Unicode.....
မနက်ခင်းစောစောတွင် နီသော် တစ်ယောက်အင်္ကျီဝတ်ရတာအဆင်မပြေဖြစ်ကာ ရင်ဘတ်နှစ်ဖက်လုံးလည်း အထိမခံနိုင်လောက်အောင်နာနေသည်။ လတိုင်းခံစားရသည့်ဒုက္ခပင်။
"ဟာ...ဒုက္ခပါပဲ မျက်နှာမှာလည်း ဝက်ခြံကြီးက တစ်လုံးတည်းထီးထီးကြီး ကွက်ပေါက်နေတယ်...ဘာလို့ဒီအချိန်မှဖြစ်ရတာလဲ...ဟာ..."
ဟိုတယ်ရေချိုးခန်းထဲ၌ မျက်နှာသစ်လျက်မှန်ကြည့်ကာ တစ်ဦးတည်းစိတ်တိုင်းမကျရေရွတ်နေသည်။ ခဏအကြာတွင် အခန်းတံခါးရှေ့ဘဲလ်သံကြောင့် သက်ဝေလာ၍ သွားဖွင့်ပေးလိုက်သည်။ လက်ထဲ၌ စားသောက်စရာအထုပ်မျိုးစုံဖြင့် ဝင်ချလာသည်။
" နီသော်တို့များ ကောင်းပါ့နော် ငွေကဝင်သေး ဟိုတယ်ရဲ့အကောင်းဆုံးအခန်းလဲနေရသေး..."
"သက်ဝေ...ငါ...မခမ်းအကူအညီတောင်းတဲ့ ကိစ္စလုပ်ပြီးရင် ကော့သောင်းကို ပြန်တော့မယ်"
ပြန်တော့မည်ဟု ရုတ်တရက်ကြီးပြောချလာသော ကောင်လေး၏မျက်နှာတွင် တစ်စုံတစ်ခုအား ဝမ်းနည်းမှုကအထင်းသားပင်။ သက်ဝေ အကြောင်းရင်းကိုသိသော်လည်း မသိချင်ဟန်ဆောင်ကာ မေးလိုက်သည်။
"ရုတ်တရက်ကြီးပါလား နီသော်ရဲ့... ဒါနဲ့ ရော့အဲ့မှာဖတ်ကြည့် မနေ့က မင်းအလုပ်လျှောက်တာ မနက်ဖြန်အင်တာဗျူးဖြေဖို့ရာ အကြောင်းကြားစာ... ကော့သောင်းကိုပြန်ချင်ရင်လဲ မင်းသဘောပါ... ဒီကုမ္ပဏီကလစာတော့ ကောင်းတယ်၊ အလုပ်လျှောက်တဲ့လူတိုင်းတော့ အလုပ်မရဘူး..."
သက်ဝေ နီသော်ကို စိတ်ထဲဝေခွဲမရဖြစ်နေသည်ကိုသိ၍ စိတ်သက်သာလို သက်သာငြား အလုပ်ဘက် စကားလမ်းလွှဲကာ ပြောလိုက်သည်။ နီသော် သက်ဝေ၏ဖုန်းကိုကြည့်လိုက်ပြီးနောက်...
"ငါ...မင်းဖုန်းနံပါတ်ရေးလိုက်တာ"
"ငါ...မနေ့ကသူ့ကိုတွေ့လိုက်တယ်..ငါ့ကိုတော့မမှတ်မိဘူး...ငါကြားမိရသလောက် သူလက်ထပ်တော့မယ်တဲ့"
တစ်နေရာကို စိုက်ကြည့်ပြီး လေးလေးပင်ပင်အသံဖြင့်ပြောကာ မျက်ရည်များကျဆင်းလာသည်။
"အေးပါ...အဲ့လိုဆိုလည်း မင်းသဘောပါ...မင်းစိတ်ချမ်းသာမယ်ဆိုကြိုက်သလိုသာလုပ်... ငါတော့ မင်းကို ဟိုလုပ်ပါဒီဟာလုပ်ပါနဲ့မပြောချင်ဘူး...အတိတ်ဟောင်းတွေမေ့ပြီး ကောင်းမွန်တဲ့အနာဂါတ်ကိုလျှောက်လှမ်းပေါ့ နီသော်ရေ..."
မိတ်ကပ်ဆရာမှ ပွဲအတွက်မိတ်ကပ်ပြင်ရန်ဖုန်းဆက်လာ၍ မိတ်ကပ်ပြင်မည့်နေရာသို့သွားရန်ပြင်လိုက်သည်။ သက်ဝေလည်း သူနှင့်တစ်ခါတည်းလိုက်လာလေသည်။
"သားရေ...ထတော့လေ...မင်္ဂလာပွဲက၉နာရီဆိုစတော့မှာ ခုကို၇ခွဲနာရီထိုးနေပြီ ပြင်ဦးမှာနဲ့ "
သူရိန့်အဒေါ် ဒေါ်မော်အေး သူရိန်၏အခန်းတံခါးကို ခပ်တိုးတိုးမျှသာခေါက်ပြီး နှိုးကာဆင်းသွားသည်။ သူရိန်လင်းလည်း အိပ်ယာမှထကာ မျက်နှာသစ်သွားတိုက်ပြီး အင်္ကျီလဲကာဆင်းလာသည်။မနေ့ည ကအဖွားဆီလာရင်းကိစ္စ ခေါင်းထဲပြန်ပေါ်လာသည်။
ခြံကျယ် ဝင်းကျယ်ကြီးထဲသို့ ခဲရောင်ကားလေးကိုတစ်နေရာတွင်ရပ်လိုက်ပြီး ကားပေါ်မှဆင်းဆင်းချင်းပင် အဖွားရှိရာ နားနေဆောင်အတွင်းသို့ ဝင်သွားကာ လွန်ခဲ့သောတစ်နှစ်ခန့်ကအကြောင်းအရာတစ်ခု ဦးနှောက်ထဲတွင်ပေါ်ပေါ်နေသည့် ကိစ္စကို မေးလိုက်သည်။
"ဖွား...ကျွန်တော့်မှာ အိမ်ထောင်ဘက်ရှိခဲ့တယ်မလား..."
မေသောင်း သွေးတိုးလာသည်ဟုဆို၍ ဆေးသောက်ကာ အိပ်နေသည်။ အဖွားဟာအမြဲတမ်း ဒီကိစ္စကိုမေးရင် ကျန်းမာရေးအကြောင်းပြ ရှောင်ထွက်သွားသည်သာ။ ပြီးခဲ့တဲ့လလောက်ကတည်းကပင် သူရိန်သိချင်နေသော အကြောင်းကိုမမေးဖြစ်ပေ။ အိမ်ရှိသူများကိုမေးသော်လည်း အမှန်အတိုင်းမပြောကြ။ လျို့ဝှက်နေကြသည်။ အဒေါ်နှင့် သူ့၏သမီးတို့မှာ ပြောချင်နေသော်ငြား အဖွား၏အရှိန်ကြောင့်မပြောပေ။ သူရိန်သိချင်နေမှန်းသိသောကြောင့်ပင် တမင်သက်သက် နှုတ်ပိတ်နေကြသည်လား။
လွန်ခဲ့တဲ့တစ်ပတ်လောက်က ကော့သောင်းနားရှိကျွန်းတစ်ကျွန်းတွင် ဟိုတယ်ဆောက်လုပ်ထားပြီး ကိုယ်ရင်းနှီးထည့်ဝင်ထားသည့် နေရာကိုသွားရင်းနှင့် တွေ့ခဲ့သောကောင်လေးကြောင့် အစည်းဝေးပွဲမှာတောင် အာရုံမစိုက်နိုင်။ ထိုကောင်လေးကိုပဲမြင်ယောက်နေမိသည်။ သုတတို့နှင့်တွေ့ပြီး ဟိုတယ်အောက်အဆင်းမှာတွေ့သည့်ကောင်လေးနှင့်တစ်ပုံစံတည်းပင်။ တစ်ဆက်ထိုးကိုက်လာသည့်ခေါင်း၊ အကြိမ်နှုန်းမြန်မြန်ခုန်နေသည့်နှလုံးကြောင့် ထိုနေရာမှ ချက်ချင်းထွက်ပြေးလာခဲ့သည်။ ထိုကောင်လေးခေါ်သည့် ကိုလင်း ဆိုသည့်နာမည်ကတော့ ခေါင်းထဲ၌တစ်ဝဲလယ်လယ်။
" သူရိန်...သူရိန်...သားလင်း.."
သူရိန်လင်းမှာ ဒေါ်လေးမော်အေး ခေါ်တာမကြား အတွေးထဲ၌နစ်မျှောနေသည်။ စားလျက်စ မုန်ဟင်းခါးပန်းကန်ပင် အရာမယွင်းသေး။ ၇နာရီကခွဲနေပြီ။ ဒေါ်မော်အေး မနေနိုင်သည့်အဆုံး အသံမြင့်၍ခေါ်လိုက်သည်။မိမိခေါ်သံကိုမကြား။အသံမြင့်ကာခေါ်လိုက်တော့သည်။ မြန်မြန်မိန်းမရမှအေးမှာဟု အံကြိတ်တွေးလျက်။
"သူရိန်လင်း!"
ထိုမှသာ မျက်ခုံးတစ်ဖက်ပင့်ကာ ပြော ဆိုသည့်မျက်နှာဘေးနှင့် ကြည့်လိုက်သည်။ဤသည်ကို ဒေါ်လေးမော်အေးသည် ပမာမခန့်လုပ်ခံရသလို ခံလိုက်ရ၍ ကျွန်းစားပွဲရှေ့တည့်တည့်တွင် ထိုင်နေသည့် မေသောင်း အားလှည့်ပြောလိုက်သည်။
"တွေ့လားအမေ..အမေ့မြေးက အမေအလိုလိုက်ထားလို့ လူကြီးကိုမခန့်လေးစားနဲ့လုပ်နေတာ၊ ကျွန်မသမီးတောင် လူကြီးကိုဆို အပြောနဲ့မဆိုထားနှင့် အကြည့်နဲ့တောင် မရိုင်းစိုင်းဘူး ..."
ထိုအချိန် သူရိန်လင်း စကားဖြတ်ပြောလိုက်သည်။
"အဖွားမင်္ဂလာပွဲကို အစောကြီးမလာနဲ့ အိမ်မှာအေးအေးဆေးဆေးနားပါဦး၊ သားစားလို့ပြီးပြီ...သွားနှင့်မယ်... "
" ဟုတ်ပြီမြေးလေး...ကောင်းကောင်းသွား ...ဒါနဲ့ မင်္ဂလာဝတ်စုံကော ပြင်ပြီးပြီလား...လိုအပ်တာရှိရင် သားအစ်မမူယာမြင့် ကိုလုပ်ခိုင်းလိုက်..."
သွားခါနီးတွင် အဖွား၏နောက်ဆုံးပြောလိုက်သည့်စကားကြောင့် သူရိန်၏မျက်နှာတွင် မဲ့အပြုံးဖြင့် ထိုစားပွဲတွင်ထိုင်နေသည့် သားအမိ၏ မည်းသွားသောမျက်နှာကို ကြည့်ကာ အရသာခံနေလိုက်သည်။ အဖွားစကားကို ပြန်တုန့်ကာ ယဉ်ယဉ်ကျေးပင်ပြောလျက်။
"ရပါတယ် မေသောင်းရဲ့...မဟုတ်ရင် ကျီးအားသီးတွေ ထပ်ပုပ်လို့နေမယ်..."
သူရိန်လင်း ပုံမှန်အချိန်ဆို လူကြီးလူကောင်းဆန်တတ်သော်လည်း တစ်ခါတရံ အသက်အရွယ်ပဓာနမထား သူ့အကျင့်အတိုင်း အားမနာတမ်းပြန်ပြောတတ်၏။
"အမေကြားတယ်နော်..အမေရဲ့ချစ်လှပါချည်ရဲ့ဆိုတဲ့ မြေးလေးက လူကြီး လူကြီးမှန်းမသိ...ဘယ်ဥကပေါက်လဲမသိတဲ့ဟာလေး.."
"တော်တော့ မော်အေး!" ဒေါ်သောင်းမှ ခပ်မာမာလေသံနှင့်ပြောလိုက်မှ ရပ်သွားသည်။
"ဒေါ်လေးမော်အေး အစ်မမူယာမြင့်ကကော ကျွန်တော့်ဦးလေးရဲ့သမီးအရင်းလား ... ဟက်"
ဆက်ပြောနေလျှင် မပြီးမှန်းသိ၍ မိတ်ကပ်ဆရာချိန်းထားသည့် နေရာသို့ ထွက်လာလိုက်သည်။ နောက်ကလူတွေရဲ့ ဖြစ်ပျက်သွားသည့်မျက်နှာကိုလှည့်မကြည့်ချင်။ ရွံ၏။ မနက်က လာခေါက်တဲ့ အခန်းတံခါးကို ရေနှင့်ပြန်ဆေးထားလိုက်သည်။ မင်္ဂလာဆောင်ရမယ့်မိန်းကလေးအိမ်က သူတို့အသိထဲကပင်၊ ယောက်ဖဖြစ်သူ ပိုင်စိုးလက်ချက်ပင်။ ငယ်ငယ်ကတည်းက အဖွားရဲ့မမြင်ကွယ်ရာဆို နှိပ်စက်တဲ့လူတွေရဲ့မျက်နှာကို မကြည့်ချင်။ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ မျက်နှာနှစ်ဖက်နှင့်လူစားမျိုးပင်။
မိတ်ကပ်ဆရာချိန်းသည့် ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် တစ်ဖက်မှန်ခုံရှေ့တွင် အရေးတကြီးမိတ်ကပ်လိမ်းနေသည့် မိန်းကလေးတစ်ဦးကိုတွေ့လိုက်သည်။ထိုမိန်းကလေးကိုပြင်ပေးနေသည့်မိတ်ကပ်ဆရာမှ သူရိန့်ကိုမြင်သည်နှင့် ဆိုဖာခုံတွင်ထိုင်ခိုင်းကာခဏစောင့်ခိုင်းသည်။ ခဏအကြာတွင် ထိုမိတ်ကပ်ဆရာမှပြန်ရောက်လာပြီး လိမ်းချင်သည့်ပုံစံကိုမေးသည်။
" သူရိန် မလား...ခမ်းလေးကတော့အကျိုးအကြောင်းပြောတယ်...ဘယ်လိုပုံစံပြင်ချင်လဲ..."
သူရိန်စကားတစ်ခွန်းမှမဆို ပုံတစ်ပုံထုတ်ပြလိုက်သည်။ မိတ်ကပ်ဆရာ၏ ပြင်ဆင်မှုကျွမ်းကျင်မြန်ဆန်သောကြောင့် ၁၅မိနစ်သာကြာသွားသည်။ထို့နောက် မင်္ဂလာကားဖြင့် လှည့်ကာ ခန်းမကိုသွားရမည်ဖြစ်၍ ဆိုင်ရှေ့တွင်
သူရိန်ဝင်ကတည်းက ရှိနေသည့်ကားက Driverထံမှ ဖုန်းဝင်လာသည်။
"ဆရာလေးပြီးပြီလားဗျ၊ ကား ဆိုင်ရှေ့ရောက်နေပြီဗျ"
ဆိုင်ရှေ့ကိုလှမ်းကြည့်တော့ နှင်းဆီပန်းအနီရဲရဲဖြင့်ပလှဆင်ထားသော သူရိန်စီးနေကြLexus GX ခဲရောင်ကိုမှ ဒီနေ့အရောင်ကအဖြူရောင်လေးပေါ်မှာလှပနေသည်။
ကားပေါ်ဝင်ထိုင်လိုက်သည်။ အတန်ကြာသည်ထိကားကမထွက်သေး၍...
"ကိုစိုးဘာစောင့်နေတာလဲ ခန်းမကိုခုချိန်မသွားရင်နောက်ကျတော့မယ်"
"ဟုတ်ဆရာ ဆိုင်ထဲကဆရာ့သတိုးသမီးကိုစောင့်နေတာပါ "
ကားဆရာပြောတော့မှ ဆိုင်ထဲမှာပြင်နေတဲ့ကောင်မလေးကိုသတိရတော့တယ်။
" ဘုတ်"
တွေးနေစဉ်မှာပင် ထိုမိန်းကလေးကားတံခါးဖွင့်ပြီးဝင်လာ၏။
' ပွဲလေး၃နာရီကို ပြင်လိုက်ရတာ၊ မခမ်းရုပ်ရည်နီးပါးပြင်ပေးတဲ့ အစ်မတွေကိုချီးကျူးတယ်။ မခမ်းရဲ့ရင်းနှီးတဲ့သူမို့လို့သာ ဒီလိုပြင်ဆင်မှုမျိုးလုပ်ပေးတာပင်။ ဆီလီကွန်ထည့်ပေးတာကစ ဂရုတစိုက်ပင်။ မိတ်ကပ်ပြင်နေစဉ် လူတစ်ယောက်ဝင်လာလို့ လိမ်းရင်းတမ်းလန်းဖြစ်သွားသေးသည်။ သက်ဝေမှပွဲချိန်နီးပြီလို့သတိပေးသောကြောင့်မြန်မြန်လုပ်ကာ ထိုအစ်မတို့ကိုနှုတ်ဆက် ဆိုင်ရှေ့ရှိကားပေါ် တက်လိုက်တော့သည်။သက်ဝေသည်နောက်ကားဖြင့် သူ၏အသိများနှင့်လိုက်လာမည်ပင်။
သတိုးသားရော လို့တွေးနေတုန်းမှာ ဘေးကအသက်ကြီးပိုင်း ဦးလေးကြီးတစ်ယောက်ကြောင့်လန့်သွားရသည်။ ထိုလူလဲ နီ့ ကိုမခန့်မှန်းတတ်သောအကြည့်ဖြင့်ကြည့်နေကာ နီသော်အနေရခက်စွာ 'ဘယ်သူလဲ'ဟုမေးလိုက်သည်။ ဟိုကလည်းဖြေလာကာ အဖြေကြောင့် နီသော်မျက်လုံးပြူးနေ၏။
"မင်း လင် ဖြစ် မယ့် သူ"
YOU ARE READING
LOVE BIRD (Completed)
Romance25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...