Ep-24

8.6K 558 40
                                    

unicode.....

ဦးစိုင်းထန်  Golden Landကုမ္ပဏီရဲ့ CEO သူရိန်လင်းကို ကုမ္ပဏီ၏ အောက်ထပ်ဧည့်ခန်း၌ စောင့်နေသည်က ၂နာရီရှိ၏။ နာရီတကြည့်ကြည့်ဖြစ်နေပြီးအကျိုးအကြောင်း မေးရအောင်လည်း သူရိန့် အတွင်းရေးမှူးကိုလည်း မတွေ့ရသေး။ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းများကိုမေးသော်လည်း ကြိုတင်ချိန်းထားတာမရှိရင် ထိုင်ခုံမှာသာ ထိုင်စောင့်ပေးပါ ဟုသာ ပြန်ဖြေလာ၏။ ဦးစိုင်းထန်လည်း ကိုယ်က တွေ့ချင်၍သာ မနည်းအောင့်အီးသည်းခံနေခြင်းသာ။ သူရိန် လမ်းဘေးကားခဏရပ်ကာ ဖုန်းစခရင်ပေါ်မြင်နေရသည့် ဦးစိုင်းထန်ရဲ့ မခံချိမခံသာ စိတ်လောပုံပေါ်သည့်မျက်နှာကို ပျော်ပျော်ကြီးကြည့်ကာ မဲ့ပြုံးလိုက်ပြီး ရေရွတ်သေးသည်။

' ဦးစိုင်းမင်းထန် ခင်ဗျားရဲ့ ပျော်ရမယ့်နေ့တွေ ကုန်ဆုံးမယ့်အချိန်ကို စောင့်လက်စနဲ့ ခုလိုသာဆက်စောင့်နေလိုက်ပါ '

သူရိန် နီသော်သွားနေကြနေရာများသို့ သွားရှာနေခြင်းဖြစ်သည်။ နေ့တွင်းချင်း ကော့သောင်းမြို့သို့ နီသော် မပြန်နိုင်မှန်းသိသော်လည်း လေယာဥ်နှင့် ကားဂိတ်များ၌ အဝင်အထွက်စာရင်းကို ဝင်းသူကို စုံစမ်းထားခိုင်းသည်။ ရှိသမျှလူအင်အားသုံးကာ မန္တလေးမြို့တွင်း ရှိသမျှယာဥ်ဂိတ်ပေါင်းစုံကိုလည်း နီသော်ရဲ့ပုံပေးထားကာ တွေ့လျှင် ဆက်သွယ်ပေးရန် အကူအညီတောင်းလေသည်။ ထိုလူများလည်း ရွှေမြေလုပ်ငန်းစုရဲ့ အမည်သာကြားရသေးကာ 'စိတ်မပူပါနဲ့ ရှာပေးမယ်' ဟုအားကြိုးမာန်တက်ပြောကြသည်။

သူရိန် အရင်နေ့တွေက နီသော့်အနား မနေရရင် နေသာထိုင်သာ မရှိသလိုပင်။ သူရိန် နီသော်အား တခြားသူတွေရဲ့ စွပ်စွဲမှုတွေကို မဟုတ်မမှန်ကြောင်း စုံစမ်းနေချိန်က သူမအားလပ်ကာ အိမ်သို့မပြန်ဖြစ်သည်များလည်းရှိရာ နီသော်အနားလည်းမကပ်ရပေ။ နီသော် မသိအောင် အမြဲလိုလိုပင် နီသော်အိပ်မှသာ အနားသွားပြီး ခိုးနမ်းရသည်။ မမွေးရသေးတဲ့ ကလေးတွေကိုလည်း နီသော့်ဗိုက်အနား တိုးတိုးကပ်ပြီး စကားတွေလည်း အများကြီးပြောရသေးသည်။ အတွေးများပြန်ရုတ်ချိန် သူရိန်ကုမ္ပဏီရှေ့ရောက်လာသည်။ တစ်ပြိုင်နက်တည်း ရဲကားတစ်စီးလည်း အသံတိတ်ဖြင့် နောက်မှကပ်ပါလာ၏။ သူရိန်ထိုမြင်ကွင်းကို ဘေးစောင်းကြည့်ကာ နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာကာ ရဲကားထဲမှ စခန်းမှူးကို နှုတ်ဆက်လေသည်။

" အခြေနေဘယ်လိုလဲ ရဲမှူးကြီး "

"ဒီတစ်ခါတော့ သူ ပြေးမလွှတ်တော့ဘူး CEOလင်း"

ကုမ္ပဏီထဲသို့ သူရိန် အရင်ဝင်သွားပြီး ရဲမှူးနှင့်ရဲများက အပြင်မှ အခြေအနေကိုစောင့်ကြည့်နေ၏။ သူရိန် အထဲသို့ မဝင်မီ ဦးစိုင်းမြင့်သူနှင့် ဒေါ်မော်အေးပါ ရောက်လာကြသည်။ သူရိန်စတိုင်ပန်ရေညှိအစိမ်းရောင်ထဲ လက်နှစ်ဖက်ထည့်ကာ မျက်နှာအနည်းငယ်မော့လိုက်ပြီး သူ့ဦးလေးကို 'ဘာကိစ္စ' ဟူသောအကြည့်ကြည့်ပေးလိုက်သည်။ ရိပ်မိနေသော ရဲမှူးမှ...

" ကိုမြင့်သူလာတာနဲ့ အတော်ပဲ၊ တကူးတကရှာစရာတောင်မလိုတော့ဘူး "

ဦးစိုင်းမြင့်သူမှ မည်သို့မျှမတုံ့ပြန်၊ ဘေးမှဒေါ်မော်အေးကတော့ ယူနီဖောင်းအပြည့်အစုံနှင့်ရဲမှူးကိုမြင်ပြီး ထွက်ပြေးချင်နေသည်။ မျက်လုံးတို့ကလည်း ဂနာမငြိမ် ဖြစ်လျက် ဒေါ်သောင်းကွယ်လွန်သွားသည့်မြင်ကွင်းက မျက်လုံးထဲပေါ်လာသည်။

သူရိန်တို့ ကုမ္ပဏီအတွင်းသို့ဝင်ဝင်ချင်း ဧည့်သည်ဆောင်မှ ဆိုဖာခုံ၌ ထိုင်နေသော ဦးစိုင်းထန်ကို တွေ့ရလေ၏။ ဦးစိုင်းထန်လည်း သူရိန်တို့လာသည်ကိုမြင်လေသည်။ သူရိန် ဦးစိုင်းထန်ကို မတွေ့ဟန်ဖြင့် ရုံးခန်းသို့သာ ဦးတည် သွားသည်။

" ဥက္ကဋ္ဌလင်း! "

ဦးစိုင်းထန် သူရိန်အား မခေါ်စဖူး နာမတစ်ခုဖြင့် လှမ်းအော်ခေါ်လိုက်၏။ ထိုအသံကြောင့် သူရိန့်ခြေလှမ်းများ ရပ်သွားပြီး သူ့အကွက်ထဲဝင်လာသည့် ဦးစိုင်းထန်ကို လှည့်ကြည့်လိုက်သည်။

" အော်...Htan group ကပါလား...sorry မမြင်လိုက်လို့နော်"  မြူးကြွဟန်ဖြင့်...

" ဥက္ကဋ္ဌလင်းနဲ့ လုပ်ငန်းကိစ္စလေး ဆွေးနွေးစရာလေးရှိလို့ပါ"

ဦးစိုင်းထန် ခုချိန် သူပေါက်ကွဲ၍ မရလို့သာ မျက်နှာငယ်နှင့် ပြောလေသည်။

"ကျွန်တော့် အတွင်းရေးမှူးနဲ့သာ ပြောလိုက်ပါ ထန်ဥက္ကဋ္ဌ... အစည်းဝေးရှိလို့ ခွင့်ပြုပါဦး "

သူရိန်လင်းစကားအဆုံး အပြင်ဘက်၌ စောင့်နေသည့် ရဲမှူးဝင်လာသည်။ အမှန်သူရိန်မှာ ဦးစိုင်းထန်ကို ကလိကလိဖြစ်အောင်လုပ်ပြီး အချိန်ဆွဲထားခြင်းပင်။ ရဲမှူးလည်း သူရိန်ပို့သော သက်သေတစ်ခုကြောင့်သာ ဦးစိုင်းထန်ရှိရာသို့ လက်အောက်ရဲသား ၂ယောက်သာခေါ်ခဲ့ရပြီး အထက်က ဖမ်းဝရမ်းကျဖို့ စောင့်နေရာ ရမှဝင်လာလိုက်သည်။ လက်အောက်ရဲသား၂ယောက်မှာ ဦးစိုင်းထန်ကိုမြင်မြင်ချင်း နောက်လက်ပြန်သိုင်းပြီး လက်ထိပ်ခတ်လိုက်သည်။ ပြီးမှ ရဲမှူးမှ လူသတ်မှုနှင့်ဖမ်းလိုက်ကြောင်း၊ ဦးစိုင်းထန် ပါးစပ်မဟခင် ဖမ်းဝရမ်းစာရွက်ကို ပြလိုက်သည်။

"ဘာသက်သေရှိလို့ ဖမ်းတာလဲ ...အသရေဖျက်မှုနဲ့တရားပြန်စွဲလို့ရတယ်နော် ငါလာတာ အဖမ်းခံဖို့မဟုတ်ဘူး လုပ်ငန်းကိစ္စပြောဖို့လာတာ"

ဦးစိုင်းထန် ဘီလူးသရဲစီးနေသလို မျက်ထောင့်နီဖြင့် ရဲမှူးကိုပြောနေသည်။ ဦးစိုင်းထန်စကားကြောင့် သူရိန် ဟားတိုက်ရယ်လိုက်ပြီး ဘေးမှ ဝင်းသူလာပေးသော လက်တော့ပ်၌ စတစ်ထဲသွင်းထားသော ဒေါ်သောင်းဆေးရုံအခန်းမှဖြစ်သမျှကို ဖွင့်ပြလိုက်သည်။ ဦးစိုင်းထန် ဒေါ်မော်အေးကို စူးရဲစွာကြည့်လိုက်၏။

ဒေါ်မော်အေးထွက်ပြေးမလိုလုပ်နေ၍ ရဲမေ၃ယောက်မှာ ဒေါ်မော်အေးကို ဒေါ်သောင်းအား လုပ်ကြံမှုဖြင့် ဖမ်းလ်ိုက်သည်။

" ငါမဟုတ်ဘူး...ငါလုပ်တာမဟုတ်ဘူး ...ကိုစိုင်းထန်းခိုင်းလို့လုပ်ရတာ... ငါမဟုတ်ဘူး ကိုမြင့် မော်မလုပ်ဘူးနော်.. "

ဒေါ်မော်အေး သွေးရူးသံရူး စိတ်လွတ်သွားသလိုအော်နေ၏။ ဦးစိုင်းမြင့်သူမှာ စိတ်မကောင်းဖြစ်နေသည်။ ဒေါ်မော်အေးအကြောင်း သိနေသော်လည်း လက်ဆုပ်လက်ကိုင် သက်သေပြစရာ မတွေ့ရသေး၍ မသိသလိုဟန်ဆောင်နေခြင်းသာ၊ ယခုသက်သေအထောက်အထားကြောင့်  သူလည်းမတတ်နိုင်တော့ချေ။

သူရိန် ဦးစိုင်းထန်ဘေးနားကပ်ကာ

" ခင်ဗျား အေးဆေးအနားယူလိုက်တော့ ခင်ဗျားမတရား သဖြင့်ယူထားတဲ့ လုပ်ငန်းကို ပိုင်ရှင်အမှန်ကို ပြန်ပေးဖို့ အချိန်ကျပြီ ...ဟက်"

စစ်ဆေးရေးရုံးခန်းတစ်ခုအတွင်း၌....

"ခင်ဗျားဘယ်လောက်လိုချင်လဲ ကျုပ်ပေးမယ်ဗျာ အားမနာနဲ့ ပြောသာပြောလိုက်"

စကားကြောင့် စခန်းမှူးမှာဒေါသထွက်လာကာ ထရပ်လိုက်ပြီး စားပွဲခုံကို လက်နှစ်ဖက်ဖြင့် အုန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။

" ခင်ဗျားက ကျုပ်ကိုဘာမှတ်နေတာလဲ... ငတ်ပြတ်လို့ လုပ်စားတယ်များမှတ်နေသလား၊ ငတ်လို့ဒီအလုပ်လုပ်နေတာမဟုတ်ဘူး ဝါသနာပါလို့လုပ်နေတာ ခင်ဗျားတို့လို သူများပစ္စည်းအလကား အချောင်လိုချင်တဲ့သူတွေကို သံတိုင်ကြားထည့်ချင်လို့ ဒီအလုပ်ကိုလုပ်တာ ၊ ခင်ဗျားသိထားဖို့က ကျုပ်ကစော်ဘွားနွယ်ဝင် ဘိုးဘေးဘီဘင်လက်ထက်တည်းက သုံးမကုန်ဖြုန်းမကုန်ရှိခဲ့တာ ...ပြစ်မှုတွေထပ်မတိုးသွားချင်ရင် ခင်ဗျားစကား ဆင်ခြင်ပြောပါ "

နောက်လသို့မကူးစေပဲ ဦးစိုင်းထန်အား လွန်ခဲ့သော၁၀နှစ်မှ နီသော့်မိဘနှင့် သူရိန့်မိဘသေစေမှု အပါအဝင် ဒေါ်သောင်းအားသေစေမှု၊ MI လုပ်ငန်းအား မတရားသဖြင့် သိမ်းပိုက်ထားမှု၊ များစွာသောအမှုတို့ဖြင့် ရက်မဆိုင်းပဲ သက်သေအထောက်အထားအပြည့်အစုံကြောင့် ဦးစိုင်းမြင့်သူမှ တရားလိုပြုကာ ရုံးတင်လေသည်။ လောဘမောဟများကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရသော ဦးစိုင်းထန်မှာ သူ့ကိုယ်သူမယုံနိုင်ကာ စိတ်လွတ်သွားပြီး ရှေ့နေလက်မှကိုင်ထားသော ဘောပင်တစ်ချောင်းကို လုယူလိုက်ပြီး သူ့လည်ပင်အားထိုးကာ သတ်သေသွားလေသည်။ ဦးစိုင်းထန် သေသွားသော်လည်း ဝိညာဥ်ကို ထောင်နန်းစံရမည့် သက်တမ်းအလျောက် ချုပ်ထားလိုက်သည်။
ဒေါ်မော်အေးနှင့် အရင်ရောက်နှင့်နေပြီးသော ဦးအေးစိုးကိုလည်း ကျူးလွန်ခဲ့သည့်အပြစ်အားသုံးသပ်စေရန် သက်ဆိုင်သည့်အပြစ်ဒဏ်ကိုပေးလေသည်။   ဦးစိုင်းမြင့်သူမှာ ဒေါ်မော်အေးကို  မျက်နှာချင်းမဆိုင်။ ခပ်တည်တည်နှင့် နေ၏။ 

'ရပြီ ရပြီ  ဒီလောက်ဆို  ကိုကြီးနဲ့ မေမေအတွက်   တရားပြီမို့ ...ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူအတွက် သံယောဇဥ်လက်ကျန်တွေ ထားစရာမလိုဘူး'

ဦးစိုင်းမြင့်သူ ထထွက်လာခဲ့တော့၏။

ထိုသတင်းကိုကြားကြားချင်း တွေ့ခွင့်ပင်မရဘဲ ရုံးချိန်တွင်းပင် ဦးစိုင်းထန်ကွယ်လွန်သွားပြီဟုသာ ကြားလိုက်ရသော ဒေါ်သူဇာတို့သားအမိတို့မှာ သူတို့၏ မဟာတံတိုင်းပြိုကျသွားသည့်နှယ်  ကောင်းကောင်းဆိုးဆိုး မိသားစုကိုရှာကျွေးသည့်ဖခင်ရဲ့အဖြစ်ကို မယုံနိုင်ဖြစ်နေကြလျက် တရားရုံးအရှေ့၌ ရှိုက်ကြီးတငင်ငိုနေကျ၏။   မိုးခမ်းကတော့   မဆိုင်သည့်  နီသော်ကိုသာ  ဆဲရေးနေသည်။

သူရိန်လင်းမှာ  ကုမ္ပဏီ၌သာ အလုပ်လုပ်နေ၏။  မသတီသည့်လူများကို မမြင်ချင်တော့ကာတရားရုံးသို့ မသွားပေ။   ဦးစိုင်းထန်ယူထားသည့် ကုမ္ပဏီမှာလည်း  ရွှေမြေလက်အောက်သို့ရောက်လာလေ၏။ အလုပ်လုပ်နေသည်ဆိုသော်လည်း   အမှန်က  နီသော်နှင့်ပတ်သက်သည့်သတင်းများ   မနားတမ်းစုံစမ်းနေခြင်းသာ။  

ဦးစိုင်းထန် စျာပနာပြီးနောက်  ဒေါ်သူဇာတစ်ယောက်  လက်ရှိနေသည့် အိမ်ကိုရောင်းချကာ  ငွေကို အေးထွေးနှင့် မိုခမ်းတို့ ပေးခဲ့ပြီး    တဏှာလောဘတို့ကို စိတ်ကုန်ခမ်းကာ   ရာသက်ပန် တရားထုတ်ရန် သာသနာဘောင်သို့ ဝင်သွားလေ၏။  အေးထွေးတို့မှာ တားချိန်ပင်မရလိုက်ချေ။  

တစ်ပတ်မျှကြာပြီးနောက် မိုးထက်လုပ်ငန်းပင်အဆင်မပြေဖြစ်လာသည်။ မိုခမ်း နီသော်ရှိမည်အထင်နှင့် သုခမြုင်စံအိမ်သို့ သွားကာ ခြံဝင်းအကျယ်ကြီးရှေ့ သွားအော်ခေါ်လေသည်။  နီသော့်အသံမဟုတ်ဘဲ သူရိန့်အသံကြောင့်လန့်သွား၏။ 

" နီသော်!...နီသော် !" 

"ဘာကိစ္စလဲ နန်းမိုခမ်း"

" နီသော်နဲ့ စကားပြောချင်လို့ပါ ကိုသူရိိန်"

"နီ က မင်းနဲ့စကားပြောဖို့ မအားဘူး...ပြောချင်တာရှိရင် ငါ့ကိုသာပြောလိုက် "

သူရိန် နီသော်ထွက်သွားသည်ကိုမသိစေချင်ကာ  မုသားသုံးလိုက်၏။ ပြီးနောက် မိုခမ်း ဘာပြောမည်ကိုလည်း သိချင်၍ပင်။   

"   နောက်ဆုံးအကြိမ် ဖုန်းနဲ့ပြောထားသလိုပဲ လို့ ပြောပေးပါ"

မိုခမ်း သူရိန်မရှိအထင်နှင့် အိမ်၌  နီသော်တစ်ယောက်တည်း ရှိနေခိုက်   နီသော်အား တစ်နည်းနည်းဖြင့်မသေ သေအောင် လာခြင်းပင်။ 

" နောက်ဆုံးအကြိမ် ဖုန်းနဲ့ပြောသလို...ဟုတ်လား...ဟား...ဟား...ငါမသိဘူးများ မှတ်နေသလား မိုခမ်း ... နီသော်ကို မင်းဘာတွေပြောလိုက်သလဲ ငါအကုန်သိပြီးသား...သြော်...ဒါနဲ့   မင်းညီမအေးထွေးဗိုက်ကြီးတာ  သူ့လင်နဲ့ ကမြင်းကြောထလို့ကြီးတာ၊ မဆိုင်တဲ့သူကို လိုက်မပြောနဲ့  အေးထွေးနဲ့လက်ထပ်ရအောင်လည်း ငါသူရိန်ဆိုတဲ့ကောင်က   နွားမဟုတ်ဘူး၊ အေး နွားဆိုလည်း နီသော်ဦးရဲ့နွားပဲဖြစ်ခံမယ်....နီသော်ကြောင့်သာ  မင်းကို ဒီတိုင်းလွတ်ထားတာ  မဟုတ်ရင် မင်းအဖေကို ဥပမာကြည့်ထားပါ"

သူရိန် မိန်းကလေးတစ်ဦး၏ အရှက်သိက္ခာကို မဆိုချင်။ သို့သော်  သူ့ရှေ့က ဘီလူးကဲ့သို့မိန်းမက သူ့ချစ်ရသူကို  စိတ်ထိခိုက်အောင်ပြောခဲ့မဟုတ်လား။    ထိုသို့လူမျိုးများနှင့်တွေ့လျှင် စကားပြောတာ လူကြီးလူကောင်းပင် မဆန်နိုင်တော့။  သူရိန်  ဆက်ပြီးအဖက်လုပ်မပြောချင်တော့ကာ  ခြံစောင့်ဦးလေးအား ခြံတံခါးပိတ်ခိုင်းကာ အိမ်ထဲသို့ဝင်သွားလေတော့၏။   

နီသော်နှင့် နှစ်ယောက်သာသိသည့်ကိစ္စကို သူရိန်ပြောနေသောကြောင့်  မိုခမ်း အံ့သြနေသည်။  သူ့အကြံစည်ပျက်ကာ နီသော်အိမ်၌ ရှိခြင်းမရှိခြင်းကို မသိလိုက်ရတော့။ ခဏကြာတွင် မိုးထက်ကို ဖုန်းဆက်ခေါ်ကာ  ပြန်သွား၏။  

.......

" သက်ဝေ  ဒီကိစ္စသူရိန်သိရင်မလွယ်ဘူး၊ သူရိန့်ကိုအကြောင်းကြားလိုက်ရအောင်နော်  လုပ်ပါ"

" ဟာ...ကိုသုတကလည်း  နီသော်အဲ့အိမ်ကထွက်လာတာပဲကြည့်လေ... ဟိုမှာ ဘာတွေစိတ်ဆင်းရဲစရာရှိလည်းမှမသိတာ ပြီးတော့ နီသော်က သူဒီရောက်နေတာမသိစေချင်ဘူး...လောလောဆယ် သူကလေးမွေးပြီးမှ  ပြန်ဆွေးနွေးရအောင်ပါ"

နီသော် ရေမွှာပေါက်ပြီး  တစ်ဆစ်ဆစ်နှင့် ကိုက်လာ၍  သုတဦး အသိဆေးရုံသို့ တင်ထားရ၏။ နီသော့်ကို ဆေးရုံကုတင်နားထားကာ   သူတို့နှစ်ယောက်သား ကြိတ်ကာစကားများနေရသည်။ သုတဦးမှာ သူရိန့်ဒေါသကိုသိ၍ သက်ဝေကိုအမှုပတ်မည်စိုးသဖြင့်  နားချနေရ၏။   သက်ဝေမှာလည်း နီသော်ဘက်ကဖြစ်နေသည်။   သုတဦးမှာ လောလောဆယ် သူစင်္ကာပူမှပြန်ရောက်နေသည်ကို  သူရိန်တို့အားအသိမပေးသေးဟု တွေးလိုက်သည်။  တွေ့လို့ မေးနေမှဖြင့်  မဖြေတတ်မှ  သက်ဝေဘက်မြှားဦးလှည့်နေမည်။     သုတဦးမှာ သူ့ချစ်သူအတွက် စိုးရိမ်မှုလွန်ကဲနေ၏။ 

" နီသော်   သက်ဝေကြောင့်မို့သာ  သူရိန်ကိုမပြောပဲနေတာနော်၊ ကလေးမွေးပြီးတဲ့အထိ စိတ်မပူပဲအေးဆေးနေပါ ကိုယ်ပြန်မပြောပါဘူး" 

" ကလေးမွေးပြီးရင်တော့ ပြောမယ်ဆိုတဲ့သဘောလား"

သုတဦး နီသော့်ကို ဗိုက်နာတာ သက်သာလိုသက်သာငြား စနောက်ကာပြောလိုက်၏။  နီသော်လည်း သုတဦးစ နေသည်ကိုသိကာ  ပြန်ဆိုသည်။   ခဏနေတော့ အခန်းထဲ  တာဝန်ကျ ဆရာဝန်လာပြီး လိုအပ်သည်များကို မှာနေ၏။

"ကိုယ်၀န်ဆောင်သည်က အမျိုးသားဖြစ်တဲ့အတွက် မဖြစ်မနေခွဲမွေးရမယ်၊  သဘာ၀အရမဟုတ်တဲ့အတွက် ကိုယ်၀န်သည်ရော ကလေးပါ အသက်အန္တရာယ်ရှိလာနိုင်တာဖြစ်လို့ ဒီနေရာမှာ လက်မှတ်ထိုးပေးပါ"

"တတ်နိုင်သမျှ နှစ်ဦးစလုံးကို ရအောင်ကယ်ပေးပါ။ မတတ်နိုင်တဲ့အဆုံး ကိုယ်၀န်ဆောင်သည်ကို ရအောင်ကယ်ပေးဖို့ တောင်းဆိုပါတယ်ဗျာ"

သုတဦး ပါးစပ်ကပြောတာ   တကယ်တမ်း သူပါစိုးရိမ်နေသည်။  သူရိန့်အမျိုးသားမို့ တစ်ခုခုဖြစ်ရင် သူ့ခေါင်းပေါ်ကျမည်စိုး၍လား၊  ဗိုက်ကြီးသည်တစ်ယောက်  လင်မပါ ဆွေမျိုးမလာ တစ်ယောက်တည်း ဆေးရုံတက် ကလေးလာမွေးနေရလို့ အားငယ်နေမည် စိုး၍လားမပြောတတ်တော့ပေ။  

" စိတ်မပူပါနဲ့  သားဖွားဆရာမ ကတော်ပါတယ် ...အမျိုးသားကိုယ်ဝန်ဆောင်မို့လို့လည်း   သူဂရုတစိုက်မွေးပေးမှာပါ"

ဟုသာပြောပြီး   နီသော့်အားခွဲခန်းသို့ခေါ်သွားတော့၏။   

နာရီဝက်ခန့်ကြာသော်   သံပြိုင်ပြုပြီးအော်ကြသလို ' အူဝဲ အူဝဲ'  ဟူသော အသံက ဘယ်လောက်ကျယ်သည် မပြောတတ်  ခွဲစိတ်ခန်းအပြင်ဘက် အထိကြားနေရ၏။   သက်ဝေလည်း   သူရိန့်အစား အင်္ဂုလိမာလသုတ္တကို အခေါက်ပေါင်းမနည်းရွတ်နေ၏။   ကလေးများအသံကြားမှ သက်ပြင်းချနိုင်၏။    ထိုကလေးသံကြောင့်  နှစ်ယောက်သားတစ်မျက်နှာတစ်ယောက်ကြည့်ကာ....

" ဟင် အသံကနှစ်သံတောင်...အမွှာလား  "

သားဖွားဆရာမထွက်လာပြီး  နီတာရဲကလေး ၂ယောက်ကို လာပြ၏။

"ယောက်ျားလေးတွေပါ"

ကလေး၂ယောက်အား ပွေ့ချီထားသော ဆရာမ၏မနောက်တွင်  နောက်ထပ်ဆရာဝန်မလေးတစ်ယောက်  ကလေးလေး နီတာရဲလေးကိုထပ်မံပွေ့ချီလာပြန်၏။

" သုံးမွှာပူးလား"

သက်ဝေတို့ သံပြိုင်ရွတ်မိကြပြန်၏။   သုတဦး သူရိန်သာသိရင် ဘယ်လောက်ထိပျော်နေမည်ကိုလည်းတွေးနေ၏။ 

"အမယ်လေး သူရိန်လင်းများ စွမ်းချက်ပဲ"

သုတဦးမှ ဝမ်းသာကာပြောလေ၏။

" ဒါလေးက မိန်းကလေးပါ"

ထို့နောက်ပြန်ဝင်သွားကြပြီး  နောက် နာရီဝက်ကြာသည်အထိ  နီသော်ခွဲခန်းမှထွက်မလာသေး  ပေ။   သူနာပြုလေးဖြစ်ဟန်တူသည့် သုံးလေးယောက်ကတော့   အရေးကြီးဟန်နှင့် ဝင်လိုက်ထွက်လိုက် လုပ်နေကြသည်။   သက်ဝေ မြင်ရသည်က စိုးရိမ်ဖွယ်ဖြစ်၍   ထိုသူနာပြုအား လှမ်းမေးတော့၏။

"  ဆရာမ  ကလေးမွေးတဲ့လူနာရော  ထွက်မလာရသေးဘူးလား"

ထိုသူနာပြုမှာ မျက်နှာမကောင်းဟန်နှင့် ဆိုလာ၏။

"ကလေးမွေးတာက အားလုံးအဆင်ပြေပါတယ် အဆင်မပြေတာက ကိုယ်၀န်သည်ပါဘဲ၊သူသွေးအရမ်းထွက်ပြီး သွေးအရမ်းလိုနေတယ်။ပြီးတော့ လူနာက အရမ်းpaleဖြစ်နေတယ်၊ အရေးပေါ်သွေးနှစ်လုံးလောက်လိုတယ်၊ အခုချက်ချင်း သွေးမရရင် လူနာအသက်အန္တာရာယ် ထိခိုက်လာနိုင်တယ်"

သုတဦးမှာ သူနာပြုစကားကြောင့်  ခေါင်းပေါ် အစိုင်အခဲတစ်ခုဖြင့်ဖိထားသလို  လေးလာလေ၏။ သက်ဝေမှာ  ထိုစကားကြားပြီး  လိုရင်းကိုမေးလေ၏။

"ဗျာ.....နီသော်က ဘာသွေး အမျိုးအစားလဲ"

ထိုဆရာမမှာ လူနာအချက်အလက်ပြန်ကြည့်ကာ...

" အေဘီ ပါရှင့်"

"ဟာ ကျွန်တော်လည်း ABသွေးဘဲ။ ကျွန်တော်လှူမယ် "

သုတဦးမှာ ထိုစကားကြားပြီး  ဝမ်းသာအားရပင်ပြောလေ၏။

"ရတယ် မြန်မြန်လိုက်ခဲ့ စစ်စရာရှိတာစစ်ရင်း သွေးအမြန်ဖောက်ရမယ်။ နောက်ပြီး သွေးက နှစ်လုံးလိုတာ။ အဲ့တော့ သွေးလှူမယ့် နောက်တစ်ယောက်လိုတယ်... ရပါတယ် ကျွန်မ သွေး လှူဘဏ်နဲ့ ချိတ်ကြည့်မယ်။ ရရင်တော့ အဆင်ပြေပြီ"

"လုပ်ပါ ဆရာမရယ် ကူညီပါ"

ထိုဆရာမလေးမှာ  သုတဦးကို လိုအပ်သည်များပြောပေးနေသည်။  သက်ဝေမှာ မွေးကင်းစလေးများရှိရာ၌သာ နေခဲ့၏။


"ခွမ်း"

  သူရိန် ရေသောက်ပြီး  ဖန်ခွက်ကို  စားပေါ်မှောက်လိုက်ရာ  စားပွဲပေါ်မရောက်ပဲ  ကြွေပြားပေါ်သို့ ကျသွား၏။   သူရိန် သူမအိပ်သည်က  ရက်အတော်ကြာပြီဖြစ်လို့  ခေါင်းမူးဝေနေလို့သာ ထင်၍  ဒီတိုင်းသာနေလိုက်၏။    ဖန်ခွဲစများ ရှင်းရန် တံမျက်စည်းကိုင်လိုက်ချိန်  အတိတ်နမိတ်ပြသည်အလား   နီသော်တစ်ခုခုများဖြစ်သည်လားဟု  အတွေးဝင်လာ၏။   နီသော့်သတင်းစုံစမ်းသည်က  မျှော်လင့်ချက်ပင် ရေးရေးမျှ မရသေးပေ။  ကြမ်းခင်အောက်  စိတ်ပျက်စွာ မှိုင်ထွေထွေထိုင်ချရင်း  နီသော်ကိုတမ်းတနေ၏။

" နီ  ရယ် ဘယ်မှာများသွားနေနေတာလဲ"

LOVE BIRD (Completed) Donde viven las historias. Descúbrelo ahora