EP-16

6.9K 529 24
                                    


နီသော် အမျိုးသမီးများကဲ့သို မွေးရာပါသားအိမ်ပါလာကာ ဒီနှစ်ပိုင်းအတွင်း လစဥ်ဓမ္မတာ လတိုင်းလိုဖြစ်နေ၏။ ထိုအရာကြောင့် မည်သည့်အစိတ်ပိုင်းမျှ အထိမခံနိုင်ကာ  ဗိုက်ပါအောင့်အောင့်နေသည်။ နာကျင်မှုကို သူရိန့်ကို မပြောမိ။ ထမင်းစားပြီးကာ သူရိန်လင်းသွားချင်သည့် နေရာကို  သူ့ချစ်သူစိတ်ချမ်းသာစေရန်လိုက်သွားပေးသည်။ အမှန်လူက အိပ်ယာထက်သာ လှဲချင်နေ၏။

နီသော်ရုတ်တရက်  နားထဲ ကားဟွန်း ရှည်ရှည်ဆွဲသံကြောင့် အရပ်လေးမျက်နှာ လှည့်ပတ်ကြည့်မိသည်။ ကားတစ်စီးမှမတွေ့ရချေ။ နားထဲ၌သာကြားနေရ၏။ ထိုအသံနဲ့အတူ အမျိုးသမီးကြီး တစ်ယောက်ရဲ့ ခပ်နွဲ့နွဲ့အသံသာ ကြားရ၏။ ထိုအသံကြောင့် သူရိန်နဲ့နီသော်  ပြိုင်တူမတ်တပ်ရပ်လိုက်ပြီး   နီသော်တို့ ပန်းခြံတွင် ခဏမျှသာ လည်းလိုက်ပြီး  သူရိန်လင်းအဖွားရောက်လာသောကြောင့် အိမ်သို့ပြန်သွားရသည်။

နီသော်ရှေ့တွင် ထိုင်နေသော အမျိုးသမီးကြီးသည်  သူရိန်လင်းကို ချိုသာသောအပြုံးလေးနှင့် ပြောသော်လည်း နီသော်ကိုတော့  ဘလိုင်းသက်သက် မတူမတန် နိမ်ချင်သောအကြည့်ဖြင့်သာ ကွက်ကြည့်နေ၏။   ဒေါ်သောင်းလည်း သူရိန်လင်းမြင်မည်စိုးသဖြင့် မျက်နှာထား အမြန်ပြန်ပြင်လိုက်သည်။

စျေးကြီးပုံပေါ်သည့် အိတ်ကို ညာဘက်လက်တွင် ချိတ်ထားကာ အနီဝမ်းဆက်ဝတ်စုံကိုကျော့ရှင်းစွာဝတ်ဆင်ထားပြီ ခြုံလွှာတဘက်ကို ပုခုံးနှစ်ဖက်တွင် လွှားတင်ထား၏။  တန်ဖိုးကြီးရတနာများကိုလည်း ဝတ်ဆင်ထားသေးသည်။  မျက်နှာတွင်လည်း ဂုဏ်မောက်သည့်အရှိန်အဝါက အထင်းသားပေါ်လွင်နေသည်။   နီသော် သူ့ရှေကထိုင်သူ၏ ဝတ်ပုံစားပုံကြောင့်  အပြုမူပြောဆိုပုံက ချမ်းသာသည်အသိုင်းဝိုင်းမှဖြစ်မည်ဟု တွေးလျက်။  အတော်တန် လူတန်းစားမှမဟုတ်နိုင်။ အသက်အရွယ်အရ ၅၀ကျော် ၆၀လောက်ပင်ရှိမည်ထင်သည်။  ပြောင်းလဲလာသောခေတ်တွင် အလှပကိုငွေရှိရင်  ဝယ်၍ရတယ်လို့ပြောရမလားပင် မသိတော့။ အသက်အရွယ်အရ မျက်နှာအရေးကြောင်းများ ထင်နေသော်လည်း နုပျိုနေပုံပေါ်၏။   လှပနုပျိုနေနေသောပုံရိပ်သည်  ခက်ထန်သောမျက်နှာနှင့် မလိုက်ဖက်ပေ။  နီသော် သူ့ရိန့်အဖွားအား မချင့်မရဲကြည့်ကာ  စိတ်ထဲ၌ မှတ်ချက်ပေးနေ၏။ သူရိန် နီသော်ထိုင်ရာဆိုဖာသို့  ဖုန်းပြောပြီးနောက် နီသော်ဘေး၌ထိုင်၏။ သူရိန်အကဲခတ်ကြည့်ရာ နီသော့်မဝံ့မရဲ ကြောက်ဟန် မျက်နှာအမူအရာကို ရိပ်မိကာ  အနေမခက်စေရန်   ဒေါ်သောင်းနှင့်မိတ်ဆက်ပေးလိုက်သည်။

"နီ ဒါကိုယ့်အဖွားလေ "

"ဖွား သူလေးက သားငယ်ငယ်တုန်းကပြောတဲ့တစ်ယောက်လေ  ပြန်တွေ့တာမကြာသေးဘူး"

သူရိန် သူ့အဖွားအား မဝံ့မရဲကြည့်နေသော နီသော့်ကို ရင်းနှီးစေလိုကာ ဒေါ်သောင်းနဲ့မိတ်ဆက်ပေးလိုက်သည်။ နီသော် ဒေါ်သောင်းအား ဗိုက်နာသည့်ကြားမှ တရိုတသေပင် ခါးကျိုးမတတ်ပြန်နှုတ်ဆက်လေ၏။  မိတ်ဆက်ပေးလိုက်သော်လည်း သူရိန် သူ့အဖွားအကြောင်းသိကာ စိုးရိမ်နေသည်။

ဒေါ်သောင်းသူရိန့်အပြောတွင် မျက်နှာမည်းတက်လာ၏။ သူ့မြေး ကော့သောင်းလာသည်က အလည်အပတ်တင်မဟုတ်ပဲ အရင်ကသူ လစ်လျူရှူခဲ့တဲ့ သူရိန်ပြောပြသည့်  ကောင်လေးကြောင့်ဟု တွေးလိုက်သည်။ တစ်ဆက်ထဲ  သူရိန့်ဘေးမှကောင်လေးကို ကြည့်ကာ ထိုကလေးလားဟုတွေးမိလိုက်ပြီး အတွေးနဲ့တင် နွေလယ်ခေါင်မှာ သူခေါင်းပေါ်မိုးကြိုးပစ်ချသလို ခံစားလိုက်ရ၏။ တစ်ခါက သူရိန်ငယ်ငယ်ကပြောဖူးရာ  ထိုကလေးကို စိတ်မချဖြစ်ကာ သူ့အနားမှာထားချင်သည်က ယနေ့ထိတိုင် လက်မလျှောသည်က ယခုအပြုအမူက  မျက်မြင်သက်သေပင်။ 

' မဖြစ်ဘူး ငါတို့မျိုးရိုးမှာ ဒါမျိုးမရှိ 'ဟူသော စကားလုံးကို စိတ်ထဲအကြိမ်ကြိမ်ရေရွက်လျက် သူရိန်နဲ့ နီသော်နီးစပ်သွားမည်ကို တွေးကာ  စိတ်သောကဝေနေသည်။  သူရိန်ကိုလည်း အမြန်ပြန်ခေါ်ရန်လည်း ကြံနေ၏။

သူရိန်လင်း ရဲ့အဖွားဟု နီသော်ကို မိတ်ဆက်ပေးကာမှ ထိုအမျိုးသမီးကြီးရဲ့ မကြည်တဲ့အကြည့်တွေကို ထိုစကားတစ်ခွန်းနဲ့တင် နားလည်တော့သည်။ 

နီသော့်အား ကိုယ့်အဆင့်နဲ့ကိုယ်နေ တန်ရာမှန်း စမ်း ဟူသောအကြည့်ပင်။

"အာ...ဟုတ် မင်္ဂလာပါ အဖွား...အာ...အန်တီ"

နီသော် မည်သို့ခေါ်ရမည်မသိ။ ရုပ်ရည်က သူ့မွေးစားအမေထက်နုနေသလိုပင်။ သူရိန် နီသော့်စကားကြောင့် အသံထွက်အောင်ရယ်လေ၏။

ဒေါ်သောင်း နီသော်စကားကို မတုန့်ပြန် မကြားလိုက်သလိုသာနေ၏။ သို့သော် သူ့မြေး အားပါတရရယ်သည်ကို ပထမဆုံးမြင်သည်ဖြစ်ကာ အံသြနေ၏။ ငယ်ငယ်ကတည်းက အရယ်ပြုံးမရှိသော မြေးက သည်လို ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ကြောင့် ပျော်နေသည်ကို အံ့သြမဆုံးပင်။ တစ်ဆက်ထဲ သူရိန်အား ရယ်အောင်လုပ်နိုင်သော ဆံပင်ကောက်ကောက် အသားဖြူဖြူ သနားဖွယ်ဟန်ရုပ်နှင့်နီသော်ကိုဘဝင်မကျ ဖြစ်နေသည်။ သူ့မြေး ချမ်းသာသည်ကိုသိ၍ ကပ်ကာ ချူစားနေသည်ဟု ထင်နေသည်။  မကြိုက်သည့်အမူယာအား သူရိန်ရှေ့တွင်ထုတ်မပြ။ သူ့မြေးလေး သူ့အား စိတ်ကွက်သွားမည်ကိုလည်း မလိုလားကာ  အနုနည်းသုံးကာ နီသော်ကို ပထုတ်မည်ဟု တွေးနေသည်။

ဒေါ်သောင်း သူရိန် ဒီကို ခရီးထွက်လာသည်ကိုသိသော်လည်း ၃၊ ၄ရက် တစ်ပတ်ဟုသာ မှတ်၍ မတားခြင်းပင်။ သို့သော် တစ်လကြာသော်လည်းပြန်မလာ ၊ ၂လကြာသော်လည်းပြန်မလာနှင့် သူရိန်ငယ်ငယ်က ပြောခဲ့သည့်အကြောင်းကို ခေါင်းထဲအမှတ်ရလာပြီး  သူရိန်အန္တာရာယ်ဖြစ်မည်စိုးကာ လူကိုယ်တိုင်လိုက်လာခြင်းဖြစ်၏။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို  သူရိန် ကောင်လေးတစ်ယောက်နဲ့  နမ်းနေသည်ကို ရှင်းရှင်းလင်းလင်း  မြင်လိုက်ရ၏။

ဒေါ်သောင်းလူလွှတ်ကာစုံစမ်းထားခိုင်းချိန်က  ကောင်လေးတစ်ယောက်အတူနေနေတယ်ဆိုတဲ့ သတင်းရသည်။ ဒေါ်သောင်းမယုံပေ။
'ယောက်ျားလေးအချင်းချင်း အတူနေတာဘာပြဿနာ ရှိလဲ' ဟုတောင် ပြန်ပြောလိုက်သေး၏။ ထိုသို့ပြောသည့်လူကို  အပြောနဲ့တင်  သူ့မျိုးရိုးဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ  အလုပ်ထုတ်လိုက်သေးသည်။

ဒေါ်သောင်း ကော့သောင်းရောက်လာသည်က ၁ပတ်ခန့်ရှိ၏။ သူ့မြေးဘာတွေလုပ်နေသည်ကို စုံစမ်းချင်ကာ တမင်မဆက်သွယ်၍ နေခြင်းဖြစ်သည်။ သူ့မြေးနှင့်ပတ်သက်နေသည့်လူများကိုလည်းစုံစမ်းပြီးဖြစ်၏။   ညနေပိုင်းတွင်  သူ့မြေးသူရိန်  ပန်းခြံတစ်ခုတွင်ရှိသည်ဟု သတင်းရကာ လိုက်သွားရာ   သူမြင်လိုက်ရသည့် မြင်ကွင်းက စိတ်မနှစ်မြို့စရာကောင်းလှ၏။  သူရိန် ကောင်လေးတစ်ယောက်နှင့်နမ်းနေခြင်းဖြစ်၏။ လူသူကင်းမဲ့သည့်  နေရာမဟုတ်။ အများပြည်သူသွားလာနေသည့် နေရာဖြစ်သည်။ ထိုင်းနိုင်ငံတွင်  လိင်တူချစ်ခြင်းကို အသိအမှတ်ပြုသည်ဖြစ်ရာ ထိုင်းနှင့်နီးသည့်ကော့သောင်းမြို့တွင်လည်း အထူးဆန်းတော့မဟုတ်ပေ။ သို့သော် ဒေါ်သောင်း နီသော့်ကိုသူရိန်နဲ့  အတူတူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ အချိန်ရှိသ၍ ပထုတ်ရန်ကြံနေတော့သည်။ သူရိန် ဒီကိုထွက်လာချိန်က လူကြီးချင်းသဘောတူထား မိန်းကလေးရှိသည် ဆိုတာသိစေရန်  နီသော်ရှေ့တွင်ပြောလိုက်၏။

"မြေး အိမ်ပြန်လာတော့လေ ကျောင်းတက်ရမယ့်ကိစ္စလည်းရှိသေးတယ်လေ... အချိန်လွန်သွားရင်မကောင်းဘူး... သားနဲ့စေ့စပ်ထားတဲ့ ကောင်မလေးလည်း သားကိုတွေ့ချင်နေတာ"

သူရိန် သူ့အဖွားစကားကြောင့် စိတ်အလိုမကျစွာ မျက်မှောင်ကုတ်ကာ....

"ဖွား ဘယ်တုန်းကလဲ ။ ကျွန်တော်မသိလိုက်ရပါလား"

"မြေးက ဒီကိုရောက်နေတာနဲ့  သူဇာတို့နဲ့က အရင်ကတည်းက သဘောတူထားတာ။ ဖွားကမပြောမိတာပါ...ခုသိရပြီဆိုတော့ လက်ထပ်ဖို့ကိစ္စ အတွက် သားကိုလာခေါ်တာ"

ဒေါ်သောင်း ကျေနပ်နေသည့်ပုံစံနှင့် ပြောနေ၏။
သူရိန် သူ့အဖွားစကားကိုမယုံနိုင်ဖြစ်နေသည်။  သူ့အားမမေးမြန်းကာ အဖွားစိတ်တိုင်းကျလုပ်နေသည်ကို မကြိုက်ပေ။

  သူရိန် သူ့အဖွားလိုက်လာကာ မန္တလေးသို့ပြန်ရန် ခေါ်မည်ကိုသိ၏။ ပြန်လို့မဖြစ်သေး။ စုံစမ်းရန် ကိစ္စများကျန်နေသေးသည်ဖြစ်ရာ  မလိုက်ချင်ပေ။  နီသော်ကို သူလက်ထပ်ခွင့်တောင်းရန် လည်း ကျန်နေသေးသည်။ လက်ထပ်ပြီးလျှင် မန္တလေးသို့တစ်ပါတည်းခေါ်သွားမည်ဟု တွေးထား၏။ ထို့ကြောင့် နီသော့်ကိုဘုရင့်နောင်ပန်းခြံသို့ခေါ်သွားခြင်း ဖြစ်သည်။ အဖွားနဲ့တွေ့၍သာ ထိုအစီစဥ်ပျက်သွားခြင်းဖြစ်၏။

အဖွားသောင်းသူ့အား ၈နှစ်သားအရွယ်မှတ်နေသေးသည်ကိုလည်း မကြိုက်ပေ။  ကိုယ့်ဆုံးဖြတ်ချက်နဲ့ကို ဖြစ်သင့်နေသောအရွယ်ဖြစ်ကာ  ဝင်စွက်ဖက်သည်ကိုလည်းမကြိုက်။  သစ္စာနွယ်ကိစ္စတုန်းက သူမသိခဲ့၍ထား။ ယခုနီသော်ကို သစ္စာနွယ်လို အဖြစ်မခံနိုင်ပေ။  သို့သော် အဖွားသောင်းစကားကြောင့် နီသော့်ကို အမြန်လက်ထပ်ဖို့လုပ်ရတော့မည်။ အဖွားစကားကြောင့် နီသော်မျက်နှာမကောင်းသည်ကို မြင်လိုက်သည်။ နီသော်လက်အား ဆုပ်ကိုင်ထားပေးလိုက်သည်။
ဒေါ်သောင်း နီသော့်ကြားရန် သူ့ရှေ့တမင်ပြောခြင်းဖြစ်သည်။ နီသော်၏ ပျက်နေသောအမူအရာကြည့်ကာ  သူ့အကြံတစ်ဝက်အောင်မြင်သည်ဟု တွေးကာ ဝမ်းသာနေသည်။

ဒေါ်သောင်း ဒီအရပ်ကိုရောက်ရောက်ချင်း သူ့မြေးအနားကလူများကိုစုံစမ်းခဲ့ရာ  နီသော်အကြောင်းက ထိပ်ဆုံးကပင်ဖြစ်သည်။ တစ်အိမ်သားလုံး ထိုကောင်လေး၏ လုပ်စာသာရှိသည်။ မိဘဖြစ်သူများကလည်း  အရက်သမားအဖေနှင့် စျေးဆိုင်မဖြစ်စလောက်လေးမှရသောငွေကို ဖဲရိုက်တတ်သောဒေါ် ဆွေသိန်းတို့အကြောင်းစုံစမ်းခဲ့ရာ နားနဲ့မဆံ့အောင်ကြားခဲ့ရ၏။   ပထမကထိုရပ်ကွက်အတွင်းမှလူများ ရေငုံနှုတ်ပိတ်နေကြ၏။ ရပ်ကွက်သူ ရပ်ကွက်သားအချင်းချင်းဖြစ်ကာ တစ်ခွန်းမှ ထိုကောင်လေးမိသားစုအကြောင်းမဟကြ။ ဒေါ်သောင်း သူ့အိတ်ထဲမှ ငွေအထပ်လိုက်ပြလိုက်ကာ ခရေစေ့တွင်းကျ တစ်ခုမကျန် ထိုသူတို့၏ ယခင်ကသံချေးတက်နေသလိုဖြစ်နေသော နှုတ်တော်မှ ဟလိုက်ကြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင်ပင်။  ဒေါ်ဆွေသိန်းနဲ့ ဦးထော်မိုးတို့လည်း ငွေရနေသည်ဖြစ်ကာ သူတို့သားကို ဖာဖြစ်၊ တောင်းဖြစ်ထည့်လိုက်ခြင်းဖြစ်မည်။ ဒေါ်သောင်း  ထိုအပြုအမူကြောက့်  မဲ့ပြုံးဖြစ်လာသည်။

နီသော် သူရိန့်အဖွားပြန်သွားပြီးနောက် အိပ်ယာထဲသွားပြီး ဗိုက်မှောက်နေ၏။ ခေါင်းဦးအဖုံးလည်း မျက်ရည်များနှင့် စိုရွှဲနေလေသည်။ 

 

..............................................


"နီ ခနနေရင် ဦးမိုးဆေးစစ်ဖို့လာစစ်မယ်တဲ့နော် "

သူရိန် နီသော်နဲ့အတူ အိမ်ပြန်လာ၏။ည ၁၂နာရီပင်ရှိပြီဖြစ်သည်။ နီသော်ရဲ့အင်္ကျီကသွေးများကြောင့် ရဲများက ဒဏ်ရာရသည်ထင်ကာပြန်ခါနီး လှမ်းမေးသေး၏။ အိမ်မှကိစ္စဖြစ်၍ ပြဿနာဖြေရှင်းနေရမည်စိုးသဖြင့် အဆင်ပြေသည်ဟုသာပြောခဲ့၏။ ပြီးနောက် အိမ်ပြန်လာရင်း ဆရာဝန်ဦးမိုးကို ဖုန်းဆက်ခေါ်ထားလိုက်သည်။

" ကိုလင်း  နီ အခုနားချင်လို့ မနက်မှပဲဦးမိုးက်ိုလာခိုင်းလို့မရဘူးလား...နော်...နော်လို့"

နှုတ်ခမ်းဆူကာ ချစ်စဖွယ်မျက်နှာဖြင့် သူရိန့်ကိုချွဲကာပြောနေ၏။ သူရိန် နီသော်ရဲ့ကျန်းမာရေးဖြစ်ကာ အလိုမလိုက်မိစေရန် နီသော့်စကားကို မကြားဟန်ပြုပြီး တစ်ဖက်သို့မျက်နှာလွှဲထားသည်။  နီသော် သူ့အနောက်မှဖက်ထားသောကြောင့် နီသော်ရဲ့ ဗိုက်ဖောင်းဖောင်းလုံးလုံးက သူရိန့်ကျောပြင်ကို လာထိနေ၏။ နောက်ဆုံး၌ သူရိန် အသည်းယားလာကာ သမာဓိအားကျဆင်းပြီး နီသော့်ချွဲဒဏ်ကိုမခံနိုင်သည့်အဆုံး နီသော့်ကို ပွေ့ချီကာ အိပ်ယာပေါ်သို့ခေါ်သွားသည်။ သူရိန် အပေါ်မှအုပ်မိုးကာ နီသော့်နှုတ်ခမ်းသားအိအိရဲရဲလေးကို သူ၏သေသပ်သောနှုတ်ခမ်းသားနှင့် ဖိကပ်ထားလိုက်ရာ အချိန်မည်ကြာသည်မသိတော့ချေ။ နီသော်အသက်ရှုမဝဖြစ်လာကာ သူရိန်ရင်ဘတ်အားတွန်းဖယ်နေသည်။ နောက်ဆုံးသူရိန်သူ့ကလေးလေးများကိုသတိရပြီး နီသော့်ကို ကိုယ်ဝန်ကြောင့်သာ လွှတ်ပေးလိုက်ခြင်းဖြစ်၏။ နီသော်လည်း သူရိန်လွှတ်ပေးမှအသက်လုရှုနေရ၏။ သူရိန်နီသော့်အားနမ်းနေရာမှ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးပြီး တစ်ကိုယ်လုံး ပါးစပ်ထဲငုံထားမတပ်ဖြစ်နေကာ နီသော့်ချစ်စဖွယ်ဟန်ကြောင့်ယစ်မူးပြီး ရီဝေဝေအကြည့်ဖြင့်ကြည့်နေသေးသည်။

"နီ ကိုယ့်ကို အဲ့လိုချွဲနေရင် ဒီကလေးနှစ်ယောက်မွေးပြီးရင် အခန်းပြင်မပြောနဲ့ ကုတင်ပေါ်ကတောင် ဆင်းရမယ်မထင်နဲ့ "

သူရိန် နီသော့်ဗိုက်ပူပူလေးကို သူ့လက်ဖဝါးပြင်ကျယ်ကျယ်နှင့် ညင်သာစွာပွတ်သပ်ပြီး နီသော့်နားထိပ်လေးနားကပ်ကာ ရာဇသံမပါ သူ၏ဆွဲဆောင်မှုရှိသော အသံဖြင့် နှစ်ကိုယ်သား ကြားရုံမျှ ပြောလိုက်သည်။ နီသော် လူပျိုဖြန်းလေးရုတ်တရက် ရည်းစားစကားပြောခံရသလို ရှက်သွေးဖြာကာ ဖြူနုနုမျက်နှာမှာရဲတက်လာလျက် ပြုံးလိုက်၏။ နီသော် သူရိန့်စကားကြောင့် နှုတ်ခမ်းထော်လာကာ ပြန်ရန်တွေ့လိုက်သေးသည်။

"လူကိုသားဖောက်စက်များ မှတ်နေတာလား ကိုလင်းရဲ့"

သူရိန်၏ အပြောကြောင့် လက်ကဒဏ်ရာ နာရမှန်းမသိတော့။ စဥ်းစားကာမှ ဒဏ်ရာကို သတိရကာ ကိုလင်းမြင်မည်စိုးသဖြင့် သွေးပေလက်စ အင်္ကျီဖြင့် အတင်းဖိကပ်ထား၏။ ထို့နောက်ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ဝင်သွားကာ အနည်းငယ်ခြောက်နေပြီဖြစ်သော လက်ညိုးရဲ့လက်၂ဆစ်မှ လက်ဖဝါးထိ အကြောင်းရာလိုက်ဖြစ်နေသော ဓားဒဏ်ရာကို သွားတိုက်ဆေးဖြင့် သုတ်လိမ့်ထားလိုက်သည်။

"နီ ရေချိုးနေတာလား... မြန်မြန်လုပ် ဖျားမယ်နော်"

နီသော် ကိုယ်လက်မအီမသာ ဖြစ်၍ရေချိုးလိုက်သည်။ မည်မျှကြာသွားသည်မသိ သူရိန်ပင်ရေချိုးခန်းတံခါးလာခေါက်လေ၏။ သူရိန်လင်းတံခါးခေါက်သည့်အသံမဆုံးခင် နီသော်ထွက်လာသည်။

"အင်း...ဗိုက်ထဲနေလို့မကောင်းလို့...ဗိုက်ဆာတာထင်တယ် "

သူရိန် နီသော့်ကိုယ်ကဆပ်ပြာနံ့သင်းသင်းကို တပ်မက်စွာရှုရှိက်လိုက်ရင်း နီသော့်ခါးကျဥ်ကျဥ်အသာထိန်းလျက် ဗိုက်ဖောင်းဖောင်းလေးကိုပါ အသံထွက်အောင်နမ်းလိုက်သည်။ သူရိန်သူအား ချွဲကာပြောနေသောကောင်လေးကို စားစရာလုပ်ပေးရန် ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ ဝင်သွားသည်။

" နီ ၅မိနစ်စောင့် ကိုယ် ရေချိုးလိုက်ဦးမယ်။ ပြီးရင် ကြက်ဥပေါင်းစိမ့်စိမ့်လေးလုပ်ကျွေးမယ် အင်္ကျီလှလှလေးအရင်ဝတ်ထား "

နီသော်ပြုံးကာ ခေါင့်ငြိမ့်ပြလိုက်သည်။

သူရိန် ရေချိုးခန်းကထွက်လာသော်အခါ စိမ်းညို့ညို့အိပ်ယာခင်း ခင်းထားသော ၂ထပ်မြင့်ကုတင်ပေါ်တွင် နီသော်ကွေးကွေးလေး အိပ်နေ၏။ ထိုအရာကိုသူရိန်မြင်ရာ ပြုံးမိသွားသည်။ ထိုကုတင်နားသွားကာ နီသော်နဖူးကို နမ်းလိုက်သည်။ သူရိန် နီသော့်လက်ဖျားလေးကိုဖိမိထားတာကြောင့် နီသော့်ထံမှ ညည်းသံသေးသေးကြားရလာ၏။ သူရိန် ထိုအသံသေးသေးကြောင့် မြန်မြန်ဖယ်လိုက်သည်။ သို့သော်သူရိန်မျက်မှောင်ကျုံ့သွားသည်။ နီသော့်နဖူးကိုစမ်းကြည့်လိုက်ကာ နီသော့်ကိုယ်အတော်လေးပူကျစ်နေ၏။

"နီကွာ ကိုယ့်စကားကို နားမထောင်ဘူး ပြန်လာကတည်းက ဆေးစစ်ရအောင်ဆိုတာကို"

သူရိန် ပြောလည်းပြော နီသော့် ကိုယ်ကွေးကွေးလေးဖြစ်နေသည်ကို သူ့နေရာတိုင်းသူ ပြန်လှည့်ပေးလိုက်သည်။ သူရိန်ကျစ်သပ်ကာ မည်သူ့ကို့ဒေါသထွက်မှန်းမသိ ထွက်နေပြီး စိတ်တိုင်းမကျဖြစ်နေသည်။

ခဏကြာတွင် ဦးမိုးရောက်လာပြီး အဖျားကျဆေးထိုးပေးကာ နီသော့်ကိုယ်ဝန်ကိုစမ်းသပ်ရန် အင်္ကျီလှန်လိုက်၏။  သူရိန် သဝန်တိုသေးကာ...

"ဦးမိုး အင်္ကျီမလှန်ဘဲစမ်းလို့မရဘူးလား"

ဆရာဝန်ဦးမိုး နီသော့်အင်္ကျီလှန်ပြီး ဗိုက်အနေအထားစစ်ဆေးရန်ပြင်လိုက်ချိန် သူရိန်စကားသံကြောင့် လက်တွန့်သွားရသည်။

"မောင်သူရိန်လင်း ဦးမိုးက ဖျားရတဲ့ အကြောင်းရင်း သိချင်လို့ပါ။ ညဘက်ရေချိုးလို့လား၊ ကိုယ်ဝန်ဆိပ်တက်တာကြောင့်လားဆိုတာပါ"

ဆရာဝန်ဦးမိုးခင်ဗျာ သူရိန်ကို ချက်ကျလက်ကျ ဖြေရှင်းချက်ပေးလိုက်မှ နီသော့်အား စမ်းသပ်ရသည်။  စစ်ဆေးတော့  ချက်၏ဘယ်ဘက် ထောင့်စွန်းတွင် ဒဏ်ရာ၄လက်မအရှည်က ညိုမဲကာရှိနေသည်။ ဦးမိုးဖိကြည့်ရာ နီသော်အိပ်နေရင်းမှ နာ၍ထင်သည် မျက်မှောင်ကြုတ်လညသည်။ သူရိန်လည်း မျက်တောင်မခပ်တမ်းကြည့်နေရင်းမှ ဦးမိုးအမေးကြောင့်သတိဝင်လာသည်။

"နေ့ခင်းပိုင်းက ဖြစ်တဲ့ဒဏ်နေမှာ မောင်သူရိန် "

"ဟုတ်တယ် သူခုံစောင်းနဲ့တိုက်မိတာ"

" ပင်ပန်းတာကော ရေးချိုးလိုက်တာရော သည်ဗိုက်ကဒဏ်ကြောင့်ရောပါ... သိပ်စိုးရိမ်စရာမရှိပါဘူး ။ အခုဖျားကျဆေးတော့ထိုးပေးထားတယ် ... ဖြစ်နိုင်ရင် မနက်ဦးမိုးဆေးခန်းကိုလာခဲ့ပေးပါ"

ဦးမိုး သွေခုန်နှုန်းစမ်းရန် နီသော့်လက်ကောက်ဝတ်ကို လှမ်းယူလိုက်သည်။ သူဇဝေဇဝါဖြစ်နေသော ကိစ္စအကြောင်းရင်းကို သိလိုက်ကာ အာမေဋိတ်အသံပင်ထွက်သွား၏။

"ဒါကြောင့်ကိုး..."

ဦးမိုးပင် နီသော့လက်ကဒဏ်ရာကိုမြင်လိုက်ပြီး အံ့အားသင့်သွား၏။ ဒဏ်ရာသည် အတွင်းထဲထိအနည်းငယ်နက်နေပြီး သွားတိုက်ဆေးလိမ်းထားသည်ရှိသော်လည်း ခြောက်သွားကာ ကြွေကုန်ပြီး ရောင်နေသည့်ဒဏ်ပေါ်လာသည်။ နီသော်ဖျားသည်ကလည်း အနာရင်းကာဖျားခြင်း ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

သူရိန် နီသော့်ဘေးတွင် တင်ပါးလွှဲထိုင်နေရာ ဒဏ်ရာမြင်သွား၏။ ထိုအရာကိုမြင်ရာ နီသော်ကို သူ့အဖွားတို့ဝိုင်းပြောနေချိန် လက်ကို အင်္ကျီဖြင့် အတင်းစုပ်ကိုင်ထားသည်ကိုသတိရသွား၏။ သူရိန် ဒေါသထွက်လာပြီး လက်တီးကိုလည်းကျစ်ကျစ်ဆုပ်ထား၏။ မျက်ဝန်း၌လည်း ဒေါသရိပ်များဖုံးလွှမ်း လောင်ကျွမ်းနေသည်။ ထိုမျက်ဝန်းအား ကြည့်မိသူများအားလုံး သူရိန်သာ နဂါးဖြစ်ပါက အကုန်ပြာကျနိုင်လောက်၏။

'နီ ကိုယ်မသိခဲ့ဘူး။ ကိုယ်တောင်းပန်ပါတယ်။ ဒါတောင်တစ်ယောက်ထဲပြန်လွှတ်မိခဲ့သည်။ ကားသမား လမ်းမှာချထားလို့ တစ်ယောက်ထဲကိုယ်ဝန်ကြီးနဲ့ အားငယ်စွာ ယောင်လည်လည်ဖြစ်နေမယ့် ရုပ်လေးကိုသူရိန် မြင်ယောင်ကြည့်လိုက်သည်။ နှလုံးသားတစ်ခုလုံးဖြစ်ညစ် ထားသလို ခံစားနေရသည်။'

ထို့နောက် ဝင်းသူကိုဖုန်းခေါ်လိုက်သည်။ တစ်ဖက်က အိပ်ချင်မူးတူးအသံဖြင့်ဖြေလာသည်။

" ဝင်းသူ မနက်မိုးလင်းတာနဲ့ Htan Groupနဲ့ ပူးပေါင်းထားတာတွေ အကုန်ရပ်လိုက် "

ဝင်းသူ သူ့သူဌေးစကားကြောင့် အိပ်ချင်ပြေသွား၏။
'ထန်အုပ်စု နဲ့ပူးပေါင်းတာအကုန်ရပ်ရင် ရွှေမြေကုမ္ပဏီကို မထိခိုက်ပေမယ့် Myint groupကလက်ခွဲရုံးတွေမှာပြဿနာတက်ပေမည်။ ထားပါ။ ဆရာကအကြောင်းရှိလို့လုပ်တာပဲ'  တွေးနေကာ....

နောက်တစ်နေ့မနက်၌ ဦးစိုင်းထန်ကုမ္ပဏီတွင် ရွှေမြေအုပ်စုရဲ့ လက်ခွဲကုမ္ပဏီက သူတို့ရုံးနဲ့ လက်တွဲဖြုတ်သည်ဆိုသည့်သတင်းက ပျံ့နှံ့နေ၏။  ပူးပေါင်းခြင်းရုတ်သိမ်းသည့် အကြောင်းကို မသိရသေး။  ထိုသို့သာ Htan group က ပူးပေါင်းမှုသာရပ်စဲလိုက်ရင်  လုပ်ငန်းလည်ပတ်မှု မှာအခက်ခဲဖြစ်မည်။

"မေသောင်းရယ် လုပ်ပါဦး  ကိုသူရိန်က သူ့ကုမ္ပဏီကနေ ခမ်းတို့အဖေအုပ်စုကို  လုပ်ငန်းလုပ်ပိုင်ခွင့်ပိတ်ထားတယ်...မနေ့ကထိအကုန်အဆင်ပြေသေးတယ်အခုချက်ချင်းကြီး... နီသော်ကြောင့်လား  မေသောင်း  ခံရတာကသမီးပါ "

မိုခမ်း သတင်းကြားကြားခြင်း အပြေးလွှား လာပြောနေသည်။ ဒေါ်သောင်းလည်း ယခင်က ရွှေမြေအုပ်စုက တည်ထောင်သူတစ်ဦးဖြစ်ကာ ရလိုရငြား  ငိုယိုပြီးလာကပ်နေခြင်းသာ။ ဒေါ်သောင်းလည်း သူရိန်ဦးစီးသည့် ရွှေမြေလုပ်ငန်းစုက မနှစ်ကတည်းက သူဝင်မစွက်ဖက်တော့။ သူရိန်လင်းသာ ပိုင်၏။  ယခုကိစ္စကို သူမတတ်နိုင်ပေ။
Thank you all readers.
Pu Sii Na🌈❤️
.
.
.
Zawgyi...

LOVE BIRD (Completed) Donde viven las historias. Descúbrelo ahora