လူနာကုတင်ပေါ်တွင် ဆေးပိုက်တန်းလန်းနှင့် ကောင်လေးသည် မေ့နေရင်းပင် ယောင်ယမ်းကာအော်နေသည်။
"သား...မလိုက်ချင်ဘူး...ဖေဖေမေမေ...သားကိုလာခေါ်ပါဦး အန်တီကြီးတစ်ယောက်သားကိုလာခေါ်နေတယ်"
မပီတပီယောင်ယမ်းလန့်ကာ မျက်လုံးပွင့်ပြီးနိုးလာသည်။ မျက်လုံးအိမ်တွင်မျက်ရည်များပြည့်လျက်ပင်။
"သားလေးနိုးပြီးလား"
နီသော်၏အဖေသည် နီသော်သတိရလာသောကြောင့် တာဝန်ကျဆရာဝန်ကိုပြေးလွှားသွားခေါ်ပြီး သတိရလာသော ၅နှစ်သားကလေးလေးသည် သူ့ခေါင်းတွင်စည်းထားသော ပတ်တီးဖြူဖြူကိုလက်ဖြင့် ကိုင်ကြည့်နေသည်။ထို့နောက်အမေဖြစ်သူမီမီထွေးအားမေးလေသည်။
"မေမေသားဘာဖြစ်လို့ဆေးရုံရောက်နေတာလဲ"
ဆရာဝန်နှင့်သူနာပြုများ ဦးအောင်သော်နှင့်အတူဝင်လာကြသည်။ မိခင်ဒေါ်မီမီထွေးလည်း နီသော်နိုးလာသည်ကဖြစ်ကြောင်းကို ဆရာဝန်အားပြောပြလိုက်သည်။
"ယာဉ်တိုက်မှုဒဏ်ကြောင့် လန့်ပြီးခဏမေ့နေတာပါ...သိပ်ပြီးမစိုးရိမ်ရပါဘူးအစ်ကိုတို့ "
ဆရာဝန်လည်း နီသော်ကိုစစ်ဆေးကြည့်ရှုပြီး မှာစရာရှိတာများမှာပြီးနာက် တစ်ခြားလူနာကြည့်ရန်ရှိသေးသည်ဟုဆိုကာ သွားလေသည်။
ဆရာဝန်များအခန်းထဲမှထွက်သွားပြီးနောက် ဒေါ်မီမီထွေးနှင့် ဦးအောင်သော်သည် စောစောကသားယောင်သည့်ကိစ္စကို မသင်္ကာဖြစ်ကာဆွေးနွေးလေသည်။
"ကိုသော်ဒီကိစ္စက ရိုးရိုးသားသားမဖြစ်နိုင်ဘူး။ ယာဉ်တိုက်မှုဖြစ်တဲ့ နေရာမှာ ပင်လယ်ထဲထိုးကြသွားတဲ့ကားက အခုထိရှာမတွေ့သေးဘူးတဲ့။ ရှေ့ကားကထိခိုက်မိတဲ့သူတွေလည်း အရေးပေါ်ကြပ်မတ်ဆောင်ထဲ ရောက်နေတယ်တဲ့ ။သားအရွယ် ကောင်လေးတစ်ယောက်ကအခုထိ သတိမရသေးဘူးလို့ကြားတယ်။ "
မီမီထွေးစိတ်မကောင်းဖြစ်ဟန်နှင့်ပြောလေသည်။
"အင်း...ကို ရှေ့နေဦးဇော်ကိုပြောထားပြီ၊ ရဲတွေလဲစုံစမ်းနေကြတယ်၊ စိတ်မပူနဲ့ မီ "
နောက်၃ရက်အကြာတွင်နီသော်လေးဆေးရုံမှဆင်းရသည်။ သို့သော် မကောင်းသည့်ကံက အမြည်းစကျွေးသလိုပင်။ ကောင်လေးတစ်ယောက်သည်လည်း သီးသန့်အခန်းတွင် သတိမေ့နေဆဲပင်။ဘေးတွင်း ဝမ်နည်းစွာမြေးဖြစ်သူအားကြည့်နေကာ ကြီးမားသောဂုဏ်ရှိန်ဂုဏ်ဝါ ဟန်ပန်မူရာတို့က တစ်စက်လေးမှလျော့မသွားပေ။ သားနှင့်ချွေးမတို့ကိုဆုံးရှုံးကာ သူ့အချစ်ဆုံးမြေးလေးပင် ဆေးရုံပေါ်တွင်မေ့မျောနေလေသည်။
"မြေးရယ် ဘယ်လောက်တောင်ခံရခက်လိမ့်မလဲ "
ဝမ်းနည်းပူဆွေးမှုက စိတ်အပြင်ဘက်သို့ထွက်ကျလာသည်။ လူပင်အနည်းငယ် ယိုင်နှဲ့သွားသလိုဖြစ်သွားသည်။ ပြန်လည်အားတင်းကာ ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
ဆေးရုံအပြင်တွင် မိန်းမကြီးတစ်ယောက်သည်လည်း ယာဉ်တိုက်မှုကြောင့်ရောက်လာသည့် လူနာတစ်စု၏အခြေအနေကိုစုံစမ်းနေသည်။ နောက်တွင် လိုချင်သည့်သတင်းမရသောကြောင့် မျက်နှာရှုံ့မဲ့ကာထွက်သွားလေသည်။
နီသော်တို့ သားအမိ သားအဖတစ်တွေ ကော့သောင်းမြို့ရှိအိမ်သို့ပြန်လာကြသည်။ ဒေါ်မီမီထွေးသည် နီသော်ဆေးရုံတွင် အသုံးပြုခဲ့သည့် စောင်နှင့်အခြားပစ္စည်းများကို ဆေးကြောသန့်စင်နေလေသည်။ ဦးအောင်သော် နီသော့်ကိစ္စအား စုံစမ်းနေသော ရှေ့နေဦးဇော်နှင့်ဖုန်းပြောနေလေသည်။
"မီမီ ကိုတို့ သားကိုလာခိုးတဲ့သူကိုသိရပြီတဲ့၊ ရဲစခန်းလာမှာရောက်နေပြီတဲ့ "
"မီတို့သွားရအောင်လေ သားကို ဆွေသိန်းတို့နဲ့ခဏထားခဲ့လိုက်မယ်"
နီသော့်နှင့်မေ နီသော်ကိုဘေးခြံမှ ဒေါ်ဆွေသိန်းတို့ထဲအပ်ခဲ့ကာ ရဲစခန်းသို့ထွက်သွားလေသည်။ ဦးအောင်သော်တို့ ထွက်သွားပြီးနောက် ဒေါ်ဆွေသိန်းသည် တဝါးဝါး တဟားဟား နဲ့ရယ်နေလေသည်။ မျက်နှာပိုးသတ်ကာ ဦးထော်မိုးအားဖုန်းဆက်ကာ နီသော့်အဖေနှင်အမေနေအိမ်မှ ထွက်သွားပြီဖြစ်ကြောင်း ဖုန်းဆက်ကာ သူတို့အစီအစဉ်တိုင်းလုပ်ရန် ပြောလေသည်။
.................
နီသော်သည် သူရိန်လင်း၏အိမ်တွင်နေသည်မှာ တစ်လခန့်ပင်ရှိပြီ ဖြစ်သည်။ နီသော်သည်လည်း အရင်လက သက်ဝေမိတ်ဆက်ပေးထားသော ကုမ္ပဏီကိုသွားပြီး အင်တာဗျုးဖြေကာ အလုပ်သွားသည်မှာ ရက်၂၀ခန့်ပင်ရှိချေပြီ။ သူရိန်လင်း နီသော်အား အိမ်မှာသာအေးဆေးနေရန် တားသော်လည်းမရပေ။ နောက်ပိုင်း နီ စိတ်ချမ်းသာစေရန်လွတ်ထားပေးသည်။ တစ်နယ်တစ်ကျေးမှအငယ်နှစ်ယောက်နှင့်မိဘနှစ်ပါးအတွက် လက်ဖြန့်ကာမတောင်းချင်။ သူရိန်လင်းအဘွားကလည်း နီသော့်ကို သိပ်ကြည်တာမဟုတ်ပေ။
ယခု နီသော် အလုပ်လုပ်နေသောကုမ္ပဏီတွင် သူဌေးဖြစ်သူအား နီသော်အလုပ်လုပ်နေသည့်တစ်လျှောက် မမြင်ဖူးသေးပေ။ သူဌေးတွင် နိုင်ငံခြားရုံးခွဲများရှိသည်ဟု မန်နေဂျာအစ်မပြောသံတော့ ကြားဖူးသည်။
'မဖြစ်နိုင်တာ ကိုလင်းကသူနဲ့တစ်ချိန်လုံးရှိနေတဲ့သူပဲ'
မနေ့ကအလုပ်မပြန်ခင် 'မနက်ဖြန်CEOကုမ္ပဏီလာမယ်'ဟု ကုမ္ပဏီCEOရဲ့အတွင်းရေးမှူးကိုဝင်းသူ အပြေးအလွှားပင်လာပြောသောကြောင့် စောစောသွားရန်ပြင်နေသည်။ ထို့နောက်မနက်ခင်းစာအတွက် ပြင်နေချိန်တွင် နီသော်၏ နောက်ကျောလေး နွေးထွေးသွားသလိုခံစားရသည်။ သူပြုံးမိသည်။ မနက်ခင်းစောစောထကာ သူရိန်လင်းနှင့်သူ့အတွက် မနက်စာလုပ်ကာ အလုပ်သွားသည်မှာ အမြဲပင်။
"နီ ဒီနေ့အလုပ်သွားတာစောလိုက်တာ...ရုံးကအချိန်ပိုတွေဆင်းခိုင်းနေတာလား"
မျက်ခုံးနှစ်ဖက်တွန့်ချိုးကာပြောလေသည်။
" မဟုတ်ပါဘူး...ဒီနေ့ကုမ္ပဏီကိုသူဌေးလာမှာတဲ့။နီအလုပ်စဝင်ကတည်းကမတွေ့ဖူးလို့ စောစောသွားစောင့်ရမယ်လေ မဟုတ်ရင်သူကအစောကြီးလာပြီး ကိုယ်ကနောက်ကျနေရင်သူ့မလေးစားရာကျမှာပေါ့ ကိုလင်းရ "
သူရိန်လင်း နီသော်၏ခါးကိုနောက်မှသိုင်းဖက်ထားပြီ ပုခုံးတွင်မေးစေ့တင်ကာ နီသော်၏ နားကိုခပ်ဖွဖွနမ်းနေသည်။ ထိုစဉ် နီသော့်ကိုယ်လေး အနည်းငယ်ယိုင်သွားသလိုခံစားလိုက်ရသည်။ သူရိန်လင်းနီသော့်မျက်နှာကို ကြည့်လိုက်သည်။ ရှုံ့မဲ့နေကာ ဗိုက်ကိုလက်နှင့်ဖိထားသည်။
"နီ ဘယ်နားနာလို့လဲ"
သူရိန် စိုးရိမ်တကြီးမေးကာ ပြနေကြမိသားစုဆရာဝန်ကိုဖုန်းဆက်ကာခေါ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူမေးဟန်ဖြင့်'ငါဟိုနေ့က နီသော့်အပေါ်တအားကြမ်းသွားလို့လား' မဆီမဆိုင်စဉ်းစားလိုက်ပြန်သေးသည်။
ခဏအကြာတွင်ဆရာဝန်ဦးမိုး ရာက်လာကာ နီသော့်လက်မှသွေးခုန်နှုန်းနှင့် အောင့်သောဗိုက်နေရာကို စမ်းသပ်လိုက်သည်။ ဆရာဝန်ဦးမိုးလက်မှ သွေးခုန်နှုန်းစမ်းသပ်ရာ မျက်လုံးပြူးလျက် ခေါင်းတစ်ချက်ရမ်းကာ သူစမ်းသပ်တာ မှားသည်အထင်ဖြင့်ထပ်ပြုသည်။
"မောင်သူရိန့်အမျိုးသားက မပေါ့မပါးဖြစ်နေတာပါ ကျန်တာဘာမှစိတ်ပူစရာမလိုပါဘူး "
ဆဝန်ဦးမိုးကတော့ ဤစကားကို ပေါ့ပေါ့ပါးပါး အံ့သြဟန်မရှိ ပြောလိုက်သည်။ ဆရာဝန်တွေက ဒီထက်ရှားပါးသည့် ကိစ္စအဖြစ်အပျက်တွေကိုတွေ့ဖူးနေကြဆိုတော့လည်း အဆန်းမဟုတ်။
"မပေါ့မပါးဖြစ်နေတာ"စကားကြောင့် သူရိန်လင်းသည် နီသော်ကိုတစ်လှည့်ဆရာဝန်ဦးမိုးအားတစ်လှည့်ကြည့်လိုက်သည်။ နီသော် သူ့မှာ အမျိုးသမီးများလို သားအိမ်ပါလာသည်ကို သိသော်ငြားလည်း ယခုလိုကလေးရမယ်လို့ အတွေးထဲမှာတောင်မတွေးမိချေ။ နီသော်၈တန်းအရွယ်မှာ သွေးအနည်းငယ်စဆင်းလာသည်။ လိပ်ခေါင်းဟုထင်ကာ ဆေးခန်းကိုသွားပြသေးသည်။ ရုတ်တရက်တော့ အံ့အားသင့်ကာ ဗိုက်ထဲတွင် သူရိန်လင်း၏ ကလေးလေးရှိနေသည်ဆိုသည့်အသိက စိတ်လှုပ်ရှားမိသည်။
"ဦးမိုး ပြန်ဦးမယ်"
ဆရာဝန်ဦးမိုးအား သူရိန်လင်းတံခါးနားအထိလိုက်ပို့ကာ နီသော့်ဆီကိုပြန်လာသည်။ မျက်နှာတွင်အံ့အားသင့်မှုတို့အထင်သားပင်။ မယုံကြည်နိုင်သေးပေ။
' ယောင်္ကျားတစ်ယောက်က ယခုလိုကိုယ်ဝန်ဆောင်နိုင်သည်တဲ့လား '
အခန်းထဲကို ဝင်လာပြီး မွေ့ယာပေါ်တွင်လှဲနေသောနီသော့် ဘေးတွင် တင်ပါးလွှဲထိုင်ကာ နီသော်၏ဗိုက်ကိုအသာယာ လက်သွယ်သွယ်တို့က ထိတွေ့စမ်းလေသည်။ နီသော်လည်းသူရိန်လင်း၏လက်ပေါ်ထပ်လေသည်။
"ကိုလင်း နီတောင်းပန်ပါတယ်နော်...နီ့ဆီမှာသားအိမ်ပါတဲ့ကိစ္စကို ကြိုမပြောမိလို့"
"ဟာ...နီကလည်းဘာတွေတွေးနေတာလည်း စိတ်ထဲမထားနဲ့၊ ဦးမိုးကမှာသွားတယ် နောက်တစ်ပတ်နေရင်သူ့ဆေးရုံမှာလာပြဖို့ အထရာဆောင်းရိုက်ရဦးမယ်တဲ့ "
ပြောသော်ငြားလည်း သူရိန်လင်းမျက်နှာတွင် အမည်မသိအရာတစ်ချို့ထင်ကျန်ဆဲ။
နီသော်သည်ရုံးနောက်ကျနေသည်ဟုဆိုကာ ကုထင်ပေါ်မှထရန်ပြင်နေသည်။သူရိန်သည် နီသော်ကိုဆွဲထားကာ မသွားခိုင်းပေ။
"ကိုလင်း လွတ်ဦးဗျ၊ ရုံးနောက်ကျတော့မယ်"
"ဗိုက်ကြီးနေတာကိုရုံးသွားမလို့လား၊ အားတွေသိပ်ရှိနေတယ်ပေါ့၊ဟင်း..အဲ့ကုမ္ပဏီကထွက်လိုက် ကိုယ်တစ်ယောက်လုံးရှိနေတာကို တစ်သက်လုံး စားမကုန်တဲ့စည်းစိမ်တွေရှိတယ်၊ အဲ့ကုမ္ပဏီကိုဒေဝါလီခံရအောက်လုပ်ပစ်လိုက်ရမလား"
သူရိန်လင်းအံကြိတ်ကာပြောနေသည်။
"ကိုလင်း!" နီသော်မျက်စောင်းထိုးကာကြည့်လိုက်သည်။
"သိတယ်...ကိုလင်းချမ်းသာမှန်းသိတယ် ဒါပေမယ့် အဖွားသောင်းကအခုထိ နီတို့ကိုလက်မခံသေးဘူးလေ။ အခုအိမ်မှာဘာအလုပ်မှမလုပ်ပဲ ကိုလင်းရှာသမျှထိုင်စားနေကြည့်ပါလား ပိုင်းလုံးကောင် ဆိုတဲ့အသံတွေကြားရလိမ့်မယ်။ အဲ့အခါ ကိုလင်းတို့မြေးအဖွား နီကြောင့် ကတောက်ကဆတ်ဖြစ်တာတွေ နီ မလိုချင်ဘူး "
"ကိုယ် သဘောကျတယ်လေ၊ ဘာတွေဂရုစိုက်နေရမှာတုန်း နီသော်ရဲ့"
သူရိန်လင်း နီသော်ကိုအော်ကာပြောလိုက်တော့သည်။ ' ဟုတ်တယ်လေ ... အကုန်လုံးကိုလိုက်ဂရုစိုက်နေရမှာတဲ့လား။ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ့်ယောင်္ကျားသုံးတာ ဘယ်သူ့မျက်နှာကြည့်နေရမှာလဲ။ ဘာမဟုတ်တာတွေဂရုစိုက်နေတဲ့ နီလေးကို အော်ပြောမိလိုက်သည်။ ဝမ်းနည်းရိပ်သမ်းသွားသောမျက်နှာကို မြင်လိုက်မိပေမယ့်မချော့မိ။'
နီသော် သူ့အားအော်ကာပြောပြီး စွဲဆောင်မှုညို့ချက်ပြင်းသော အကြည့်တွေနဲ့ ကြည့်နေသော သူရိန်လင်း၏ မျက်နှာကိုစေ့စေ့ကြည့်ကာ ဆက်ပြောသည်။
"ပြီးတော့ ..."
"ပြီးတော့ဘာဖြစ်လဲ"
နီသော်မပြောပဲရပ်နေသောကြောင့် ခပ်အေးအေးအသံက စိတ်မရှည်သလိုထွက်လာသည်။
" ကိုလင်းအရင်အကြောင်းတွေကို ပြန်သတိရရင် ခုနတုန်းကပြောတဲ့စကားလို ပြောပေးမှာပဲလား"
"နီဘာပဲဖြစ်ဖြစ်ကိုယ်ချစ်တာတော့ သိတယ်၊ ကျန်တာဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး ၊ အခုနီ့ဗိုက်ထဲက ကိုယ်တို့ကလေးလေး အကြောင်းပဲတွေးနေ၊ ကြားလား "
နီသော်ခေါင်းသာ ငြိမ့်ပြလိုက်သည်။ ထို့နောက်ရုံးသွားမယ့်ကိစ္စနဲ့ ရန်ဖြစ်တာကိုမမှတ်သေးတဲ့ နီသော်က ရုံးသွားရန်ထပ်ပြောလေသည်။ သူရိန်လင်း မနိုင်ဘူးဆိုသည့်ပုံစံနှင့် ဘာမှမပြောတော့ချေ။
"ခဏနေဦး အတူတူသွားမယ် ကိုယ်လည်းရုံးခွဲတစ်ခုဝင်စရာရှိတယ် "
"အင်း...နီအောက်ကစောင့်နေမယ်လေ ကိုလင်းဝတ်မယ့် အင်္ကျီထုတ်ထားတယ်နော် ။
သူရိန်လင်းခေါင်းငြိမ့်ပြပြီးနောက် အိမ်အပေါ်ထပ်တက်ကာ အင်္ကျီလဲသည်။ သူရိန်ဆင်းလာပြီး သူ၏ကား ငွေရောင်လေးကိုမောင်းကာ နီသော့်ကုမ္ပဏီကိုသွားလေသည်။
ဖိုမသဘာဝ ချစ်ကြိုးသွယ်နေကြ၏။ မူယာမြင့်ပိုင်စိုးကွယ်ရာတွင် ငယ်ချစ်ဦးနှင့် ဖောက်ပြန်နေလေသည်။
ထိုအဖြစ်ကို မှတ်တမ်းတင်ထားသော ဗီဒီယိုကို ဒေါ်သောင်းကြည့်မိကာ ဒေါသထွက် နေသည်။ မြေးဖြစ်သူ သူရိန်လင်းက ယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်လို့ စိတ်မချမ်းသာတာကတစ်ကြောင်း၊ ရှေးရိုးစွဲ အမျိုးသမီးပေမို့ တစ်လင်တစ်မယားစနစ်ကျင့်သုံးသူဖြစ်ကာ ထိုညစ်ညမ်းသည့်မှတ်တမ်းကြောင့် သွေးဆောင့်တက်လေသည်။
ဒေါ်မော်အေးသည် မူယာမြင့်ဖောက်ပြန်နေသည်ကိုသိသော်လည်း မပြောပေ။ ထွန်းဝင်းသည် သူဌေးတစ်ဦးပေမို့လား မသိချင်ယောင်ဆောင်နေသည်လားပင်။ ဒေါ်သောင်းစားမည့်အစားအစာထဲ အဆိပ်ပျော့အနည်းငယ်စီကျွေးနေသည်က နေ့စဉ်မပျက်ပေ။
သိသွားသောအိမ်အလုပ်သမားများကိုလည်း ငွေနှင့်ပေါက်ကာ အလုပ်ထုတ်မြဲဖြစ်သည်။
YOU ARE READING
LOVE BIRD (Completed)
Romance25.5.2020 စိတ်ကူးယဥ် Fictionဖြစ်လို့ fictionထဲပါအကြောင်းအရာများထဲ အမှားပါခဲ့ရင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်.... zawgyi code အဖွား၏စကားအရမဖြစ်မနေမိန်းကလေးတစ်ယောက်နှင့်လက်ထပ်ဖို့ဖြစ်လာတဲ့အခါ လက်ထပ်ပွဲနေ့မှာ အဲ့မိန်းကလေးရောက်မလာပဲ တခြားသူအစားထိ...