Extra-3(part-1)🎄🎊🎄

7.1K 408 2
                                    

Update date_5/1/2021~10:24Am.
Unicode...

    နီသော်မှာယောက်ျားဖြစ်သူက တစ်နေကုန်အိမ်မှာသာ  လက်တော့ပ်တစ်လုံးဖြင့် အလုပ်ယူလုပ်နေသောကြောင့်   အချိန်ပိုင်းအလုပ်ကို သွားရခက်နေ၏။  နောက်ဆုံး သူရိန်နဲ့စကားများရမည်စိုးကာ  ဒီနေ့တစ်ရက်  ကုမ္ပဏီကိုခွင့်တိုင်လိုက်ရတော့သည်။  ခွင့်တိုင်တော့  ဌာနမှူးက  ခွင့်တော့ပြုလိုက်ပါသည်၊ နောက်ရက်အလုပ်လာရင်  ကုမ္ပဏီပိတ်ရက်အတွင်း  အချိန်ပိုင်း လုပ်ပေးရမည်ဆိုလာ၏။  နီသော်လည်း လက်ရှိအချိန်ကအရေးကြီးတော့  မငြင်းလိုက်တော့ချေ။ 
   
    "နီ....လာပါဦး သားတို့ဖုန်းခေါ်တယ်...နီနဲ့ပြောချင်လို့တဲ့" 

     သူရိန့်ခေါ်သံကြောင့် လန့်ကာ နီသော့်ကိုယ်လေးတုန်တက်သွား၏။ အမြန်ပင်ဖုန်းပြောပြီးသွားလိုက်၏။
   
    သူရိန်ကတော့ အလုပ်လုပ်နေရင်း  အမွှာတွေဆီက လာသော Vd call ပြောနေရင်း နီသော့်ကိုလှမ်းခေါ်၏။
   
    "Dad...Papa...Christmasနေ့မတိုင်ခင်  ဒီကိုလာခဲ့နော်...မလာရင်  သားတို့လည်း လေးလေးနဲ့ပဲနေလိုက်တော့မှာနော်...ဟွန့်...လာခဲ့နော်လို့ "

    "ဟုတ်ပါပြီ သားတို့ရယ်  သားတို့Papaရောပါအောင်ခေါ်ခဲ့မယ်"
   
    သူရိန် နီသော့်အလာကိုစောင့်နေရင်း အမွှာတွေပြောတာကိုပြန်မဖြေမိတော့  အမွှာတွေကလည်း  လူကသာငယ်သာ  အကြပ်ကိုင်ပြီးပြောတတ်လာသည်။သူရိန်လည်း   နီသော် သူ့အနားရောက်မှ ပြန်ဖြေလိုက်၏။   နီသော်ရောက်လာတော့  ကလေးတွေနဲ့ Vd call ပြောနေသည်ကို မေ့သွားပြီး နီသော့် နှုတ်ခမ်းရဲရဲလေးကို အူယားကာနမ်းလိုက်တော့  အမွှာတို့က လှမ်းအော်လာသည်။
   
    "Dad!!!သိပ်မကဲနဲ့လေ..."
   
    "အေးပါ သားတို့ရယ် သားတို့နဲ့စကားပြောနေတာမေ့သွားတယ်"
   
    သူရိန်ပြုံးပြုံးနဲ့ပြန်ဖြေ၏။ 
   
    "ဘီဘီ... သားတို့လေးလေးတို့ရော "  အကြီးလေးက ဖုန်းနဲ့နီးရာရှိတော့ နီသော်မေးလိုက်သည်။
   
    "ရှိတယ် ပါးပါး...ပါးပါးတို့လာရင် အဆင်သင့်ဖြစ်အောင်   တစ်အိမ်လုံးပြင်ဆင်နေတာ နဲ့အလုပ်ရှုပ်နေတာ"
   
    "ဟာ သက်ဝေတို့ကို အလုပ်ရှုပ်စေမိပြီ"
   
   ခဏနေတော့ အမွှာ၃ယောက်ဘက်က ဖုန်းအရင်ချသွားသည်။  သူရိန် သူ့ဘေးတွင် ဖုန်းပြောပြီး  မှိုင်ထွေထွေနဲ့ ထိုင်နေသော  နီသော့်ကို  သူ့ပေါင်ပေါ်ရွှေ့လိုက်ပြီး  ဆံမွေးနုနုနဲ့ဂုတ်ပိုးနား   အနမ်းပေးလိုက်ပြီး  နီသော့်မျက်နှာကို သူ့ရှေ့လှည့်လိုက်ကာ  မေးဖျားကိုဆွဲယူလိုက်ပြီး  နီထွေးထွေးဟစေ့စေ့ဖြစ်နေသော  နှုတ်ခမ်းလေးကို  ချိုချဥ်စုပ်လုံးစုပ်သလို  စားသုံးနေ၏။  နီသော်လည်း  ကျေနပ်စွာ ခံယူလေ၏။  ကြာလာတော့ နီသော်ရဲ့ နှုတ်ခမ်းသားတစ်ခုလုံးထူပူနေပြီး ထုံလာသည်။  နီသော် အရင်ရပ်လိုက်ရ၏။ သူရိန့်နမ်းတာရပ်မှဆိုရင် ဒီတစ်သက်ရပ်မည်မဟုတ်။  စားရတဲ့ကလေးငတ်တယ်လို့ ခိုင်းနှိုင်းရလောက်သည်။   နီသော် ပြောရမည့်စကားကို သတိရတုန်း မောမောနဲ့ပြောလိုက်သည်။
   
    " ကိုလင်း သမီးတို့ဆီ  ဘယ်နေ့သွားကြမလဲ "
   
    "အင်း...Christmasက တဘက်ခါမလား..."
   
    နီသော် ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော်  မျက်နှာထားမှာ အင်တင်တင်ဖြစ်နေ၏။ သူရိန်မမြင်မိ။ သူရိန်မမြင်မိအောင်လည်း  မျက်နှာထားအမြန်ပြင်လိုက်၏။
   
    "ဒါဆို မနက်ဖြန်ညနေလောက်ထွက်မယ်လေ ဒါမှဟိုကိုမနက်လောက်ရောက်လောက်တယ်... မနက်ပိုင်းတော့ကိုယ် ကုမ္ပဏီခဏသွားရဦးမယ် "
   
   သူရိန့်စကားကြောင့်  နီသော် ခေါင်းထူပူသွား၏။ သူ အချိန်ပိုင်းအလုပ်ကို  တစ်လသာလုပ်ဖို့ဆုံးဖြတ်ထား၏။  ဒီဇင်ဘာလကုန်ရင် ပြည့်တော့မှာမို့  စောစောက အလုပ်ကဌာနမှူးနဲ့စကားပြောတော့  ကုမ္ပဏီရဲ့ ခရစ်စမတ် ၊နယူးရီးယားပိတ်ရက်ကို  အချိန်ပိုဆင်းမည်ဟု ပြောလိုက်မိလေသည်။  နီသော်မှာ  အကြပ်တည်းလှလှရောက်နေ၏။ သူရိန်သိရင် မလွယ်ဘူးဆိုတာသိပေမယ့်  မထူးဟုတွေးကာ  သူရိန် ရုံးသွားချိန်  သူပါထွက်ရအောင်ထွက်မည်ဟု ကြံလိုက်သည်။ 

LOVE BIRD (Completed) Dove le storie prendono vita. Scoprilo ora