင် ခုချိန် ဆေးရုံတက်နေရမည်။ နီသော် ဦးမိုးဆေးရုံတော့လာမည်မထင်ဟုမှန်းလျက်။ သူရိန် ဦးမိုးကို အကူအညီတောင်းကာ မန္တလေးတစ်မြို့လုံးရှိဆေးရုံများသို့ ရှာစေ၏။ သူရိန်ခဗျာ လင်ပူမိနေရှာ၏။

    သူရိန် ကုမ္ပဏီသို့ပြန်လာရာ ဦးစိုင်းထန်ထိုင်သွားသည့်နေရာတွင် နန်းမိုခမ်းကိုတွေ့သည်။ ဆံပင်ကေမှာတိုသွားပြီး အရင်လိုမာန်ဖီ နေဆဲမျက်နှာဖြင့် သူရိန်အားကုမ္ပဏီအဝင်ဝ၌ မြင်သည်နှင့် မိုးထက်အကြောင်းလာမေးနေ၏။ သူရိန် မိုခမ်းကို မမြင်သလိုလုပ်နေရာမှ မိုးထက်ဦး နာမည်ကြားကာ ခြေလှမ်းကရပ်သွားပြီး ကုမ္ပဏီက ဝန်ထမ်းတချို့ကို မျက်မှောင်ကြုတ်ကာ စကားတစ်ခွန်းသာ အော်လိုက်၏။

"Security!!!"

    သူရိန်အသံကြားကာ လုံခြုံရေးများမှာ အပြေးအလွှားရောက်လာကြပြီး မိုခမ်းကိုဆွဲထုတ်သွားကြသည်။ မိုခမ်းလည်း ပါးစပ်မှ သူရိန်အား စူးစူးဝါးဝါး ဗလုံးဗထွေးလှမ်းအော်သွား၏။

    ခဏကြာတွင် အတွင်းရေးမှူး ဝင်းသူရောက်လာကာ သူရိန်ဝင်းသူကို ဧည့်သည်အဝင်အထွက်နှင့်ပတ်သက်သည့်ကိစ္စကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် မှာကြားလိုက်သည်။
   
  
    မိုခမ်း သူရိန့်ကုမ္ပဏီကနေ မောင်းထုတ်ခံရပြီးနောက်   သူဌေးသားနေကို တောင်းပန်ခယပြီး အလုပ်တစ်ခုပေးရန် တောင်းဆိုလေသည်။  
   
   " နန်းမိုခမ်းလားခင်ဗျာ"
   
    မြို့ပတ်လမ်းရဲ့ အပင်ထူထပ်ရာတွင် သူဌေးသားနေကို အထုပ်တစ်ထုပ်ပေးရန် စောင့်နေသည့် မိုခမ်းကို စက်ဘီးတစ်စီးဖြင့် အသက်အရွယ် ၄၀ကျော်ဟန်နှင့် လူတစ်ဦးက လူနာမည်သေချာအောင်မေးနေသည်။ မိုခမ်းလည်း သူဌေးသားနေလွတ်လိုက်သည်အထင်နှင့် ကျားခံတွင်းဝ ရောက်နေသည်ကို သတိမထားမိကာ ဖြေလိုက်၏။

"ဟုတ်ပါတယ်"

ထိုလူမှာလည်း ဟုတ်တယ်လည်းဆိုရော ခါးကြားထိုးထားသည့် လက်ထိပ်ကိုထုတ်ကာ...

"ဒေါ်နန်းမိုခမ်း မင်းကို မူးယစ်ဆေးလက်ဝယ်ထားရှိမှုနဲ့ ဖမ်းလိုက်ပြီ " ဟုဆိုပြီး ဘယ်အချိန်ကရောက်နေမှန်းမသိသော ရဲကားပေါ်တင်သွားတော့သည်။ လူမိုက်တို့၏ ဘဝနိဂုံးက သူတို့လာရာလမ်းကိုသာ သွားရ၏။ 

   
  ........................ 

   
"ဘော့စ်...ကိုနီသော် အိမ်ကနေထွက်သွားပြီး စီးသွားတဲ့ တက္ကစီကားသမားပြောတာအရ ကောင်လေးတစ်ယောက်လာခေါ်သွားတယ်တဲ့ ပြီးတော့ ကားသမား နားစွန်နားဖျားကြားလိုက်တဲ့ နာမည်က သန့်ဝေ လို့ပြောတယ်"

"သက်ဝေ...သန့်ဝေမဟုတ်လောက်ဘူး"

    သူရိန် လက်တော့ပ်မှန်ပြင်ကပေါ်နေသည့် အမွှာနှစ်ယောက်ရဲ့ အာထရာဆောင်းကို ကြည့်နေရင်းပြောလိုက်၏။ ရုတ်တရက် နီသော်အားရှာရန် မျှော်လင့်ချက်ရသွားသလို မျက်နှာတွင် အပြုံးလေးဖြစ်လာသည်။

" ဒါဆို ဟိုလင်းတပါရောက်နေပြီပေါ့...ကြည့်စမ်းငါ့ကို မဆက်သွယ်ဘူး.... ဝင်းသူ  ရှယ်ယာရှင်အစည်းအဝေးလုပ်မယ် အသင့်လုပ်ထားပါ "

"ဟုတ်ကဲ့ဘော့စ် ပြင်ထားလိုက်ပါ့မယ်"

    သူရိန့် ညွှန်ကြားသည့်အဓိပ္ပာယ်ကို သိသော အတွင်းရေးမှူးမှာ ရှယ်ယာရှင်ထဲမှ သုတဦးတစ်ယောက်သာ အကြောင်းကြားထား၏။ သုတဦး အစည်းအဝေးပွဲသို့ လာရာ ခန်းမ၌ သူတစ်ယောက်သာရောက်နေ၍ အချိန်များမှားသလားဟု လက်ကနာရီကို အခါအခါပြန်ကြည့်နေလေသည်။ ထိုစဥ် သူရိန်ဝင်လာပြီး စကားနာထိုးတော့သည်။

" လင်းတ ငါခေါ်မှပဲပေါ်လာတော့တယ် "

သုတဦးမှာ ဘာရယ်မဟုတ် သူ့အားနီသော့်အကြောင်းမေးမည်ကို စိုးရိမ်နေသည်။

" ငါလည်းရောက်တာမကြာသေးဘူး ... ခုတလော စင်္ကာပူဟိုတယ်က ကိစ္စနဲ့မအားဘူးဖြစ်နေတာ "

" ဒါနဲ့သက်ဝေရော"

    သူရိန်က ဘာရယ်မဟုတ်မေးလိုက်သော်လည်း သုတဦးမှာ စိတ်မလုံတော့ချေ။ သူရိန့်မျက်နှာ သတိထားကြည့်မိမှ မျက်နှာအရင်ကထက်ချောင်ကျနေပြီးမျက်နှာလည်း မကောင်းချေ။ ငယ်ငယ်တည်းက ဝမ်းနည်းရင်တောင် တဟားဟားဆိုပြီး အကြောင်းမရှိမကြောင်းရှာ ရယ်ပြီး ဖုံးတတ်တဲ့ကောင်က အခုတော့ မျက်နှာမှာ အတိုင်းသားပေါ်နေ၏။ တခြားသူတော့မသိပေမယ့် ငယ်ငယ်ကပေါင်းလာတဲ့ကောင်မို့ သိသည်။
" ငချိပ် မင်း နီသော်နဲ့ဘာဖြစ်လဲတော့ ငါသေချာမသိဘူး ဒါပေမယ့် ဘေးလူအနေနဲ့ကြည့်ရသလောက်  မင်းအချစ်မှိုင်းမိချက်ကတော့ နှစ်၁၀၀လောက်ကွဲကွာနေတဲ့ ကိန္နရီ၊ ကိန္နရာလိုပဲ"
    သုတဦးမှာမနေသာတော့ပဲ အမွှာလေးတွေအိပ်နေတဲ့အချိန် ရိုက်ထားတဲ့ ပုံတွေကိုပြလိုက်တော့သည်။ ပြီးနောက် နီသော်ကလေးတွေကို ချော့မြူနေသည့် ဗီဒီယိုပါပြပေးလိုက်၏။ သူရိန် စကားပင်မဆိုနိုင် ဝကစ်ကစ်ကလေးပုံကို ကြည့်ကာ ဝမ်းသာနေ၏။ ပျော်လို့ထင်သည် မျက်ရည်များလည်း ကျလာသည်။ သူရိန် ပုံများကြည့်ရုံနဲ့တင်မနေနိုင်တော့ကာ တွေ့ချင်နေတော့၏။

" သုတ ငါ့ကိုလိပ်စာပေးပါ ငါမနေနိုင်တော့ဘူး ပုံတွေမြင်ပြီး ကလေးတွေကို တွေ့ ချင်လှပြီ ပြီးတော့ နီ့ကိုရောပဲ "

" ငါပေးလိုက်လို့ကရတယ် ဒါပေမယ်လို့ မင်းမှာနန်းမိုခမ်းညီမနဲ့လက်ထပ်ထားတယ်ဆို နီသော်အဆင်ပြေပါ့မလား မင်းအိမ်က အဒေါ်တွေအစ်မတွေကရော သူ့ကိုလက်ခံပါ့မလား"

    သုတဦးမှာ ဒေါ်မော်အေးတို့အကြောင်းကို မသိသေး၍ အလန့်တကြားပင် ဆိုရ၏။ သုတဦးအပြောကြောင့် သူရိန့်မျက်နှာ တင်းခနဲဖြစ်သွား၏။

" သူတို့က အခုမရှိကြတော့ပါဘူး...ပြီးတော အေးထွေးနဲ့ ဘော့စ်က လက်မထပ်ပါဘူး ကြားထဲက သူ့အစ်မက ဝင်မွှေတာပါ"

ကြားမှ ဝင်းသူက ထိုကိစ္စကို သူရိန့်ကိုယ်စား အခဲမကျေသေးကာ ဝင်ပြောလိုက်သည်။

" နီသော် ကလေးမမွေးခင်က ငါမင်းကို လှမ်းပြောမလို့ပဲ သက်ဝေကသူ့သူငယ်ချင်းကို စိတ်မချနေတာနဲ့ .. နေဦး ငါအခြေအနေအရင်ကြည့်ဦးမယ် အိုကေရင်တော့အကြောင်းကြားပေးမယ်၊ မင်းသွားကြည့်လို့ရအောင် လိပ်စာတော့ ပေးထားမယ် "

    သုတဦးပေးထားသော လိပ်စာနှင့် နီသော်ရှိရာသို့ ချက်ချင်းပင်သွားကာ ရင်ခုန်စွာနှင့် အဝေးကနေသာ လှမ်းကြည့်နေရှာသည်။   ဒီလိုနှင့် ၆လကြာခဲ့၏။ နေ့တိုင်းမပျက်ကွက် အိမ်အနီးကိုလာကြည့်ရသည်ကအမောပင်။ နောက်ပိုင်း နီသော်မျက်စောင်းထိုးနားက တိုက်ပုလေးကို ဝယ်ကာ သူပါနေလိုက်သည်။ ကုမ္ပဏီကို ထိုချိန်မှစ၍ ၂နာရီသာပုံမှန်သွားပြီး ထိုအိမ်၌သာ အလုပ်လုပ်တော့သည်။ သုတဦးကိုပြောကာ ကလေးတွေအတွက်လိုအပ်သည့် အဟာရမှုန့်များကိုလည်း သူရိန် အင်္ဂလန်ကနေ မှာပေးလေ၏။ ကလေးကစားစရာမျိုးစုံလည်း ဝယ်ပေးလေသည်။
    တစ်နေ့သူရိန် ကုမ္ပဏီအစည်းအဝေးပွဲသွားခါနီး၌ ကလေးငိုသံမှာ အိမ်အပြင်ဘက်ထိ ကြားလာရသည်။ တော်တော်နှင့်မတိတ်ချေ။ တစ်ခုခုဖြစ်နေပြီဟု ထင်ကာ နီသော့်အိမ်ရှေ့သွားကြည့်ကာ နီသော် တက္ကစီသမားကို ဖုန်းဆက်ခေါ်နေသံကြားရ၏။ သူရိန်လည်း ဝင်းသူကို ကားစက်နိုးခိုင်းကာ နီသော်အိမ်ရှေ့သို့ မောင်းခိုင်းလေ၏။ ကုမ္ပဏီက အစည်းအဝေးပွဲလည်းဖျက်ခိုင်းလိုက်တော့၏။ သူရိန် ထိုအခွင့်အရေးကို အမိအရအသုံးချပြီး နီသော်တို့သားအဖတစ်တွေကို ပြန်ခေါ်ရန် စီစဥ်နေသည်။ နီသော်အိမ်ရှေ့ရောက်တော့ သူရိန်မှာ ကားမှန်ကနေ နီသော်နဲ့ကလေးတွေကိုကြည့်ကာ နီသော်ကားထဲဝင်လာမည့်အချိန်ကို ရင်ခုန်စွာစောင့်နေ၏။
    Lexus GX claret mica (Red) ရောင်လေးနဲ့ ကားက အိမ်ရှေ့ထိုးရပ်လာသောအခါ နီသော်မြင်နေကြ မျက်စောင်းထိုးကကားဖြစ်နေ၏။ နီသော်လည်း ဒီရပ်ကွက်သို့ရောက်တာမကြာသေးတော့ ကလေး၃ယောက်နဲ့ တစ်နေကုန်လုံးပမ်းနေရတာနဲ့ ပတ်ဝန်းကျင်အခြေအနေကို သိပ်မသိချေ။ သို့သော် ထိုကားပုံကို မြင်မြင်ချင်း သူရိန့်ကားဟု ထင်မိသေး၏။ ပြီးမှ ' ကိုလင်းတောင် သူ့ဘဝနဲ့သူဖြစ်နေပြီပဲဟာ' ဟုပြန်တွေးလိုက်၏။ ကားရှေ့တံခါးမှ နေကာမျက်မှန်နှင့် အသက်အလတ်ပိုင်းလူတစ်ဦးဆင်းလာသည်။ နီသော် တွေ့ဖူးသလိုရှိတယ်လို့ တွေးလိုက်သေး၏။ ထိုသူမှ နောက်အခန်းတံခါးဖွင့်ပေးလာ၏။

" ကလေးဆေးခန်းသွားမလို့မလား တက်ပါဆရာကလမ်းကြုံတာနဲ့ ကလေးငိုနေတာ မကြည့်ရက်လို့တဲ့ "

" ရပါတယ် ကလေးကသုံးယောက်နဲ့မို့ အစ်ကိုတို့အလုပ်ရှုပ်ပါမယ် "

    နီသော်ငြင်း၏။ နေကာမျက်မှန်နဲ့သူက မပိတ်သေးပဲ ဝင်စေချင်သည့်ဟန့်နှင့် ဖွင့်ထားပေး၏။ ထိုချိန် ကားအနောက်ခန်းမှ ထိုင်နေသည့်သူက နီသော် ပွေ့ချီထားသော ငိုနေသည့် အလတ်လေးကို လက်သွယ်သွယ်က လှမ်းချီနေသည်။ နီသော် ကလေးများနဲ့အလုပ်ရှုပ်နေတုန်း ထိုလူရဲ့လက်သွယ်သွယ်ကိုသာကြည့်မိပြီး မျက်နှာကိုမမြင်မိသေးပေ။ တစ်ယောက်သောသူရဲ့လက်နဲ့ တူလိုက်တာ ဟုတွေးကာ ကြည့်နေမိ၏။ တံခါးဖွင့်ပေးသူကို အားနာလာ၍သာ ထိုကားပေါ်တက်ခဲ့ရသည်။ သူ့ဘေးမှ သူကိုမကြည့်ရဲသေးပေ။ မတော်လို့များ သူရိန်သာဖြစ်ပါက ကလေးများကို ခေါ်သွားမည်ကိုစိုးရိမ်နေမိ၏။ နီသော့် ဆန္ဒတို့ကမပြည့်ခဲ့ပေ။

" သားတို့နာမည်က ဘာလေးလဲ"

    ဆွဲဆောင်မှုရှိပြီး ကြည်လင်ပြတ်သားသည့် ထိုအသံကြောင့် နီသော် မျက်ဝန်းတို့ ကျယ်လာ၏။ နီသော်ပိုးချီထားသည့် ကလေးတို့ကို သက်တောင့်သက်သာရှိရန် ကြိုးဖြည်ပေးလာသည်။ နီသော်မှာ သူရိန်လင်းမှန်းသိသော်လည်း မကြည့်ရဲပေ။ ရင်ခုန်သံ မနည်းဖုံးဖိနေရလို့ ကလေးတွေအနေခက်နေမည်ကိုလည်း မတွေးမိတော့ချေ။ သူရိန် သူပွေ့ထားသည့် အလတ်လေးကို ခပ်ဖွဖွနမ်းလိုက်ပြီး ချော့မြူပေးနေသည်။ နီသော်အခုမှသတိထားမိသည်။ ပထမ အသည်းသန် ဝမ်းချုပ်လို့ ငိုနေတဲ့သူက သူရိန်လက်ထဲရောက်တည်းက အငိုတိတ်နေသည်။ သူရိန် အချစ်မျက်ဝန်းများနှင့် ကြည့်လာသောအခါ နီသော်မှာ မနေတတ်ချေ။ သူရိန် ကားအလည်ထိုင်ခုံကို ဆွဲဆန့်လိုက်ပြီး ကုတင်သဖွယ်လုပ်လိုက်ကာ နီသော့်လက်ပေါ်က ဝကစ်ကစ်သမီးငယ်ကိုထိုထိုင်ခုံပေါ်အိပ်စေလိုက်သည်။ သူရိန်နီသော့် ရင်ခွင်ထဲက သားအကြီးလေးကိုပါ သူပွေ့ချီလိုက်၏။ သူရိန်မှာ ကလေး၂ယောက်ကို ပေါင်ရဲ့ ဟိုဘက် ဒီဘက်ထားထားသည်။ ပြီးနောက် နီသော့် လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး နီသော် အဖြေမပေးသေးသော စောစောကစကားကို ဆိုပြန်၏။
"နီ.. သားတို့ရဲ့ နာမည်က ဘာလေးတွေလဲ လို့ "
နီသော် ' နီ'ဟူသော အဖျားစွတ်ခေါ်သံလေးကို ပြန်ကြားရ၍ သူရိန်အား ယခင်က လွမ်းဆွတ်နေသည်များ လျော့သွားသယောင် ခံစားရသည်။

" မပေးရသေးဘူး ကိုလင်း နီ စဥ်းစားနေတာနဲ့ ရက်တစ်ရာပြည့် ကင်ပွန်းတပ်တုန်းကတောင် အကြီး အလတ် အငယ်ဆိုပြီးပဲခေါ်လိုက်တာ... အမှန်က နီ ပေးထားတဲ့ နာမည် ကိုလင်း မကြိုက်မှာလည်းစိုးတာနဲ့ "

နီသော် စကားအဆုံးခေါင်းငုံ့ကာ အသံတိမ်ဝင်သွားသည်။ သူရိန် နီသော့်ခေါင်းလုံးလုံးလေးကို တပ်မက်စွာနမ်းကာ...

" နီ ကိုယ့်ကိုတစ်ယောက်တည်းထားသွားတော့ ကိုယ့်မှာ ရူးမတတ်ပဲ...သားတို့မွေးတာတောင် ပထမဆုံးပွေ့ချီခွင့်မရခဲ့ဘူး"

    သူရိန် နီသော့် မျက်နှာကိုအသာပွတ်လျက် သနားစဖွယ်နှင့် မူယာပိုကာ ဆို၏။ နီသော်မှာ သူရိန်အပြောကြောင့် 'အေးထွေးရော'ဟု စဥ်းစားနေ၏။ နောက် သိချင်စိတ်က မနေနိုင်တော့ကာ ...

" ကိုလင်း အဲ့ဒါဆို အေးထွေးရော "

    သူရိန် နီသော့်အားထိုအစိုင်အခဲရှင်းပေးချင်သည်ကကြာပြီ ဖြစ်ရာ နီသော် မမေးမေးအောင်တမင်ပြောခြင်းပင်။ ချစ်စဖွယ်ဟန်နှင့် ကလေးတို့ကို သူတို့ကြိုက်သည့် ကစားစရာကို ဝယ်ပေးလာသူဆီမှ မျှော်နေဟန်မျက်နှာဖြင့် မျက်လုံးကလေးပြူးကာ မေးလာသည့် သူ၏ပါးဖောင်းဖောင်းနှစ်ဖက်ကို အသာဆွဲယူပြီး အိထူထူနှုတ်ခမ်းသားကို အသည်းယားစွာဖိကပ်လိုက်သည်။ ပြီးမှ နီသော့အမေးကိုပြန်ဖြေလေသည်။ ပေါင်ပေါ်က အမွှာတို့ကို ချော့မြူနေသည်ကလည်းမပျက်ပေ။

" နန်းအေးထွေးက အခုပိုင်စိုးနဲ့ နိုင်ငံခြားကိုထွက်သွားပြီ ပြီးတော့အဲ့ကိစ္စကလည်း နန်းမိုခမ်းက နီနဲ့ကိုယ့်ကို တမင်မကွဲကွဲအောင် လုပ်တာ အခုတော့ သောကဖြစ်မယ့်အရာကနေ အကုန်ကင်းဝေးပါပြီ ဒါပေမယ့် ကိုယ့်အိပ်ယာဘေးက လွတ်နေတဲ့နေရာကပိုင်ရှင်လေးကြောင့်ပဲ ကိုယ့်မှာ တစ်နေ့တစ်နေ့ ဘယ်တော့ပြန်လာမလဲနဲ့ သောကရောက်နေရတာ"

နီသော်မှာရှက်သွေးဖြာနေ၏။

" အဟမ်း ..ဆေးခန်းရောက်ပါပြီဘော့စ်တို့"
    ကားမောင်းနေတဲ့ဝင်းသူမှ ပြုံးစိစိနှင့် ပြောလိုက်သည်။ သူပါပျော်နေလေသည်။ နီသော် ကားပေါ်မှ အရင်ဆင်းကာ ကလေးတွေကို ပထမသူချီသလိုလုပ်ရန် ပြင်နေ၏။ သူရိန်ပါ ကားပေါ်မှအမြန်ပင်ဆင်းကာ ကလေး၂ယောက်ကို သူပွေ့ချီလိုက်သည်။ အလတ်လေးကိုသာ နီသော်ပွေ့စေသည်။

" ဘာလဲ နီက ကိုယ့်ကို သူတို့လေးတွေရဲ့အဖေလို့မသတ်မှတ်ဘူးလား"

    သူရိန် နှုတ်ခမ်းထော်လျက် မျက်မှောင်ကုတ်ကာ ပြောပြီး ဆေးရုံအတွင်းသို့ အရင်ဝင်သွားလေ၏။ မျက်နှာထက်တွင် 'ငါကလေးအဖေဖြစ်ပြီ' ဟူသော အမူအယာက အထင်းသားနှင့် ဂုဏ်ယူနေသည်။။ နီသော်လည်း သူရိန်နောက်လိုက်လာကာ ဦးမိုးနှင့်တွေ့တော့အကျိုးအကြောင်းပြောပြလိုက်သည်။

" အမွှာလေးတွေက ချစ်ဖို့ကောင်းတယ်နော် "
ဟုသာပြောပြီး အလတ်လေးကို စမ်းသပ်ပေးကာ...

" ကလေးက ဝမ်းချုပ်လို့မဟုတ်ဘူး ခြင်ကိုက်သွားလို့ရယ် ဒီမှာတွေ့လား ခြင်ဖုတွေ"

    ထိုမှ နီသော်သူ့ကိုယ်သူအပြစ်တင်နေလေ၏။ သူရိန်ကလည်း ထိုခြင်တွေကိုကြိမ်းဝါးနေလေ၏။ ဆေးရုံမှပြန်လာပြီးနောက် သူရိန် သုခမြိုင်စံအိမ်ကိုသာခေါ်သွားတော့သည်။ ထိုအိမ်၌ ကလေးကစားကွင်းအလား ကစားစရာများစုံလင်စွာ ခင်းထားပြီး နီသော်ငှားနေသောအိမ်၌ ခင်းထားသလို အမွှေးပွအခင်းကြီးများလည်း နေရာတိုင်း၌ ခင်းထား၏။ မီးဖိုချောင်၌ နီသော်ကလေးများကို ကျွေးနေကြ အဟာရမှုန့်ဘူးများလည်း တန်းစီနေ၏။ နီသော်ပါးစပ်အဟောင်းသားနှင့်သာအံ့သြနေလေ၏။

"ဒါတွေအကုန် ကိုလင်းလုပ်ပေးတာလား"

    သူရိန် နီသော်မေးသည့် စကားအသွားအလာကို သိကာ ချိုမြမြအပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအပြုံးကြောင့် နီသော်မှာ ဝမ်းသာကာမျက်ရည်ကျရင်း သူရိန့်ရင်ခွင်၌ မျက်နှာအပ်လေတော့၏။

"ဒါနဲ့ ကိုသုတဝယ်ပေးတဲ့ ပစ္စည်းတွေနဲ့တူတယ်နော်"

"အင်း...အဲ့ဒါတွေလည်း ကို ဝယ်ပေးတာပဲ...နီ လက်မခံမှာစိုးလို့ သူ့နာမည်အသုံးချလိုက်တာ"

    သူရိန်လည်း ရင်ဘတ်တစ်နေရာ၌ လိုအပ်နေသည့် ကွက်လပ်က ပိုင်ရှင်အမှန်ပြန်ရောက်လာတော့ ပြည့်သွားသလိုပင်။ အမွှာလေးသုံးယောက်မှာလည်း အရောင်စုံလှသည့် ပုခက်ပေါ်၌ သုံးယောက်သား တစ်ခစ်ခစ်နှင့်ရယ်နေကာပျော်နေကြ၏။

    နီသော်လည်း သူရိန်ကိုမော့ကြည့်ကာ သူရိန်လည်း ရင်ခွင်ထဲကသူကို ပြန်ငုံ့ကြည့်ရင်း ဆွဲဆောင်သောအကြည့်တို့ဖြင့် ချိုမြိန်သောအနမ်းတို့ကို ဆင်မြန်းကြ၏။  နီသော် သူရိန့်ရင်ခွင်၌ နေကာ ' ဒီရင်ခွင်သာ အချစ်ငှက်လေးတွေရဲ့ နားခိုရာ ' ဟုတိုးတိုးလေးရေရွက်လိုက်သည်။


လောဘ၊ ဒေါသ၊ မောဟ၊ သောက နည်းပါးကြလျှင်  သာယာချမ်းမြေ့သောဘဝလေးကို ပိုင်ဆိုင်မည်သာ။
   
                                                      ××××××××××××ပြီးပါပြီ×××××××××××××××

LOVE BIRD (Completed) Where stories live. Discover now