unicode.....
ယာဉ်တိုက်မှုကြောင့် အတိတ်မေ့နေတဲ့ နီသော်လေးကို ဦးထော်မိုးနဲ့ ဒေါ်ဆွေသိန်းတို့ မွေးစားလိုက်ကြ၏။ နီသော်ကိုမွေးစားပြီ သုံးနှစ်အကြာတွင် လက်ထပ်ပြီး၇နှစ်အထိ ကလေးမရခဲ့သောဒေါ်ဆွေသိန်းတို့လင်မယားသည် နီသော့်အားမွေးစားလိုက်ပြီး ကိုယ်ဝန်ရလာသည်။
"ဆွေ...နီသော်ကို စွန့်ပစ်လိုက်ကြရအောင်...စာချုပ်စာတမ်းတွေလည်းကိုယ်တို့လက်ထဲရောက်လာပြီလေ"
ဦးထော်မိုး ပါးစပ်က နားရွက်ချိတ်မတပ် ပြုံးဖြီးနေကာ မိန်းမဖြစ်သူအားပြောနေသည်။
"နေပါဦးလားစောသေးတယ်...လုပ်ငန်းပိုင်ဆိုင်ဖို့က အဲ့ကလေးအသက်၁၈နှစ်ပြည့်မှ လက်မှတ်ထိုးရမှာမလား ...ရှေ့နေကလည်း မျက်လုံးဒေါက်ထောက်ကြည့်နေတာနော် ..."
ဒေါ်ဆွေသိန်း၏စကားကြောင့် ဦးထော်မိုး သူ၏အုန်းရေပုတ်နံ့ နံနေသော ပါးစပ်ဖြင့် မကောင်းဆိုးဝါးဆန်ဆန် ရယ်လေ၏။
"ဟား...ဟား...ဆွေ ဘာမှတ်စိတ်မပူနဲ့ အဲ့လူခုချိန် အိပ်ယာထဲကထနိုင်မှာမဟုတ်ဘူး...ဟား...ဟား"
"ဘ...ဘယ်လို ကိုထော်မိုး ဆွေနားလည်အောင်ရှင်းပြပါဦး"
"မန္တလေးက ကိုယ့်လူတွေကို လုပ်ကြံခိုင်းလိုက်တာ ...ရော့ဒီမှာကြည့်..."
ဟုဆိုကာ ဖုန်းထဲက ရှေ့နေဦးဇော် ဆေးရုံတွင် ပတ်တီးပေါင်းများစွာနှင့် မေ့မျှောနေပုံကို ပြလိုက်သည်။ ပုံတွင် ဦးဇော်ဘေးတွင် ဆေးထိုးအပ်ကိုင်ကာ ဆေးချိတ်ထားသောပုလင်းထဲသို့ မေ့ဆေးရေများ ထိုးသွင်းနေသောဆရာဝန်ကိုပါ တွေ့ရသည်။ ထိုဆရာဝန်သည်လည်း ဦးထော်မိုး၏ လူယုံဖြစ်လေသည်။ ဒေါ်ဆွေသိန်းသည် ထိုပုံမြင်ပြီးနောက် မျက်နှာတွင် ယခင်ကစိုးရိမ်စိတ်များပျောက်သွားကာ အပြုံးတို့ဖုံးဖိမရအောင်ဖြစ်နေ၏။
"ဆွေတို့ ကလေးလေးလည်းမကြာခင် မွေးတော့မှာဆိုတော့ ဟိုကောင့်ဆီက လက်မှတ်ယူပြီးရင် နှင်ထုတ်လိုက်ရအောင် ကိုထော်မိုး...ဒါနဲ့ အဲ့ရှေ့နေက ဒီကိုလာဦးမှာဆို၊ ဒီရောက်မှ လုပ်ကြံလည်းရသားနဲ့"
KAMU SEDANG MEMBACA
LOVE BIRD (Completed)
Romansa25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...