EP-15

7.5K 525 12
                                        

unicode....


ဦးထော်မိုးဆေးရုံမှဆင်းပြီနောက် လအတော်ကြာသည်ထိ အရက်မသောက်တော့ကာ ဒေါ်ဆွေသိန်းလည်း စိတ်ချမ်းသာနေသည်။



နီသော်ဆေးရုံမှ ပြန်လာပြီးတည်းက သူရိန်လင်း၏' တစ်ယောက်ထဲမနေရဲဘူး 'ဟူသော ပလီပလာ တီတီတာတာ စကားကြောင့် ကော့သောင်းသူဌေးရပ်ကွက်၌ ဝယ်ထားသောအိမ်တွင် အတူတူသွားနေ၏။ မွေးစားအမေဒေါ်ဆွေသိန်း နီသော်ဆီမှရပေါက်ရလမ်း ပိတ်မည်ကြောင့် သဘောမတူပေ။ သူရိန်လင်းမှ နီသော်ကိုယ်စားအိမ်စရိတ် ထောက်ပံ့မည်ဟုဆိုလိုက်မှ လျှောသွားသည်။ ကိစ္စတွေပြီးတော့ နီသော်အထင် သူရိန်လင်းကို ပိုက်ဆံရှိအထက်တန်းလွှာမိသားစုက လာသည်ဟု တစ်ယောက်တည်း ကောက်ချက်ချနေ၏။



နီသော်လည်းစက်လှေမောင်းသည့်အလုပ်က်ိုတော့လုပ်မြဲပင်ဖြစ်၏။ သူရိန် နီသော်လှေမောင်းသွားလျှင် တမျှော်မျှော်နဲ့သာ ပင်လယ်ပြင်ကိုသာကြည့်နေမြဲပင်ဖြစ်၏။ မသိရင်သူပုံစံက လင်ယောက်ျားပင်လယ်ပြင်မှာ ငါးဖမ်းထွက်ချိန် အိမ်သူသက်ထားက စိုးရိမ်တကြီးမျှော်နေသလိုပင်။ သူရိန်သူ့အတွေးနဲ့သူ သဘောကျနေ၏။ သူရိန် နီသော်ကိုတော့ ထိုအလုပ်မလုပ်စေချင်တော့ ။ သူရိန်လင်း ဆေးရုံကသူနာပြုနှင့်တွေ့ပြီးနောက် သူရှာနေသည့်ကလေးလေးသည် နီသော်ဆိုတာသေချာသလောက်ပင် သက်သေပြုကာ အတိုင်းမသိပျော်နေလေသည်။ နီသော်တော့ မသိသေးပေ။ သည်မြေမှ နီသော်က်ို ခေါ်သွားရန် လည်း စီစဥ်နေသည်။



မျက်နှာမအီမသာနှင့် နေရထိုင်ရ ညည်းစီစီဖြစ်နေပြီး အလုပ်သိမ်း အိမ်ဖို့ စျေးဝယ်ကာ အိမ်ပြန်တော့သည်။ လူတစ်ကိုယ်လုံး ရိုက်ချခံထားရသလိုဖြစ်နေပြီး ခန္ဓာကိုယ်ကမလှုပ်ချင်တော့။ အိမ်ရှေ့အရောက်တွင် သူရိန်လင်းကိုတွေ့ကာ ပြုံးပြရင်း လက်ထဲမှအထုပ်များကို မ,ပြလိုက်သည်။



"ဒီမှာ ကြည်ဥနဲ့ ရှုးရှဲလက်ဖက်ဝယ်လာတယ် ...ခါတိုင်းလိုပဲလုပ်စားရအောင်နော် "



နီသော်အပြောကို သူရိန်နားခေါင်းရှုံ့လျက် နီသော့်ခါးကို ဖက်ထားကာ နီသော့်အနောက်ဖက်ရေစိုကွက်လေးကိုမြင်လိုက်ရာ မသိလိုနေပြီ စကားဆိုလေသည်။

LOVE BIRD (Completed) Où les histoires vivent. Découvrez maintenant