Extra-2

9.1K 442 9
                                        

update date~ 22/12/2020_9:08Am
Unicode....
.
.
.
နီသော်တစ်ယောက်  တစ်ကုတ်ကုတ်နဲ့   အမွှာတွေရှုပ်ထားခဲ့သမျှကို  ရှင်းလင်းနေကာ   အိမ်ကြီးထဲ သူတစ်ယောက်သာရှိ၏။  ဖုန်းMail၌   part time လုပ်ဖို့ အလုပ်လျှောက်ထားသော အလုပ်ကပို့လာသော Passဆိုတဲ့ စာလုံးထင်းထင်းကို နီသော် ကြည့်ကာ ပြုံးနေလေသည်။

     အမွှာသုံးယောက် စာမေးပွဲပြီးကာ နွေရာသီကျောင်းပိတ်ရက်၌  သက်ဝေနဲ့သုတဦးတို့က  'ငါတို့အမွှာလေး ငါတို့အမွှာလေး 'ဟုဆိုတော့ ...ဟိုစကားတတ်သုံးယောက်ကလည်း သူတို့ပါးစပ်သေးသေးနဲ့  လေးလေး...လေးလေးဟု စကားချွေပြန်တော့  သက်ဝေကလည်း  မနေနိုင်ကာ  သူတို့သွားရာ အမေရိကားကို  ခရစ်စမတ်ပွဲအလည်ဆိုပြီး  အမွှာသုံးယောက်လုံးကို  ခေါ်သွား၏။ နီသော်သိ၏၊ သက်ဝေအမွှာသုံးယောက်ပါပါရင်  တော်တော်နဲ့အိမ်ပြန်မည်မဟုတ်  လျှောက်ပတ်လည်ဦးမည်သာ။ ပြန်မလာကြသေးတာက  ၁လပင်ရှိရော့မည်။ သုတကလည်း သက်ဝေစိတ်ချမ်းသာပြီးရောဆိုကာ  သက်ဝေဖြစ်ချင်တာမှန်သမျှ လိုက်လျောပေး၏။ ဒီကြားထဲ  သူ့အချစ်တော် သုံးယောက်ပါတော့ ပိုဆိုးမည်ကို  နီသော် မြင်ယောင်မိ။  Video callနဲ့ပြောတော့  အမွှာတွေကလည်း ဟိုမှာပျော်တယ်ထင်၏..."ဖေ သားတို့ဘယ်နေ့ဘယ်နေ့ပြန်လာတော့မယ်ဆိုပြီးတော့လည်း တစ်ခွန်းမှမဟကြ" ။ နီသော်လည်း သူ့ကလေးတွေပျော်တာမြင်တော့   ပြန်ဖို့အကြောင်း မမေးမိတော့ချေ။   ဒီလိုနှင့်  နီသော်နဲ့သူရိန် ၂ယောက်သာကျန်ခဲ့၏။

    သူရိန်လည်း  ခုရက်ပိုင်းတွင်း   နှစ်သစ်အတွက်ထုတ်ကုန်အသစ် မိတ်ဆက်ရန် အလုပ်ရှုပ်နေပြီး ကုမ္ပဏီ၌သာအချိန်ကုန်နေ၏။   ကလေးသုံးယောက်ပါ အိမ်မှာမရှိတော့  သူပါအိမ်မပြန်ပေ။   နီသော်တစ်ယောက်သာ  အိမ်သန့်ရှင်းလုပ်လိုက်၊ ဟိုပစ္စည်းဒီရွှေ့၊ ဒီပစ္စည်းဟိုရွှေ့နဲ့ တစ်နေ့တစ်နေ့   အထီးကျန်သည့်စိတ်ကို  ဖိနှိပ်ထားရ၏။  သားသမီးတွေကလည်း  ကျောင်းပိတ်ရက်အလည်သွား၊ ယောင်္ကျားဖြစ်သူကလည်း ကုမ္ပဏီမှာ ထုတ်ကုန်အသစ်နဲ့ ခြေချုပ်ပိတ်နေနဲ့ ထမင်းဟင်းပို့ပြန်တော့လည်း  'အလုပ်ရှုပ်မယ် ကုမ္ပဏီကလူတွေနဲ့ပဲစားမယ်' ဟုဆိုတော့ နီသော်လည်း  သူရိန်စိတ်အနှောင့်အယှက်ဖြစ်မည်ထင်ကာ  မပို့တော့ချေ။   အိမ်ကိုခဏသာပြန်လာအဝတ်စားလဲ အလုပ်ပြန်သွားတတ်သည့် ယောင်္ကျားဖြစ်သူ  သူရိန်ကိုလည်း သူလွမ်းလှပြီ။ မသိတဲ့သူဆို ချစ်ရသူနဲ့  တစ်နယ်တစ်ကျေးဝေးနေသည်ဟုထင်လိမ့်မည်။ သူ့အား  အချိန်ကြာလာလို့ ငြီးငွေ့နေပြီးလားဟုလည်း ဒီရက်ပိုင်းအတွင်း တွေးမိတတ်နေကာ  နီသော် သူတစ်ယောက်တည်း အထီးကျန်နေလှသည်။  သူရိန်မသိအောင်  ကုမ္ပဏီကအချိန်ပိုင်း အလုပ်သမားအဖြစ်နဲ့  ယောင်္ကျားဖြစ်သူရဲ့  အရိပ်ကလေးပါ့မြင်ရမြင်ရဟုတွေးကာ  လျှောက်ထားလိုက်သည်။  အလုပ်ရလာတော့   သူရိန်အိမ် မပြန်လာသည့်အချိန်ကိုသာရွေးပြီး  အလုပ်သွားရန်ပြင်လိုက်၏။

LOVE BIRD (Completed) Onde histórias criam vida. Descubra agora